By The Trade Times, Shweproperty.com
Updated at 9 June 2015
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီပိုင် လမ်းများ၊ မြေကွက်လွတ်များပေါ်တွင် ကျူး ကျော်နေထိုင်သူများ တစ်စတစ်စ များပြားလာသည့်အတွက် ကြိုတင် သတိပေးစာများ ပေးပို့ကာ တရား စွဲဆို ဖယ်ရှားသွားရန် စီစဉ်လျက်ရှိ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီထံမှ သတင်းရရှိ သည်။
”ကျူးကျော်တွေကို ဖယ်ဖို့ အတွက် နို့တစ်ထုတ်ပြီး တရားစွဲတာ တွေ လုပ်နေပါတယ်။ မိုးတွင်း ရေစီး ရေလာကောင်းဖို့အတွက်လည်း ဒီဟာတွေက ခံနေလို့ လုပ်လို့မရတာ တွေ ရှိပါတယ်။ နို့တစ်ကို တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံကြိမ်ပို့ပြီး တရားစွဲလို့ ရတာနဲ့ သက်ဆိုင်ရာတရားရေးဌာန ရဲ့သဘောထား မှတ်ချက်နဲ့ ဖယ်ပေး ဖို့အတွက် နို့တစ်စာပို့ပြီး အကြောင်း ကြားပါတယ်။ နို့တစ်စာ သုံးကြိမ်တိတိ ပို့လို့မှ မဖယ်ရင်တော့ တရားစွဲ ဆိုပြီး ဖယ်ရှားမှာပါ”ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီ အရှေ့ပိုင်းခရိုင်မှ တတ်သိပညာ ရှင် ဒေါက်တာစိုးထွန်းက ဇွန်လ ၁ ရက်တွင် The Trade Times ကို ပြောသည်။
ကော်မတီပိုင်လမ်းမများပေါ် တွင် ဈေးဆိုင်များ စတင်ဖွင့်လှစ်ပြီး နောက်ပိုင်း၌ လူနေထိုင်မှုများမှာ တဖြည်းဖြည်း များပြားလာသည့် အတွက် ရပ်ကွက်နေပြည်သူများ အကြားတွင် မီးရေးထင်းရေးမှ အစ လူနေမှု ပြဿနာများပါ အများအပြား ဖြစ်ပွားလျက် ရှိကြသည်။
စည်ပင်ပိုင်လမ်းများ၊ မြေကွက် လွတ်များပေါ်တွင် ကျူးကျော်တဲများ ထိုးကာ နေထိုင်ကြရာ၌ မြို့တွင်း မြို့နယ်များထက် မြို့သစ်များနှင့် စက်မှုဇုန် အနီးတစ်ဝိုက်ရှိ မြေကွက် လွတ်များပေါ်တွင် နေထိုင်မှု ပိုမို များပြားပြီး ပြန်လည်ဖယ်ရှားရန်လည်း အခက်အခဲများ ရှိကြောင်း သိရ သည်။
ယင်းသို့ ကျူးကျော်နေထိုင်သူ များ အများအပြား ပေါ်ထွက်လာ ရခြင်းမှာ အိမ်ငှားရမ်းခ နှုန်းထား ကြီးမြင့်ခြင်းကြောင့် အိမ်ငှားရမ်းရန် မတတ်နိုင်သည့် ဝင်ငွေနည်း မိသားစု များအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ အများ ပိုင် မြေကွက်လွတ်များပေါ်တွင် အဆင်ပြေသလို နေရာယူ တည် ဆောက်လာကြသည့်အတွက် ကျူး ကျော်နေထိုင်သူများ များပြားလာ ရခြင်းဖြစ်သည်။
”ကျွန်မတို့ အိမ်ခေါင်းရင်းက မြေကွက်လွတ်မှာ ကျူးကျော်အိမ် သုံးအိမ် ဆောက်ပြီးပြီ။ အဲဒါကို နောက်ထပ် လာဆောက်ဖို့ လုပ်နေ ကြလို့ ရပ်ကွက်က ကန့်ကွက်လိုက် တော့ လွတ်နေတဲ့ တခြားနေရာကို ပြောင်းဆောက်ကြတယ်။ အုပ်ချုပ် ရေးအဖွဲ့က ခွင့်ပြုလို့ တဲဆောက်တဲ့ လူတွေက လာတယ်လို့ ပြောပေမယ့် ရပ်ကွက်က အဲဒီလူတွေပါ ခေါ်ဆို တော့ သူတို့ပေါ်မလာတော့ဘူး”ဟု ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် (၁၃) ရပ်ကွက်နေ ဒေါ်နီလာသိန်းက ပြော သည်။
၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ ၆ ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ အပိုဒ် ၂၈၊ ပုဒ်မခွဲ (ဆ) အရ အဆောက်အအုံများကို ဖယ်ရှား ရှင်းလင်းပေးရန် သတ်မှတ်ထား သည့် နောက်ဆုံးနေ့အထိ ဖယ်ရှား ခြင်း မပြုပါက အနီးကပ်ဆုံး အစိုးရ အဖွဲ့သို့ တင်ပြပြီး ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအတွက် လုံခြုံရေးနှင့် အခြားလိုအပ်သော အကူအညီများ ကို တောင်းခံရမည်အပြင် အဆိုပါ ဖျက်သိမ်းရှင်းလင်းရေး အဖွဲ့အနေ ဖြင့် ဖျက်သိမ်းရှင်းလင်းမည့် မြေ နေရာသို့ သွားရောက်ပြီး အဆောက် အအုံအတွင်းရှိ ပစ္စည်းများကိုပါ တစ်ပါတည်း သယ်ဆောင် ထွက်ခွာ ဖယ်ရှားရန် အချိန်သတ်မှတ်ပြီး အသံ ချဲ့စက်ဖြင့် သုံးကြိမ်သတိပေး နှိုးဆော် ရမည်။ ပစ္စည်းများကို တစ်ပါတည်း ယူဆောင်သွားခြင်း မရှိပါကလည်း ပစ္စည်းများအရေးနှင့် စပ်လျဉ်းပြီး ဖျက်သိမ်းရှင်းလင်းရေးအဖွဲ့တွင် တာဝန် မရှိစေရဟု အတိအလင်း ရေးသားဖော်ပြထားသည်။
”ကျူးတွေကို မလွယ်လည်း ရှင်းရမှာပဲ။ အခု မရှင်းနိုင်ရင်လည်း လမ်းတွေ ချဲ့ရင် ရှင်းရမှာပဲ။ သူတို့ ကိုလည်း တရားဝင် နေခွင့်မပေး ထားဘူး။ ရပ်ကွက်က တိုင်ရင်လည်း အရေးယူပေးလို့ ရပါတယ်။ ရှင်းမှာ ပါ။ EO ရုံးတွေက လုပ်မှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန လမ်း နှင့်တံတားဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties