By Myanmar Builders Guide, Shweproperty.com
Updated at 3 April 2019
နေပြည် တော်အိမ်ခြံမြေအငှားဈေးကွက် အနေအထားသည် နေပြည်တော်တွင် တက္ကသိုလ်ဆောက်တော့မည်၊ နိုင်ငံခြားသံရုံးဆောက်တော့မည်ဆိုသည့်သတင်းများကြောင့် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းနှင့်ရွှေကြာပင်ရပ်ကွက်များတွင် အိမ်ခြံမြေငှားရမ်းမှုများပိုမိုများလာကြောင်း နေလ မိုးကြယ်နေပြည်တော်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးချစ်ခိုင် က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ယင်းသို့အိမ်ခြံမြေငှားရမ်းမှု များတွင် စီးပွားရေးလုပ်ငန်းလုပ် ကိုင်မည့်သူ၊ ချေးငွေကုမ္ပဏီများ၊ ဝန်ကြီးဌာနရုံးများနှင့်လုပ်ငန်း ဆက်စပ်လုပ်ကိုင်နေသူများ၊ ဘဏ် လုပ်ငန်းများနှင့်ကျောက်မျက်ရတ နာလုပ်ငန်းရှင်များပါဝင်ကြသည်။
"နေပြည်တော် အိမ်ခြံမြေအငှားဈေးကွက်ကနေ နေပြည်တော် မှာ တက္ကသိုလ်ဆောက်မှာတို့ သံရုံးတွေဆောက်မှာဆိုပြီးအထင်နဲ့ စီးပွားရေးကုမ္ပဏီလုပ်ငန်းလုပ်ကိုင် သူတွေ၊ ဘဏ်တွေနဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေကလာပြီး နေပြည်တော် ဝန်ကြီးဌာနရုံးတွေ နဲ့နီးပြီး နေပြည်တော်မြို့ ရဲ့အချက်အချာကျတဲ့ နေပြည်တော်ဇမ္ဗူသီရိ မြို့နယ် သပြေကုန်း၊ ရွှေကြာပင် ဘက်တွေမှာ အိမ်ခြံမြေငှားရမ်း တာကိုပိုမိုတွေ့လာရပါတယ်" ဟု ဦးချစ်ခိုင်က ပြောသည်။
နေပြည်တော်တွင် ဇမ္ဗူသီရိ မြို့နယ် သပြေကုန်း၊ ရွှေကြာပင် ရပ်ကွက်များသည် အိမ်ခြံမြေငှား ရမ်းမှုအများဆုံးနှင့်အိမ်ငှားဈေးကွက်အကောင်းဆုံးဖြစ်ပြီး အိမ်ခြံမြေအငှားဈေးနှုန်းသည် တစ်လ လျှင်ကျပ်သုံးသိန်း၊ ကျပ်လေးသိန်း၊ ကျပ်ငါးသိန်းမှ ကျပ် ၁၀ သိန်းအထိရှိကြောင်း၊ ယခုနေပြည်တော် အိမ်ငှားဈေးကွက်တွင် ချေးငွေ ကုမ္ပဏီများမှ ငှားရမ်းမှုများပိုမိုများလာပြီး ပျဉ်းမနားမြို့၊ ပုဗ္ဗသီရိ မြို့၊ ဥတ္တရသီရိမြို့၊ ဒက္ခိဏသီရိမြို့ နယ်များတွင်လည်း အိမ်ငှားဈေးကွက်များ သူ့ဈေးနှုန်းနှင့်သူအိမ်ငှားများရှိနေကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties