By Popular Myanmar, Shweproperty.com
Updated at 20 March 2015
ရန်ကုန်သည် မြို့ကြီး ပြကြီးဟူသော အင်္ဂါနှင့် အညီ မြို့နယ်ရပ်ကွက် များအတွင်း နေ့ချင်းညချင်း ပေါ်လာသည်က ကန်ထရိုက်တိုက်များ ဖြစ်သည်။ မြေပိုင်အိမ်ပိုင်ရှိသူများက အလုအယက်ပင် ကန် ထရိုက်လက် အပ်ကြသည်။ အကယ်၍ ရန်ကုန်သို့ လအနည်းငယ်ခန့် မ ရောက်ဖြစ်ခဲ့ဘဲ ယခုမှ တစ်ကျော့ပြန်လာဖြစ်မည်ဆိုပါ က သင်ရောက်ဖူးသော မြို့နယ်ရပ်ကွက် များကို ရုတ် တရက်မှတ်မိမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် နေရာအနှံ့တွင် အထပ်မြင့် ကန်ထရိုက်တိုက်များ အ ဖြစ် ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ ထိုသို့များပြားလာခြင်း၏ နောက်ဆက်တွဲအဖြစ် ကန်ထရိုက်များမှ တိုက်ခန်းများအား လိမ်လည်ရောင်း ချသည့်ဖြစ်စဉ်များမှာလည်း အလွန်ပင်များပြားနေသည်။ လေးနှစ်ကျော်ကြာကွမ်းယာရောင်း၍ရရှိသော ငွေများဖြင့် အိမ်အသစ်တစ်လုံးဝယ်ယူလိုက်သည့် မကျော့ဆိုသည့် မုဆိုးမအမျိုးသမီးတစ်ဦးမှာ ၎င်း ဝယ်ယူထားသည့် တိုက်ခန်းပြီးစီး သည့်အချိန်မှသာ အဆိုပါ တိုက်ခန်းမှာ ဝယ်ယူထားသော ပိုင်ရှင်ရှိသည့်အတွက် လိမ်လည်ခံရသည်ကို သိရှိလိုက်ရ ကြောင်း ဝမ်းနည်းနေသည့်မျက်နှာဖြင့် ပြောသည်။ ”ကျွန်မကိုလိမ်ရောင်းသွားတဲ့ ကန်ထရိုက်က သူရောင်းပြီးသား တိုက်ခန်းတွေကို ကျွန်မကိုလက်ညှိုး ထိုးပြီးတော့ သူပိုင်ပါတယ်ဆိုပြီးတော့ ရောင်းတာ။ ကျွန်မက မုဆိုးမတစ်ယောက်ပါ။ ဒီလိုမျိုးမလုပ်သင့်ပါ ဘူး” ဟု လိမ်လည်ခံရသည့် မုဆိုးမတစ်ဦး ဖြစ်သူ မကျော့က မျက်ရည်များလည်ရင်း ပြောပြသည်။ အဆိုပါတိုက်ခန်းအားဝယ်ယူရန် ¤င်းအနေဖြင့် ကန်ထရိုက်အား ကျပ်သိန်း ၁၂ဝ ကြိုတင်ပေးခဲ့ရပြီး တိုက်ခန်းတစ်ခန်း ပိုင်နိုင်ပြီဟူသည့်စိတ်ဖြင့် အဆိုပါတိုက်ဆောက်လုပ်နေစဉ်တွင် နေ့တိုင်းလိုလို သွားကြည့် ဖြစ်ခဲ့သည်။”အလိမ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရတော့မှ ကျွန်မမှာ ငိုလိုက်ရတာ” ဟု ၎င်းက ဆက်ပြောသည်။ သူမအနေဖြင့် ရဲတိုင်ရန်အတွက် လိမ်လည်သွား သူအကြောင်း စုံစမ်းရာ လိမ်လည်သွားသူမှာ ပြန်ပေး ဆွဲခံရသလို ဖြစ်စဉ်မျိုးဖြစ်နေသည်ကို ကြားသိခဲ့ရသည်။”အဲဒီလိုကြားတော့ ကျွန်မမှာ ခြေမကိုင်မိလက်မ ကိုင်မိနဲ့ ဘာလုပ်လို့ လုပ်ရမှန်းကိုမသိဘူး” ဟု မကျော့ က ဆက်ပြောသည်။မကျော့ကဲ့သို့ ဖြစ်စဉ်မျိုးမှာ ရန်ကုန်တွင် ဤတစ် ခုတည်းမဟုတ်၊ ထိုကဲ့သို့ လိမ်လည်မှုများမှာ ရန်ကုန် တွင် ရာဂဏန်းမျှ ရှိနေသည်။ လိမ်လည်မှုများဖြစ်ပေါ်လာခြင်းမှာ တိုက်ခန်းအ ရောင်းအဝယ်အေး သွားသည့်အချိန်၊ ကြိုပွိုင့်ဝယ်ယူမှု နည်းသွားသည့်အချိန်၊ တိုက်ခန်းဝယ်ယူသူများအနေ ဖြင့်လည်း ၎င်းကျသင့်သည့် အရစ်ကျငွေကြေးအား မှန်မှန် မပေးနိုင်သည့်အခါမျိုးတွင် သက်ဆိုင်ရာကန် ထရိုက်တာအနေဖြင့် လုပ်ငန်းများဆက်လက်၍ လည် ပတ်ရန် ငွေကြေး အခက်အခဲရှိလာခြင်းကြောင့် အခန်း များပေါင်နှံ၍ အရောင်းစာချုပ်များ ချုပ်ဆိုရာမှ စတင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပေါ်ပေါက်ခြင်းလာသည်မှာ ယနေ့ခေတ် ထိတိုင် ပျောက်ပျယ် သွားခြင်းမရှိဘဲ ယနေ့အချိန်တွင် ပို၍ ခေတ်စားကာ လိုင်စင်မဲ့ကန်ထရိုက်များ အပါအ ဝင် လိုင်စင်ရကန်ထရိုက် လုပ်ငန်းရှင်ကြီးများကပါ ပါဝင် လိမ်လည်မှုများ ရှိလာသည်။ ရန်ကုန်တွင် အိမ်၊ခြံ၊မြေဈေးကွက်များ မြင့်တက် လာသည်နှင့်အမျှ လုံးချင်းအိမ်များ၊ မြေကွက်များ၊ ခြံ ကွက်များ ပိုင်ဆိုင်ထားသူအများစုမှ ကန်ထရိုက်တိုက် များ ဆောက်လုပ်မှု များလာခဲ့ခြင်းဖြစ်သည်။ ပွေလိမ်ရှုပ်သည့် ကန်ထရိုက်လောက လက်ရှိတွင်တိုက်ခန်းဝယ်သူများမှာကန်ထရိုက်များ၏ လိမ်လည်ခြင်းကို ခံရမှုများမှာ အလွန်ပင် ပေါ များလာသည်။ အနီးစပ်ဆုံးကြည့်ဆိုပါလျှင် ရန်ကုန် မြို့ရှိ နာမည်ကြီး ကန်ထရိုက်လုပ်ငန်းရှင်များပင် လိမ် လည်ခြင်းများ ရှိနေသည်။ ယခုနှစ် နှစ်ဆန်းပိုင်းကပင် အလွန်တရာ ထင် ပေါ်ကျော်ကြားခဲ့သော Father Land ဆောက်လုပ် ရေးမှ ပိုင်ရှင် ဦးကျော်မြင့်မှာ ကျပ်သိန်းပေါင်းသောင်း နှင့်ချီ၍ လိမ်လည်သွားမှုများ ဖြစ်ပွားခဲ့သည်။ ¤င်းထံမှ ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းနှစ်ခန်းကို ကျပ် သိန်း ၃၄ဝဝဖြင့် ဝယ်ယူထားသူတစ်ဦးမှ တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး ၎င်းအား Father Land ဆောက်လုပ်ရေး ကုမ္ပဏီထံမှ ဝယ်ယူထားသော အဆိုပါ တိုက်ခန်းနှစ် ခန်းအား ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ဝယ်ယူ ထားသူထံ အခန်းအပ်ရန် သတ်မှတ်ထားခဲ့သော် လည်း ဦးကျော်မြင့်ဘက်မှ ယင်းတိုက်ခန်းကို အခြား သူတစ်ဦးထံသို့ ရောင်းလိုက်ကြောင်း ပြောကြားခဲ့သော ကြောင့်တိုက်ခန်းဝယ်ယူထားသူတစ်ဦးမှ ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရဲစခန်း တွင် လာရောက်အမှုဖွင့် တိုင်ကြားထားကြောင်း သိရ သည်။ ထိုသို့တိုင်ကြားထားသောကြောင့် Father Land ဆောက်လုပ်ရေး ပိုင်ရှင်ဦးကျော်မြင့်မှာ ထွက် ပြေးတိမ်းရှောင်နေသည်ဟူသည့် သတင်းများမှာလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါအကြောင်းအရာနှင့်အလားတူ ဖြစ်ရပ်မျိုးများမှာ ကန်ထရိုက်ငယ်များတွင် လည်း ရှိသည်။ ”ကျွန်တော်ရှိစုမဲ့စုလေးနဲ့ဝယ်ထားတာ သာကေတ မှာ တိုက်ခန်းတစ်ခန်း၊ ဆောက်တဲ့ကန်ထရိုက်ကလည်း ကျွန်တော်နဲ့ သိခဲ့ဖူးတဲ့ လူတစ်ယောက်ဆိုတော့ သူက ဒါသူဆောက်ထားတာဆိုပြီး စာရွက်စာတမ်းသက်သေ အထောက်အထားတွေ ပြတယ်။ ပြီးတော့ သူက လက် ညှိုးထိုးပြီးတော့ တိုက်ခန်းတွေကို ပြတယ်။ ကျွန်တော် က ယုံပြီးတစ်ခန်းဝယ်လိုက်တယ်။ ပြီးတော့မှ သိရတာ သူရောင်းပြီးသား တိုက်ခန်းဖြစ်မှန်း၊ သိတဲ့အချိန်မှာ သူကထွက်ပြေးသွားပြီလေ” ဟု သင်္ဃန်းကျွန်းမြို့နယ် တွင် နေထိုင်သူ ဦးခင်မောင်လှက ပြောသည်။ အလားတူအချို့သော ကန်ထရိုက်လုပ်ငန်းရှင်များ သည် ကန်ထရိုက် တိုက်ဆောက်လုပ်ရန် ရှယ်ယာသ ဘောမျိုးဖြင့် ငွေကြေးထည့်ခိုင်းပြီး အဆိုပါတိုက် ဆောက်လုပ်ပြီးသောအခါ ရရှိမည့်အကျိုးအမြတ်များ အား တစ်ဝက်စီခွဲယူမည်ဟုဆိုကာ လိမ်လည်မှုများလည်း ရှိသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍လိမ်လည်ခံရသူ ဦးကြည်ဝင်းက ”အခုခေတ်က ကန် ထရိုက်ခေတ်လေ။ အဲ့ဒီတော့ကျွန်တော့် သူငယ်ချင်း ကန်ထရိုက်တစ်ခုကနေ ရှယ်ယာခေါ်လို့သိန်းသုံး ရာလောက်ရှယ် ယာထည့်လိုက်တယ်။တိုက်လည်းပြီး ရော ကျွန်တော်ရှယ်ယာရမယ့် အခန်းတွေကို ကန်ထ ရိုက်ကရောင်းစားပြီးနေပြီ။ ပြီးတော့ သူက ထွက်ပြေး နေတယ်။ ဘယ်မှာရှာလို့ရှာရမလဲမသိဘူး” ဟုပြောသည်။ထိုသို့ဖြစ်ပေါ်မှုများတွင်ဝယ်ယူသူများဘက်မှ လည်း ကန်ထရိုက်များ၏ ပြောစကားကို အယုံလွယ် ခြင်း၊ အလွယ်တကူအရပ်ဘက်စာချုပ်များဖြင့် စာချုပ် ချုပ်ဆိုခြင်း အစရှိသည့် ပေါ့ဆသည့် ကိစ္စရပ်များ ကြောင့်လည်း ကန်ထရိုက်များမှာ အလွယ်တကူလိမ်လည်နိုင်ခြင်းဖြစ်သည် အဆိုပါလိမ်လည်မှုများအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာ (အ ဆောက်အအုံ)ဌာနမှ တာဝန်ရှိသူတစ်ဦးက ”ကျွန် တော်တို့ဆီ ရောက်လာတဲ့တိုင်စာတွေထဲမှာ ကန်ထ ရိုက်ငယ်တွေက လိမ်လည်လို့ လာတိုင်တဲ့ တိုင်စာက နည်းတယ် Father Land တိုင်တဲ့တိုင်စာတွေက တော့အများကြီးပါပဲ” ဟု ပြောသည်။ ထိုသို့ကန်ထရိုက်ကြီးများပါ လိမ်လည်လာသည် ဟူသည့် သတင်းကြောင့် တိုက်ဆောက်လုပ်ရာတွင် အသုံးပြုသည့် အုတ်၊ သဲ၊ ကျောက်လုပ်ငန်းရှင် များထံ တွင် အရစ်ကျပေးချေခြင်း၊ အကြွေးပေးရသည့်စနစ် ဖြင့်ဝယ်ယူ၍ ရသော်လည်း ယခုအခါ ၤ Father Land ကုမ္ပဏီ၏ လိမ်လည်မှု ကိစ္စပေါ်ပေါက်လာသည့်နှင့် တစ်ပြိုင်နက် အုတ်၊ သဲ၊ ကျောက်လုပ်ငန်းရှင် များမှာ ကန်ထရိုက်များသို့ အရစ်ကျစနစ်ဖြင့်လည်းကောင်း၊ အကြွေးစနစ်ဖြင့်လည်းကောင်း ရောင်းချခြင်းနည်းပါး သွားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။ ကန်ထရိုက်တိုက်များဆောက်လုပ်ခြင်းအကြောင်း ရန်ကုန်တွင် အိမ်ခြံမြေဈေးကွက်မှာ မြင့်မားလာ သောကြောင့် ဝင်ငွေတိုးချင်သည့် လူများ၊ မိသားစု အမွေခွဲသည့်ကိစ္စဖြင့်လည်းကောင်း၊ အမြတ်အစွန်းရ ချင်၍လည်းကောင်း စသည့်အကြောင်းတို့ကြောင့် ကန်ထရိုက်တိုက်များမှာ ဆောက်လုပ်ခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်ခန်းများ၏ဈေးနှုန်း များမှာလည်း မြင့်မားပြီး နေရာ၊ အကျယ်အဝန်းနှင့် မြို့နယ်အလိုက် ကွာခြားပြီး ရန်ကုန်မြို့လယ်ကောင် ရှိ တိုက်ခန်းများ၏ဈေးများမှာ သိန်း နှစ်ထောင်၊ သုံး ထောင်ကျော်အထိ တိုက်ခန်းများလည်းရှိသည်။ဤ အရာများမှာ ကွန်ဒိုတိုက်ခန်းများမဟုတ် ရိုးရိုးတိုက် ခန်းများပင် ဖြစ်သည်။ ထိုသို့ဈေးကွက်များ မြင့်တက်နေသည့်အတွက် ကြောင့် ငွေကြေးအဆင်ပြေသူများမှာ အိမ်ခန်းများ ဝယ်ယူ၍ အဆိုပါ အိမ်ခန်းများအား ငှားရမ်းခြင်း၊ တိုက်ခန်း၏ တန်ဖိုးမှာလည်းကျဆင်းခြင်း မရှိ၊ အချိန် နှင့်အမျှ မြင့်တက်နေခြင်းကြောင့် တိုက်ခန်းရောင်းဝယ်ရေးလုပ်သူများလည်း ရှိသည်။ လိမ်လည်ခံရပါက တိုင်ကြားနိုင် ကန်ထရိုက်တစ်ခုမှ လိမ်လည်၍အခန်းတစ်ခန်း ကို ဝယ်ယူသူနှစ်ဦးသုံးဦးသို့ရောင်းချထားသည့်ကိစ္စ ရပ်များလည်း ရှိသည်ဟု သိရသည်။”ဒီလိုကိစ္စမျိုးဖြစ်လာရင်တော့ အခန်းပိုင်ဆိုင်မှု ကို တရားရုံးရဲ့အဆုံးအဖြတ်ကိုသာခံယူရမှာဖြစ်ပြီး သက်ဆိုင်ရာစည်ပင်အနေနဲ့ကတော့ အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်မပါဘဲ နေထိုင်ရင်တော့ တရားစွဲအရေးယူသွားမှာပါ” ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အ ဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ကြုံတွေ့ရပါကပိုင်ဆိုင်ကြောင်းအထောက် အထားနှင့် တရားရုံးသို့ဦးတိုက်လျှောက်ထား၍ တိုင် ကြားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ တရားရုံး ၌ တိုင်ကြားလာသည့် တိုင်စာများအပေါ် တရားသူကြီး မှ အဆိုပါတိုက်ခန်းအား မည်သူက ပိုင်ဆိုင်သင့်သည် ကိုဆုံးဖြတ်ပေးကြောင်းသိရသည်။ ကန်ထရိုက်တိုက် ဆောက်လုပ်ရာတွင် သတိပြုသင့်သည့် အချက်များ ကန်ထရိုက်တိုက်များဆောက်လုပ်ရာတွင် ခွင့်ပြု ချက်ရှိသောတိုက်နှင့် ခွင့်ပြုချက်မဲ့ဆောက်လုပ်ထား သော တိုက်ဟူ၍ နှစ်မျိုးရှိသည်။ ခွင့်ပြုချက်ဆိုသည်မှာ တိုက်တစ်တိုက်ဆောက် လုပ်မည်ဆိုပါက ထိုသို့ဆောက်လုပ်ရန် တာဝန်ယူထား သော ကန်ထရိုက်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာ အဆောက်အအုံနှင့် အင်ဂျင်နီယာဌာနတွင် ခွင့်ပြု ချက် လျှောက်ထားရသည်။ ထိုသို့လျှောက်ထားရာ တွင်လည်း မိမိဆောက်လုပ်မည့်တိုက်ခန်း၏ ဖွဲ့စည်း တည်ဆောက်ပုံ၊ အဆိုပါတိုက် ဆောက်လုပ်ရာတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဥပမာ(တိုက်ဆောက်လုပ်ရာ တွင် အသုံးပြုသည့် သံချောင်း၊ ဘိလပ်မြေထု) စသည့် တို့ကို ရေးဆွဲ ထားသောပုံစံဖြင့် တတ်သိနားလည်သော အင်ဂျင်နီယာမှ ဒီဇိုင်းရေးဆွဲ၍ ရန်ကုန်မြို့တော်စည် ပင်သာယာ အဆောက်အအုံနှင့် အင်ဂျင်နီယာဌာန သို့ တင်ပြ၍ ခွင့်ပြုချက်လျှောက်ထားရသည်။ ထို့ပြင် မိမိဆောက်လုပ်မည့် အဆောက်အအုံ တစ်လုံးချင်းအလိုက် အာမခံ စပေါ်ပေးသွင်းကာ ဆောက်လုပ်ရသည်။ ထိုသို့ ပေးသွင်းရာတွင် လေး ထပ်အောက် အဆောက်အအုံတစ်လုံးအား သိန်းသုံး ဆယ်ပေးသွင်းရပြီး လေးထပ်နှင့်အထက်အဆောက်အအုံတစ်လုံးအား သိန်းငါးဆယ် ကျပ်စပေါ်ပေးသွင်းရ သည်။ ထိုသို့ မလုပ်ချင်သောကန်ထရိုက်များအနေဖြင့်မြေရှင်အား ”တိုက်ခန်းများများ ပေးမယ်၊ ခွင့်ပြုချက် မလျှောက်နဲ့၊ ဒီအတိုင်းဆောက်မယ်၊ ဘာမှမဖြစ်ဘူး” ဟု ပြောကာ ဆောက်လုပ်သော ကန်ထရိုက်များလည်း ရှိသည်။ အဆိုပါကန်ထရိုက်များမှာတရားဝင်လုပ်ငန်း လိုင်စင်ရယူထားသော ကန်ထရိုက်များမဟုတ်ဘဲ လိုင် စင် မရှိသော ကန်ထရိုက်များသာ ဖြစ်သည်။ အဆိုပါအကြောင်းအရာအား ယုံကြည်၍မိမိပိုက် ဆံများများရမည်ဟူသည့် လောဘဖြင့်တိုက်ဆောက် လုပ်စေပြီး သက်ဆိုင်ရာစည်ပင်သာယာဌာနမှ အရေး ယူသောကြောင့် တိုက်ခန်းများဆုံးရှုံး၍ ဒုက္ခရောက် သူများမှာလည်း မနည်းပေ။ ထို့ပြင်ကန်ထရိုက်တိုက် ဆောက်မည်ဆိုပါက မြေပိုင်ဆိုင်မှုအထောက် အထား၊ လိုင်စင်ရ အင်ဂျင်နီယာရေးဆွဲသည့် အဆိုပြုပုံစံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဘေးပတ်ဝန်းကျင်အိမ်များ၏ သဘောတူလက်မှတ်များ ပါရှိမှသာခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။ သက်ဆိုင်ရာစည်ပင်၏ အခန်းကဏ္ဍ ထိုသို့ လိမ်လည်မှုများ လျော့ကျစေရန်နှင့် ဝယ် ယူသူများအား ငဲ့ညှာသည့် အနေဖြင့် သက်ဆိုင်ရာ ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာ (အဆောက်အအုံ)ဌာနမှ ခွင့်ပြုချက်မဲ့အဆောက် အအုံများအား ခွင့်ပြုချက် ပြန်လည်လျှောက်ထားပြီး ပြန်လည်ခွင့်ပြုမှုများ ပြုလုပ်ပေး လျက်ရှိသည်။ ခွင့်ပြုချက်မရှိဘဲဆောက်လုပ်သည့်ကန်ထရိုက် များနှင့် ၎င်းတို့ ဆောက်လုပ်ဆဲဖြစ်သောတိုက်များအား ရပ်ဆိုင်းထားရန် အရေးယူမှုများ ပြုလုပ်ထားပြီး ယခု အခါတွင် အဆိုပါကန်ထရိုက်တိုက်များ၏ဆောက်လုပ် ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အ တွက် စီမံချက်အနေဖြင့် ဒဏ်ကြေးများသတ်မှတ်ကာ တရားဝင်ဆောက်လုပ်ခွင့်များအား ပြန်လည်ပြုလုပ် ပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံနှင့် အင်ဂျင်နီယာဌာနမှ) မှအဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။ ထိုသို့ပြုလုပ်ပေးခြင်း မှာလည်းသက်ဆိုင် ရာစည်ပင်ဌာန၏ ခွင့်ပြုချက်မရှိဘဲနှင့်ဆောက်လုပ် ၍ အရေးယူထားသည့်ကန်ထရိုက်တိုက်များတွင် အ ချို့သော မြေပိုင်ရှင်များမှာ ခွင့်ပြုချက်မရှိဘဲဆောက် လုပ်ခွင့်ရှိသည်၊ မရှိသည်ဆိုသည်ကို နားမလည်၍ ကန်ထရိုက်များနှင့် အကျိုးတူဆောက်လုပ်ကြကြောင်း၊ ထို့ကြောင့် အဆိုပါမြေရှင်များအား ငဲ့ညှာခြင်းကြောင့် တိုက်ဆောက်လုပ်ရန် အထောက်အထားအပြည့်အစုံ နှင့် ပြန်လည်လျှောက်ထားပါက ဒဏ်ငွေရိုက်၍ ပြန် လည် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
Ref : Popular Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties