By ှShwerproperty.com, Shweproperty.com
Updated at 30 November 2015
အိမ်ခြံမြေဈေးကွက်က ဈေးပြန်တက်လာမယ့် အချိန်ကို စောင့်နေကြတာကြောင့် အကျဈေးနဲ့ပဲ အဝယ်ပြန်ရှိနေပါတယ်။ ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "ဈေးတက်မယ်၊ ဈေးတက်ဖို့ ရှိတယ်ဆိုပြီး ကိုင်ထားကြတဲ့ သူတွေက အများကြီးပါ၊ ဒီလောက်စောင့်ခဲ့ပြီးမှ ကျဈေးနဲ့ မရောင်းချင်ကြဘူးလေ၊ တက်ဈေးနဲ့ ဝယ်ခဲ့မိကြတော့ ပိုဆိုးတာပေါ့၊ အဲ့ဒီတော့ ဈေးတက်မယ့်အချိန်ကို စိရှည်ရှည်နဲ့ စောင့်နေကြတာ" လို့ပြောပါတယ်။
ရွေးကောက်ပွဲပြီးရင် ဈေးကွက်ပြန်ကောင်းလာနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူ တချို့က ခန့်မှန်းခဲ့ကြတဲ့အပြင် ဝယ်ရောင်းသမားတွေကလည်း ဈေးတက်လာမယ့်အချိန်ကို စောင့်နေခဲ့ကြတာပါ။
ဒါပေမဲ့ ဈေးကွက်က အခုအချိန်အထိ ပြောင်းလဲမှု သိပ်မရှိသေးတာ ဖြစ်ပါတယ်။ ဝယ်ရောင်းသမားတွေကလည်း တစ်နှစ်ကျော်လောက်အထိ ဈေးကွက်ပြန်ဖြစ်လာချိန်ကို စောင့်နေခဲ့ရတာက အခုလိုဈေးတန်းနဲ့ ပွဲဖြစ်နေတာမျိုးမဟုတ်ဘဲ ဈေးပြန်တက်လာတာကို စောင့်လက်စနဲ့ ဆက်စောင့်ကြဦးမှာပဲလို့ အကျိုးဆောင်တစ်ချို့က ပြောပါတယ်။
အကျိုးဆောင်တချို့ကတော့ အိမ်ခြံမြေဈေးက နောက်လေးငါးလလောက် စောင့်ရင် ဈေးတက်လာနိုင်တယ်လို့ ပြောပါတယ်။ အစိုးရအသစ်ဖွဲ့ပြီးရင် ဈေးကွက်ပြန်ပြောင်းလဲလာမှာလို့ ကျွမ်းကျင်သူ တစ်ချို့က သုံးသပ်ကြပါတယ်။
ဒဂုံသီးသန့် အကျိုးဆောင်မကေသီက "ဈေးကွက်ထဲမှာတော့ နောက်ခြောက်လလောက်ဆို ဈေးပြန်တက်လာနိုင်တယ်၊ ဈေးပြန်တက်လာမယ့် အချိန်ကို စောင့်ခဲ့တာကြာနေပြီဆိုတော့၊ ဘာပဲဖြစ်ဖြစ် ဆက်စောင့်ကြည့်မယ် ဆိုတာတွေလဲရှိတယ်၊ တချို့ကလည်း မြေဈေးတက်ဖို့မသေချာနိုင်ဘူးဆိုပြီး အမျိုးမျိုး ပြောနေကြတာပဲ၊ အခုရက်ပိုင်းမှာတော့ အဝယ်တွေ ပြန်ဆင်းနေတယ်"လို့ ပြောပါတယ်။
ဝယ်နေကြတဲ့ နေရာတွေက ထောင့်ကွက်တွေ၊ နေရာကောင်းပြီး လမ်းသာတဲ့နေရာတွေလို့ ပြောပါတယ်။
Shweproperty.com
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties