By The Kumudra, Shweproperty.com
Updated at 22 March 2016
အိမ်ခြံမြေဈေးကွက် အခုလို ဈေးကွက်အေးပြီး တန်းနေတာကိုအရမ်းကြီးဈေးတိုးလာအောင် မလုပ်ဘဲ ငြိမ်အောင် ထိန်းထားခြင်းကသာ စီးပွါးရေးဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခု ရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ် မှာ အိမ်ခြံမြေဈေးကွက်က ၂၀၁၅ တုန်းကလို လိမ်ဖည်လိမ်ဖည်နဲ့ သွားနိုင်တယ်လို့ အကျိုးဆောင် တချို့ ပြောပါတယ်။ အခွန်မသက်မှတ်ခင်ကငွေကြေးခဝါချမှု ၊ အိမ်ခြံမြေအခွန်တွေနဲ့ ပတ်သက်ပြီးသတ်မှတ်ချက်တွေ ပေါ်လစီတွေအပေါ်စိုးရိမ်မှုရှိခဲ့ကြတယ်။ အခွန်သတ်မှတ်လိုက်ပေမဲ့ ပမာဏများတာကလည်း ဈေးကွက်ကို အေးစက်စေတဲ့ အကြောင်းတစ်ခုလို့ ပြောပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "၂၀၁၅ တုန်းကတော့ ဒီ ၂၀၁၆ မှာဈေးကွက်ပြန်ကောင်းလာမယ်လို့ မျှော်လင့်ခဲ့ကြတာပဲ၊ ဒါပေမဲ့ အခုထိတော့ မျှော်လင့်သလိုဖြစ်မလာခဲ့ဘူး ၊ အခွန်နဲ့ပတ်သက်ပြီး အိမ်ခြံမြေဈေးကို ထိန်းဖို့လုပ်တယ်လို့မြင်ပေမဲ့ တခြားနိုင်ငံတွေလို ခွဲးခြားပြီး ကောက်ခံရင် ပိုအဆင်ပြေမယ်၊ အခုနှုန်းထားတွေက သာမန်နေဖို့ ဝယ်သူတွေကို အခွန်ပိုရှောင်စေနိုင်တယ်" လို့ပြောပါတယ်။
ကျွမ်းကျင်သူတချို့နဲ့ အကျိုးဆောင်တချို့က ပိုင်ဆိုင်မှုစာရွတ်စာတမ်းအတုလုပ်တဲ့ ပြသာနာတွေရှိတာကြောင့် သတိထားဝယ်ယူသင့်တဲ့ မြေမျိုးတွေလည်းရှိတယ်။ အခြေချနေထိုင်သူတွေအနေနဲ့ ဈေးကွက်အတွင်းမှာ ဈေးသက်သာဆုံးဖြစ်နေတဲ့ လယ်မြေ၊ ယာမြေ တွေကို မဝယ်သင့်ဘူး၊ ၂၀၁၆ခုနှစ်အတွင်း အပြောင်းအလဲ တွေကြားမှာ နိုင်ငံရေးနဲ့ စီးပွားရေး တွေက ဒွန်တွဲနေတာကြောင့် ဈေးကွက် အပြောင်းအလဲ ရှိနိုင်ပေမဲ့ လတ်တလောမှာတော့ မဖြစ်နိုင်သေးဘူးလို့ပြောပါတယ်။
စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက "မြေဈေးကို အရမ်းကြီးကျသွားအောင် လုပ်လိုက်ရင်အားလုံးက ကမောက်ကမတွေ ဖြစ်ကုန်မယ်၊ မြေဈေးကို တိုးလှ စေချင်တယ်ဆိုပြီး လုပ်ပစ်လို့မရဘူး၊ ဖြည်းဖြည်းချင်းနှိမ့်ချနိုင်အောင် လုပ်ရမှာ၊ တစ်ခုခုကို အတင်းဆုပ်ကိုင် ထားရင် ဖောင်းကြွပြီး ပေါက်ကွဲသွားလိမ့်မယ်၊ အခွန်နဲ့ ဈေးကွက်ကို ထိန်းချင်တာကြောင့် အခုလိုတိုးလိုက်တယ်ထင်တယ်" လို့ပြောပါတယ်။
အိမ်ခြံမြေဈေးက အမြဲတက်နေတာမျိုးမဟုတ်ဘဲ တက်ပြီးရင် ကျတာမျိုးပါ။ အတက်ကြမ်းခဲ့ပေမဲ့ အကျနှေးတာတွေက အစိုးရပေါ်လစီနဲ့ လည်းဆိုင်တယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : shutterstock
Posted By : Hute Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties