By ရွှေဆဌဂံ, Shweproperty.com
Updated at 25 August 2015
ဈေးကွက်သုတေသနကို သင်ကျေနပ်လောက်အောင် လုပ်ဆောင်ပေးပြီဆိုရင်တော့ ဈေးကွက်တစ်ခုချင်းစီမှာရှိတဲ့ တန်ဖိုးတွေကို ခွဲခြားလေ့လာလို့ရပါပြီ။ ဒီလိုလုပ်တာကို Comparative Market Analysis (CMA) လို့ခေါ်ပါတယ်။
သဘောကတော့ သင်တာဝန်ယူထားတဲ့အိမ် ဒါမှမဟုတ် ကွန်ဒိုတိုက်ခန်းနဲ့ မတိမ်းမယိမ်းအနေအထားမှာရှိတဲ့ ဈေးကွက် တစ်ခုချင်းစီကို နှိုင်းယှဉ်လေ့လာပြီး တန်ဖိုးတွေကို ခွဲခြားသုံးသပ်တာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့အိမ်ခြံမြေအတွက် အသင့်တော်ဆုံးတန်ဖိုးတစ်ခုကို သင်ရရှိလာပါလိမ့်မယ်။ တစ်ချို့ဝယ်လိုသူတွေက အိမ်ကို မျက်မြင် ကိုယ်တွေ့မကြုံရသေးပဲနဲ့တောင် သင့်ရဲ့ CMA ခွဲခြားသုံးသပ်မှုကို ကြည့်ပြီး ဈေးစကားကို ကြိုတင်ပြောလေ့ရှိ ကြပါတယ်။ ကျန်တဲ့အချက်အလက်တွေကိုတော့ သင်ရောင်းလိုတဲ့ အိမ်ခြံမြေရဲ့ ရှေ့မှောက်မှာတင် ဆက်လက်ဆွေးနွေး ကြဖို့ပါပဲ။
CMA ဆိုတဲ့ ဈေးနှုန်းနှိုင်းယှဉ်လေ့လာသုံးသပ်မှုမှာ အဓိကလိုအပ်တာက သင့်ရဲ့ အိမ်ခြံမြေနဲ့ပက်သက်တဲ့ ဗဟုသုတပါပဲ။ အတွေ့အကြုံရှိတဲ့ အကျိုးဆောင်အတွက် နမူနာဈေးကွက် နှစ်ခု သုံးခုလောက်ရှိတယ်ဆိုရင်ပဲ သင့်အိမ်ခြံမြေကို ဘယ်လောက်နဲ့ ဈေးဖြတ်ရမယ်ဆိုတာ ချက်ချင်းတန်းသိနိုင်မှာပါ။
ဒါပေမဲ့ အတွေ့အကြုံနည်းပါးတဲ့ အကျိုးဆောင်အသစ်တွေအဖို့တော့ ဈေးကွက်ပမာဏ အများအပြားရရှိထားမှသာ နှိုင်းယှဉ်စရာတွေ၊ သာဓကတွေ၊ အတုယူစရာ၊ ဈေးနှုန်းသတ်မှတ်ချက်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။
Ref : Wai Phyoe Aung
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties