By The Kumudra, Shweproperty.com
Updated at 28 April 2016
သင်္ကြန်အပြီး အိမ်ခြံမြေဈေးကွက်က အပြောင်းအလဲသိပ်မရှိပေမဲ့ မှုဝါဒအပြောင်းတွေ တည်ငြိမ်မယ်ဆိုရင်တော့ ဈေးကွက်အပြောင်းအလဲ ရှိလာနိုင်တယ်လို့ သိရပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်က တချို့နေရာတွေမှာ အရောင်းရှိပေမဲ့ တချို့နေရာတွေမှာ အရောင်းငြိမ်နေပါသေးတယ်။ မှုဝါဒအပြောင်းအလဲတွေကလည်း ရှိနေတာကြောင့် အိမ်ခြံမြေမှ ရင်းနှီးမြှုပ်နှံသူတွေ စောင့်ကြည့်အနေအထားဖြစ်နေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "အရင်က မြို့စွန်မြေကွက်တွေဆို အရောင်းအဝယ်ရှိထဲ့တယ် ၊ အခုအချိန်မှာ မြို့စွန်မြေကွက်တွေလဲ အရောင်းအဝယ်ကျတေတာက အရင်အစိုးရတုန်းက ဖော်ဆောင်ဖို့ သတ်မှတ်ထားတဲ့ စီမံကိန်းတွေ ၊ တချို့မတည်မငြိမ်နဲ့ ဖြစ်နေတာတွေ ၊ အဝယ်ပျောက်နေတာတွေကြောင့်" လို့ပြောပါတယ်။
သင်္ကြန်မတိုင်ခင်က သင်္ကြန်ပြီးရင် အရောင်းအဝယ်ပြန်ကောင်းလာနိုင်တယ်လို့ ပြောကြသူတွေ ရှိပါတယ်။ အိမ်ခြံမြေနဲ့ ဆက်စပ်တဲ့ မှုဝါဒအပြောင်းအလဲတွေ ၊ သတ်မှတ်ချက်တွေကြောင့် တည်ငြိမ်တဲ့ ကာလရောက်မှသာ ဈေးကွက်အပြောင်းအလဲ ပြန်ရှိလာနိုင်မယ်လို့ သိရတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘အရောင်းအဝယ်က အရမ်းနည်းတယ် ၊ ဒီရက်ပိုင်းတိုက်ခန်းတွေတော့ ဈေးလှုပ်ခတ်တာမျိုးရှိတယ် ၊ အဝယ်တော့မရှိဘူး ၊ တိုက်ခန်းဆိုင်ရာ ဥပဒေကြောင့် ဈေးလှုပ်သွားတဲ့သဘောပါပဲ ၊ ဝယ်သုကတော့ မရှိသလောက်အေးနေတာ’ လို့ ပြောပါတယ်။
မြေကွက်နဲ့ လုံးချင်းအရောင်းအဝယ်တွေမှာတော့ နေဖို့ဝယ်သူတချို့ကပြောပါတယ် ။ တိုက်ခန်းအရောင်းအဝယ်ကတော့ ရောင်းချလိုတဲ့သူတွေသာ အများနေတယ်လို့ သိရပါတယ်။
ဝသုန်အကျိုးဆောင် ဦးမောင်ဝင်းက "အခုထိကတော့ အရောင်းထက်အငှားပဲပိုကောင်းတယ် ၊ မြို့ထဲပိုင်းမှာတော့ အသင့်ပြင်ဆင်ပြီး ကွန်ဒိုတိုက်ခန်းနဲ့ လုံးချင်းအငှားတော့ ပိုကောင်းတယ် ၊ အရင်က သင်္ကြန်အပြီးတို့ မိုးဦးကာလတို့ရောက်ရင် အရောင်းအဝယ်ပြန်ဖြစ်ပြီး အငှားဈေးကွက်အရမ်းကောင်းတာ ၊ အခုတော့ မှုဝါဒတွေ အပြောင်းအလဲရှိနေတော့ စောင့်ကြည့်နေကြတဲ့သဘောပါ" လို့ ပြောပါတယ်။
Ref : The Kumudra
Photo Credit : mizzima
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties