By Myanmar Builders Guide, Shweproperty.com
Updated at 27 December 2018
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းရှိ ကွန်ဒို၊ တိုက်ခန်းဈေးနှုန်းများသည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း ရန်ကုန်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများမှ သိရသည်။
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ကွန်ဒို၊ တိုက်ခန်းများကို စက်တင်ဘာလနောက်ပိုင်းမှစ၍ ဝယ်လိုအားအနည်းငယ်ပြန်ရှိလာပြီး ဈေးကွက်ပြန်လည်ကောင်းမွန်လာသော်လည်း ဈေးနှုန်းကျဆင်းနေကြောင်း၊ ယခင်က ငွေကျပ် ၅၀၀ ခန့် တန်ဖိုးရှိတိုက်ခန်းများသည် လက်ရှိတွင် ငွေကျပ်သိန်း ၃၀၀ ဝန်ူကျင်သာရှိတော့ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း ကွန်ဒို၊ တိုက်ခန်းဝယ်ယူမှုများတွင် တန်ဖိုးသင့်တိုက်ခန်းများကိုသာ ဝယ်ယူသူများလာပြီး ယင်းတို့ကိုလည်း အရစ်ကျ နှစ်ရှည်ငွေပေးချေမှုစနစ်ဖြင့်ရောင်းချနေရသည့်အပြင် လက်ရှိအိမ်ခြံမြေ ဈေးကွက်အတွင်း လျှော့ဈေးဖြင့်ရောင်းချသည့်အိမ်ခြံမြေများကိုသာ လိုက်လံဝယ်ယူသူများလည်းရှိကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက်၌ အဓိကအားဖြင့် စီမံကိန်းပတ်ဝန်းကျင်နေရာများရှိ တိုက်ခန်းများ ရောင်းအားကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ကွန်ဒို၊ တိုက်ခန်းများကိုနေထိုင်ရန်ထက် ရင်းနှီးမြှုပ်နှံရန်ဝယ်ယူမှုများကြောင့် အရောင်းအဝယ်ကောင်းမွန်လာပါက ဈေးနှုန်းပြန်လည်မြင့်တက်လာမည်ဖြစ်ပြီး လက်ရှိတွင် အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုမိုကောင်းမွန်နေကြာင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties