By The Kumudra, Shweproperty.com
Updated at 8 June 2016
အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ချင်ရင် လက်ရှိပေါက်ဈေးထက်လျှော့ရောင်းမှသာ အရောင်းအဝယ်ပွဲဖြစ်တာလို့ အကျိုးဆောင်တချို့ ကပြောပါတယ်။
အရပ်အကျိုးဆောင်ဒေါ်တင်ကြည်က "ဈေးပေးတာတော့နေ့တိုင်းနီးပါးရှိတယ်၊ ပွဲမဖြစ်တာကဈေးညှိနှိုင်းမရတာကြောင့်ပဲ၊ အဝယ်အများစုကတော့ မြေဈေးအနိမ့်တွေကို ပိုစိတ်ဝင်စားကြတယ်၊ ပေ ၂၀ xပေ ၆၀ပဲဖြစ်ဖြစ် ကျပ်သိန်း ၅၀ဝန်းကျင်တန်တွေပဲ ကြိုက်ကြတယ်" လို့ပြောပါတယ်။
အရင်ကအရောင်းအဝယ်ဖြစ်ချင်ရင် လက်ရှိပေါက်ဈေးနဲ့ဈေးခေါ်မှအရောင်းထွက်တာ။ အခုကပေါက်ဈေးထက်လျှော့ရောင်းနိုင်မှသာ အရောင်းအဝယ်ဖြစ်တာလို့သိရပါတယ်။
အဝယ်ရှိတယ်ဆိုပေမဲ့ ဝယ်မယ့်ဈေးကြည့်ပြီးမရောင်းချင်ကြဘူး။ ရောင်းမယ်ဆိုတော့လည်း ရောင်းဈေးကြည့်ပြီး ဝယ်သူတွေက မဝယ်ကြဘူးလို့အကျိုးဆောင်တချို့ကပြောပါတယ်။
ဝယ်တဲ့သူတချို့ကမရောင်းနိုင်တဲ့ ဈေးဆစ်ကြတာတွေကြောင့်အကျိုးဆောင်အချိန်ယူလိုက်ပြ၊ ညှိနှိုင်းပေမဲ့ ပွဲမဖြစ်နဲ့ လုပ်ကိုင်ရ ခက်နေကြတယ်လို့ ဈေးကွက်အတွင်းကြုံနေတဲ့အခြေအနေတွေကိုပြောပါတယ်။
ဈေးနိမ့်တာတွေကို စိတ်ဝင်စားကြတာကအရင်လိုငွေအရင်းအနှီးများများနဲ့ မဝယ်နိုင်ကြတာကြောင့်လို့ပြောတယ်။ အရင်လို ခုဝယ်၊ ခုရောင်းပြန်ထွက်တဲ့ ဈေးကွက်အခြေအနေကနေ ဈေးလျှော့တာတောင်ဝယ်သူမရှိတဲ့ ဈေးကွက်ဖြစ်နေတာကြောင့် လို့လည်းဆို တယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က "အရောင်းအဝယ်တွေက မကောင်းပါဘူး ၊အမေးတော့ရှိတယ် ၊ဝယ်သူနဲ့ရောင်းသူကြား မှာညှိပေးရတာခက်တယ် ၊ပွဲမဖြစ်တာများတယ်၊အရောင်းအဝယ်ရှိတယ်ဆိုတာက တကယ့်အောက်ဈေးပဲဖြစ်တာ ၊သိန်း ၅၀၀ပတ်ချာလည် ၊ဈေးအရမ်းသက်သာတဲ့နေရာတွေမှသာ သိန်း၁၀၀ ကျော်တန်တွေပွဲ ဖြစ်တာ" လို့ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ရဲ့အရင်ကအခြေအနေတွေပေါ်ကြည့်ပြီး ဈေးကွက်ပြန်ဖြစ်လာမှပဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ ကိုင်ထားကြတာတွေ များပါတယ်။ အရောင်းအဝယ်အေးနေတာက ဖြတ်သန်းခဲ့သမျှနှစ်တွေရဲ့ဈေးကွက်အေးခဲ့ဖူးတဲ့အချိန်တွေ ထက်ပိုကြာမြင့်နေ ပါတယ်။ ဈေးကွက်ပျက်တဲ့အခြေအနေမရောက်ဖို့ မျှော်လင့်ရမှာပဲလို့ အကျိုးဆောင်တချို့ကဈေးကွက်အခြေအနေကို သုံးသပ်ကြပါတယ်။
Ref : The Kumudra
Photo Credit : 14er
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties