By Kumudra, Shweproperty.com
Updated at 1 April 2019
အိမ်ခြံမြေဈေး ကွက်အတွင်းအငှားဈေးထက်ဝက်လောက် ကျဆင်းသွားပြီးတော့ အရောင်းဈေးကွက်မှာ အကျဈေးနဲ့ အရောင်းအဝယ်ပြန်လိုက်လာခဲ့ပါတယ်။လက်ရှိအိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်မှာ ကျပ် သိန်း၁ဝဝဝအောက် တိုက်ခန်းတွေ အရောင်းအဝယ် အကောင်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
အငှားဈေးကွက်
လက်ရှိအိမ်ခြံမြေ အငှားဈေးကွက်မှာ အိမ်ပိုင်ဆိုင်ဖို့နည်းလမ်းကောင်းတွေ များလာတာကြောင့် ဝန်ထမ်းတချို့လည်း အရစ်ကျဝယ်လာကြပါတယ်။ဒါကြောင့် အငှားဈေးကွက်က ကျဆင်းလာသလို အငှားဈေးနှုန်းတွေလည်း ၄၀ ရာ ခိုင်နှုန်း ကျဆင်းလာတယ်လို့ သိရပါတယ်။
“အခုဆိုရင် ၁ဝသိန်းလောက်နဲ့ ငှားနေရတဲ့တိုက်ခန်းတွေမှာ ငါးသိန်းလောက်ဈေးနဲ့ပဲငှားရတော့တယ်၊ ဒီလိုပဲ တခြားဈေးတွေဆိုလဲ အရင်ဈေးတွေလောက်ပဲ ဈေးကျသွားပါတယ်”လို့အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။
အငှားဈေးကွက်မှာ အငှားနေထိုင်သူတွေဖြစ်တဲ့ဝန်ထမ်းတွေ အတွက် အိမ်ပိုင်ဆိုင်ခွင့် နည်းလမ်းကောင်းတွေ ဖြစ်လာတာကြောင့် အငှားဈေးကွက်က ကျဆင်းလာပါတယ်။ရန်ကုန်မြို့ရဲ့အိမ်ငှားစရိတ်က အခန်းကောင်းကောင်းလေးဆို သုံးသိန်းလောက်ရှိတာကြောင့် ဘဏ်ချေးငွေနဲ့ ဝယ်လာကြပြီး အငှားဈေးကွက်လည်းကျဆင်းလာတယ်လို့ Shwe Property ရဲ့ Founder and Director ဦးကောင်းသူဝင်းက ပြောပါ တယ်။
ဈေးတွေကျလာ
မြေကွက်ဈေးနှုန်းတွေမှာ ကျ ဈေးနဲ့ အရောင်းအဝယ်ပြန်လိုက်တဲ့ မြို့နယ်လေးတွေရှိပါတယ်။မြို့နယ်အသီးသီးမှာ ၂၀၁၉ခုနှစ်စကတည်းက မြေကွက်တွေအရောင်း အဝယ်ပြန်လိုက်လာခဲ့ပြီး ဈေးနှုန်းတွေက နေရာတိုင်းမှာ ပြန်ကျလာပါတယ်။
“မြောက်ဥက္ကလာပမှာရှိတဲ့ လုံးချင်းတွေ ၊ ၄၀ x၆၀ မြေကွက်တွေမှာသိန်းရဝဝ၊၈ဝဝ လောက်၊ အိမ်မှာပါတာတွေဆိုရင် သိန်း ၁၂ ဝဝ၊ ၁ဝဝဝ တချို့မြေကွက်ကောင်းတွေ ပေ၂၀ x ၆၀ မြေကွက်ကို သိန်း၁၅ဝဝ အရောင်းသွက်လာပါတယ်၊ ပြည်လမ်းဘက်မှာဆိုရင် စတုရန်းပေကို ၁၂သိန်းခွဲလောက်ရှိတာက ခုနစ်သိန်းခွဲ၊ ရှစ်သိန်းလောက်ပဲရှိတယ်၊ အတွင်းလမ်းဘက်မှာဆိုရင် ခြောက်သိန်းလောက်ရှိတာက နှစ်သိန်းလောက်ဆို အရောင်းအဝယ်လုပ်လို့ ရလာတယ်”လို့ ဦးခင်မောင်သန်းက ပြောပါတယ်။
ဒဂုံမြို့နယ်မြေကွက်တွေမှာလည်း ကျဈေးနဲ့အရောင်းဖြစ်နေတဲ့နေရာတွေရှိသလိုအရောင်းအဝယ် ငြိမ်နေတဲ့နေရာတွေလည်းရှိ ပါတယ်။ ဈေးနှုန်းတွေမှာဆိုရင်လည်း၆ဝရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်လို့သိရပါတယ်။
ဒလဘက်မြေကွက်တွေဆိုရင်လည်း မြစ်ကူးတံတား ပန္နက်ရိုက်ခဲ့စဉ်အချိန်က ဈေးကောင်းပေးပြီး ဝယ်သူရှိခဲ့ပေမဲ့ လက်ရှိမှာဆိုရင် မူလဈေးအတိုင်းသာပြန်ငြိမ်နေတယ်။ဝယ်သူတွေမှာ တံတားပန္နက်ရိုက်ခဲ့တဲ့ အချိန်တုန်းက သိန်း၁ဝဝဝ လောက်အထိ ဈေးပိုပေးခဲ့ပြီး သိန်း၅ဝဝဝ တန် မြေကွက်တွေဆို သိန်း ၆ဝဝဝ လောက်အထိ ဈေးတက်ခဲ့ပါတယ်။
ဈေးကွက်အတွင်း ဝယ်ယူသူ အများစုမှာ ရင်းနှီးမြှုပ်နှံသူတွေ သိပ်မတွေ့ရဘဲ အမှန်အကယ် နေထိုင်မယ့်သူတွေ များနေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်မှာဆိုရင်အရောင်းအဝယ်အများဆုံးတွေ့ရတာက သိန်း၁ဝဝဝ အောက်တန်ဖိုးသင့်တိုက်ခန်းတွေ အရောင်းသွက်နေတာကိုတွေ့ရပါတယ်။သိန်း၃ဝဝ၊၅ဝဝ၊ရဝဝစတဲ့ တိုက်ခန်းတွေ ဖြစ်တဲ့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊တောင်ဥက္ကလာပ၊ သာကေတ၊ မရမ်းကုန်းမြို့နယ်တွေမှာ အရောင်းအဝယ်သွက်နေပါတယ်။
အိမ်ခြံမြေ အရောင်းပြပွဲတွေလည်း အမြောက်အမြားပြုလုပ်နေပြီးတော့ အရောင်းပြပွဲတွေမှာလည်း Luxury Condo တွေကို ဝယ်သူနည်းပါး နေသလို တန်ဖိုးသင့်တိုက်ခန်းတွေသာ အရောင်းသွက်လာပါတယ်။ ဘဏ်ချေးငွေစနစ်တွေ ကောင်းမွန်လာတာကြောင့် အိမ်ပိုင်ဆိုင်ဖို့ နည်းလမ်းကောင်းဖြစ်လာပြီး တန်ဖိုးသင့်တိုက်ခန်းတွေ အဝယ်လိုက် လာပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties