By The Modern Weekly, Shweproperty.com
Updated at 8 May 2015
ဂရန်အိမ်ခြံမြေ ရောင်းကြဝယ်ကြတဲ့အခါမှာ ဂရန်ရဲ့သက်တမ်းက ကုန်နေပြီဆိုရင် ပိုင်ဆိုင်ခွင့်မရှိတော့ပဲ အသိမ်းခံရမှာမို့ သတိပြုသင့်တယ်လို့ သိရပါတယ်။
မြေပိုင်ဆိုင်မှု အမျိုးအစားမှာ ဂရန်၊ ပါမစ် နဲ့ ဘိုးဘွားပိုင် ဆိုပြီး ရှိပါတယ်။ ဂရန်အမျိုးအစားက အစိုးရကနေ အငှားချထားတာ ဖြစ်ပါတယ်။
ဂရန်မှာ သက်တမ်းရှိတာကြောင့် သက်တမ်းကုန်နေတာတွေကို မသိပဲ ရောင်းကြဝယ်ကြတာတွေက တရားမဝင်ဘူးလို့ သိရပါတယ်။
ကိုယ့်လက်ထဲမှာရှိတဲ့ ဂရန်ကို သက်တမ်းဘယ်တော့ ကုန်မှာဆိုတာမသိပဲ ကိုင်ထားကြတာတွေရှိတယ်။ အကျိုးဆောင်ရှေ့နေ ဦးမောင်မောင်က “ဂရန်က သက်တမ်းကုန်တာနဲ့ မတိုးဘူးဆိုရင် အစိုးရက နို့တစ်စာ ထုတ်စရာမလိုဘဲ သိမ်းခွင့်ရှိတယ်၊ သက်တမ်းပြည့်တာနဲ့ မပိုင်တော့ဘူး “လို့ ရှင်းပြထားပါတယ်။
ဂရန်သက်တမ်းတိုးတဲ့အခါ အမည်ပေါက်က သေဆုံးပြီးဖြစ်ရင် အမွေဆက်ခံသူအစုံက သဘောတူညီမှု ပါရပါမယ်။ အမှုဖြစ်ပွားနေတဲ့အခါမှာ သက်တမ်းမတိုးဖြစ်ရင် အမှုပြီးမှ သက်တမ်းတိုးရင် တိုးခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဂရန်သက်တမ်းတိုးမယ်ဆိုရင်
သက်တမ်းကုန်ဆုံးတဲ့ မြေငှားစာချုပ်ကို လျှောက်မယ်ဆိုရင် အမည်ပေါက် ဒါမှမဟုတ် မှတ်ပုံတင်စာချုပ်အဆင့်ဆင့်နဲ့ ဝယ်ယူထားတဲ့ နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနဲ့ ဆိုင်တဲ့ တရားရုံးစီရင်ချက်နဲ့ ဒီဂရီရယူထားသူတွေကသာ လျှောက်ထားခွင့်ရှိပါတယ်။
သတ်မှတ်ထားတဲ့ ပုံစံနဲ့အတူ နိုင်ငံသားစိစစ်ရေးကဒ်၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေ၊ နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ တင်ပေးရပါမယ်။ ဌာနက စိစစ်တာမှန်ကန်မှုရှိပြီး ကန့်ကွက်မှုမရှိရင် ကော်မတီရဲ့အတည်ပြုချက် ရယူရမယ်။ အတည်ပြုချက်ယူပြီးရင် သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ ပေးသွင်းပြီး မြေငှားဂရန်ထုတ်ပေးမှာ ဖြစ်ပါတယ်။
မူရင်းဆွဲ ဂရန်နှစ်ဆောင်ကိုု ဌာနမှ မှတ်တမ်းအဖြစ် ထားရှိမှာပါ။ သက်တမ်းကုန်ဆုံးတဲ့ ဂရန်ကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။
Ref : The Modern Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties