By Yangon Media Group, Shweproperty.com
Updated at 12 October 2016
ဝါကျွတ် ကာလနီးကပ်လာခြင်းကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနှင့်အိမ်အငှားဈေးကွက်များ သွက်လာကြောင်း ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိုင်းအဝိုင်းမှသိရသည်။ ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက်အတွင်း ရန်ကုန်မြို့တွင်းရှိမြို့နယ်များနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြို့နယ်များတွင် လူနေတိုက်ခန်းများအငှားသွက်နေကြောင်း ၎င်းတို့ကဆိုသည်။ မဏ္ဍိုင်အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းမှဦးသန်းဦးက''ဆင် ခြေဖုံးမြို့နယ်တွေကလွဲပြီး ရန်ကုန်တစ်မြို့လုံးအငှားဖြစ်ပါတယ်။ လုံးချင်းတို့ကွန်ဒိုတို့လည်းအငှားဖြစ်ပါတယ်။ သူတို့ကတော့ အငှားနည်းတယ်။ တိုက်ခန်းတွေကတော့ အငှားများတယ်'' ဟု အောက်တိုဘာ ၉ ရက် ဒီမိုကရေစီတူဒေးကိုပြောသည်။
အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းအငှားဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ်နှစ်သိန်းမှ အမြင့်ဆုံး သုံးသိန်းခွဲအထိရှိပြီး မြေညီထပ်တိုက်ခန်းများမှာ ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် ငှားရမ်းမှုများရှိနေသောကြောင့် အငှားဈေးနှုန်းများမှာ ကျပ်ခြောက်သိန်းထိရှိကြောင်း အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များထံမှသိရသည်။ ဦးသန်းဦးက''အိမ်ငှားခတွေက မနှစ်ကဈေးနဲ့တော့ သိပ်မကွာလှပါဘူး။ ငှားရမ်းခတွေကတော့ နေ ရာ ပေါ်မူတည်ပြီး ကွာခြားသွားတာပါ။ သူ့ဟာနဲ့သူတော့ အငှားဖြစ်ပါတယ်။ သာမန်တိုက်ခန်းတွေကတော့ အငှားများတယ် ''ဟု ထပ်မံပြောသည်။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အငှားအသွက်ဆုံးမြို့နယ်များ မှာ ရန်ကုန်မြို့တွင်းခြောက်မြို့နယ်အ ပြင် တာမွေ၊ ကျောက်မြောင်း၊ ကြည့် မြင်တိုင်၊ အလုံ၊ စမ်းချောင်းမြို့နယ် နှင့်တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်များတွင်လည်း ငှား ရမ်းမှုများကြောင်း သိရသည်။
ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက်နှင့်ပတ်သက်ပြီးထက်အာကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ဒေါ် အေးအေးမော်က ''ရန်ကုန်မှာက တော့ အငှားကနေရာစုံမှာဖြစ်နေတယ်။ ငှားရမ်းခတွေကတော့ မနှစ်ကအတိုင်း ပါပဲ ပြောင်းလဲမှုမရှိဘူးပေါ့။ လက်ရှိဈေးကွက်အနေအထားက တော့ သူဟာနဲ့သူတော့ အရောင်းအဝယ်ရော၊ အငှားရောဖြစ်နေပါတယ်'' ဟု အောက်တိုဘာ ၁ဝ ရက် ဒီမိုက ရေစီတူဒေးသို့ပြောသည်။ ယခုလပိုင်း အတွင်း ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း နေအိမ်တိုက် ခန်းငှားရမ်းမှုများကဲ့သို့ မြေကွက်ငှားရမ်းမှုများလည်းရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရသည်။ ''မြေငှားရမ်းမှုတွေကတော့ အထူးသဖြင့် ဗဟန်း ဘက်တွေပေါ့ အဲ့ဒီ နေရာတွေမှာက ကား Show Room တွေ၊ ဆိုင်ခန်းတွေဖွင့်ဖို့အတွက် အဓိကငှားရမ်းကြတယ်''ဟု WIN & PYONE အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက် တာ ဒေါ်ပြုံး သန္တာလှိုင်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။ ရန်ကုန်မြို့ အိမ်ခြံမြေအငှားဈေး ကွက်တွင် ငှားရမ်းမှုများသည့် နေရာ များရှိသကဲ့သို့ ငှားရမ်းမှုနည်းပါး သောနေရာများလည်းရှိနေကြောင်း သိရသည်။
''အငှားနည်းတဲ့နေရာတွေက တော့ စက်မှုဇုန်မြေတွေပေါ့။ စက်မှုဇုန်တွေမှာရှိတဲ့ မြေလွတ်တွေကို ပြည် တွင်းကရော၊ ပြည်ပကရင်းနှီးမြှုပ်နှံ မယ့်သူတွေကရောလာကြည့်တာတွေ တော့ရှိတယ်။ ဒါပေမဲ့အငှားမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုဇုန်မြေ တွေကို တကယ်အလုပ်မလုပ်ဘဲ လက်ဝယ်ပိုင်ဆိုင်ထားမယ်ဆိုရင် ပြန်သိမ်းမယ်ဆိုတော့ လူတွေကမငှားကြတော့ဘူး''ဟု ဒေါ်ပြုံးသန္တာလှိုင်က ဆက်လက်ပြောသည်။ လက်ရှိချိန် တွင် အိမ်ခြံမြေဈေး ကွက်အနေအထားမှာ အေးနေပြီး မကြာမီအချိန်တွင် ကွန်ဒိုမီနီယံနှင့် ပတ်သက်၍ နည်းဥပဒေထွက်ပေါ်လာမည်ဆိုပါက လက်ရှိအိမ်ခြံမြေ ဈေးကွက်အနေအထားမှာ ယခုထက် အနည်းငယ်တိုး တက် လာနိုင်ကြောင်း လည်း အိမ်ခြံမြေအသိုင်းအဝိုင်းမှ သုံးသပ်ထားကြသည်။ အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်၍ ထက်အာကာအိမ်ခြံမြေဝန် ဆောင်မှုလုပ်ငန်းမှ ဒေါ်အေးအေး မော်က ''ကွန်ဒိုမီနီယံနဲ့ပတ်သက်တဲ့ နည်းဥပဒေသာထွက်လာမယ်ဆိုရင် တော့ အိမ်ခြံမြေဈေးကွက်က အခုထက်ပိုပြီး နည်းနည်းတော့ ကောင်းလာမှာပါ။ ဒါပေမဲ့ ဈေးကွက်ကြီးတစ် ခုလုံးကို ကိုင်လှုပ်နိုင်မယ့် အနေအထားအထိတော့ ဖြစ်လာနိုင်ဖို့မရှိပါ ဘူး''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties