By The Union Daily, Shweproperty.com
Updated at 7 April 2015
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး ကွက်သည် အငှားလုပ်ငန်းအများစု သာလုပ်ငန်းသွက်နေပြီး အခြား ရင်းနှီးမြှုပ်နှံမှုများမှာ အလုံးအရင်း ဖြင့် ဆောင်ရွက်ခြင်းမရှိဘဲ စောင့် ကြည့်လေ့လာနေဆဲအနေအထားသို့ ရောက်ရှိနေကြောင်း အိမ်ခြံမြေ ဈေးကွက်ကျွမ်းကျင်သူများကသုံး သပ်သည်။ အစိုးရလစာတိုးမြှင့်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာကျပ်ငွေဖောင်းပွမှုအန္တရာယ် တို့ကို အစီရင်ခံစာများတွင် ထည့် သွင်းဖော်ပြနေသောကြောင့် ရင်း နှီးမြှုပ်နှံမှုများ တုံ့ဆိုင်းနေသည်ဟု ဆိုသည်။ ''အိမ်ခြံမြေဈေးက တန့်နေတဲ့ သဘောပါ။ ဆောက်လုပ်ရေးပိုင်း တွေကလဲ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စား ပေမယ့် နိုင်ငံရေးနဲ့စီးပွားရေးအနေ အထားကို စောင့်ကြည့်နေတဲ့သဘော ပါပဲ''ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင် ဦးသန်းဦးက ပြော သည်။ ဈေးကွက်အတွင်း အရောင်း အဝယ်ရပ်တန့်နေပြီး ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် ဈေးနှုန်းဖွင့် လှစ်ရောင်းချနေသောကြောင့် အငှားဈေးကွက်သာ ကြီးစိုးနေ ကြောင်း သိရသည်။ နှစ်သစ်ကူးသင်္ကြန်ကာလနီး ကပ်လာပြီဖြစ်သောကြောင့် အိမ်ခြံ မြေအငှားဈေးကွက် အောင်မြင် လျက်ရှိရာ အိမ်ရာအပြောင်းအရွှေ့ များကြောင့် မိသားစုအများအပြား မှာ အိမ်ငှားရမ်းမှုမြင့်တက်လျက်ရှိ ကြောင်း သိရသည်။ ငွေကြေးဖောင်းပွမှုအန္တရာယ် ဖြစ်ပေါ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုး တိုးတက်မှုဘဏ် ADB ကခန့်မှန်း ထားသောကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် တုံ့ဆိုင်းလျက်ရှိကြောင်း သိရသည်။ ငွေကြေးဈေးကွက် အတွင်း ဈေးကစားမှုများကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာ ကြောင်းနှင့် ငွေကြေးဖောင်းပွမှုကို ဗဟိုဘဏ်က မည်သို့ထိန်းချုပ်မည့် စနစ်ပေါ်မူတည်နေကြောင်း အိမ်ခြံ မြေဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်း ပြီး ငွေကြေးဖောင်းပွမှုဆက်လက် မြင့်တက်လာပါက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွင် ပိုမိုဝင်ရောက် လာနိုင်သောကြောင့် အိမ်ခြံမြေ လုပ်ငန်းရှင်များက စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။
Ref : The Union Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties