By Sint Sint, Shweproperty.com
Updated at 16 November 2020
၂၀၂၀ ပြည့်နှစ် သီတင်းကျွတ်ကာလရောက်ရှိသော်လည်း COVID-19 ကာလဖြစ်သောကြောင့် အိမ်ရှင်ဘက်မှ အိမ်ငှားခဈေးနှုန်းများအား ၂၀ ရာခိုင်နှုန်းနှင့် အထက်လျှော့၍ ငှားလာကြကြောင်း၊ သို့သော် နိုင်ငံခြားသားအငှားသာမက ပြည်တွင်းအငှားဈေးကွက်ပါ အေးစက်လျက်ရှိကြောင်း၊ အိမ်ခြံမြေဈေးကွက်မှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ပြန်လည်ကောင်းမွန်နိုင်သည့် အခြေအနေရှိနိုင်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။
နိုင်ငံခြားသားများ အငှားများသည့် ကွန်ဒိုများ၊ လုံးချင်းအိမ်ရာများ သာမက ပြည်တွင်းအငှားဈေးကွက် တိုက်ခန်းများပါ COVID-19 ကာလ နယ်ကျော်သွားလာခွင့်မရှိသောကြောင့် အငှားဈေးကွက် မှာ သီတင်းကျွတ်သော်လည်း ဈေးတက်မလာဘဲ အေးစက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ပိတ်ထားရသည့် အခန်းများ များလျက်ရှိသောကြောင့် တချို့အိမ်ရှင်များမှာ၂၅ ရာခိုင်နှုန်းနှင့် အထက်လျှော့ချ၍ ငှားရမ်းလျက်ရှိကြောင်း သိရသည်။
“COVID ရောဂါ ကာကွယ်ဆေးထွက်မှပဲ အိမ်ခြံမြေဈေးကွက်က ပြန်ကောင်းလာမယ့် အနေအထားမှာရှိတယ်လို့ ခန့်မှန်းရပါတယ်။ COVID-19 ရောဂါကာကွယ်ဆေးတွေထိုးနိုင်တဲ့အချိန်ကျရင် လုပ်ငန်းတွေလည်း သူ့ဘာသူ တဖြည်းဖြည်းပြန်ကောင်းလာမယ်လို့ ထင်ပါတယ်’’ ဟု၎င်းက ဆက်ရှင်းပြသည်။
ရွှေစံမြတ် အထွေထွေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “အိမ်ရှင်တွေက ဈေးတွေအရမ်းလျှော့ကြတယ်။ ဥပမာ- ကွန်ဒိုခန်းတွေဆိုရင် တချို့ဆို ၃၅ ရာခိုင်နှုန်းလောက်အထိ လျှော့ကြတယ်။ အိမ်ငှားတွေ က စိတ်ကြိုက်ရွေးနိုင်တဲ့အခြေအနေမျိုးဖြစ်နေတာပေ့ါ’’ ဟု ဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။
တချို့ အဆင့်မြင့်တိုက်ခန်းများသည် ကျပ်၇၀၀,၀၀၀ တန် အခန်းအား ကျပ် ၅၀၀,၀၀၀ နှင့်လျှော့ငှားသကဲ့သို့ ၁၀ သိန်းအထက် အခန်းများအား ကျပ် ၇၀၀,၀၀၀ ခန့်အထိလျှော့ငှားလာကြကြောင်း၊ ကျပ်၁၀၀,၀၀၀ ကျော်တန် တိုက်ခန်းများမှာတော့ ဈေးမတက်နိုင်ပဲ နဂိုဈေးအတိုင်းဆက်ငှားရကြောင်း သိရသည်။ တချို့ အိမ်ရှင်များမှာ ၆ လချုပ်အစား အိမ်ငှားတောင်းဆိုသည့်အတိုင်း ၃လချုပ်အထိချုပ်ဆိုပေးလာကြကြောင်း သိရသည်။
နောက်ဆုံးရ သတင်းများ
နေပြည်တော်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် သုခဝတီအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိ
ဧရာဝတီနှင့် ပဲခူးတိုင်းမြို့နယ်ခုနစ်ခုတွင် စနစ်ကျလယ်မြေဆောင်ရွက်ရန် နိုင်ငံသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်
PROPERTYGURU နှင့် SHWEPROPERTY.COM တို့ပူးပေါင်းကျင်းပသည့် MYANMAR PROPERTY AWARD 2020 ဆုချီးမြှင့်ပွဲကြီးကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်မှုပုံစံဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့ ကြာသာပတေးနေ့တွင်ကျင်းပမည်
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties