By တာရာရန်ကင်း, Shweproperty.com
Updated at 21 April 2013
ရန်ကုန်မြို့ ဧရိယာအတွင်းရှိ အိမ်ခြံမြေဈေးကွက်တွင် အခွန်ဆောင်ရမှုနှုန်းများခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်သူနည်းပါးကာ တိုက်ခန်းအငှားများသာ တိုးမြင့်ကောင်းမွန်နေကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေအကျိုးဆောင် ဈေးကွက်မှ သိရသည်။
Top Two အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ တာဝန်ရှိသူက “အရောင်းအဝယ်ကတော့ လုံးလုံးပျောက်တာတော့ မဟုတ်ပေမယ့် အခွန်ကြောင့်လည်းပါတယ်။ မေးမြန်းစုံးစမ်းကြတာပဲရှိတယ်။ တကယ်ဝယ်ဖို့ကို စဉ်းစားလာကြတယ်။ အရင်တုန်းကလောက် အရမ်းမဝယ်ကြဘူး။ အရမ်းတန်းဖိုးကြီးတာတွေ အရောင်းအဝယ်အေးတယ်။ နိုင်ငံခြားသားတွေက ကွန်ဒိုကိုနှစ်သက်ကြတာများတဲ့အတွက် ကွန်ဒိုအိမ်တော့ရှိတယ်” ဟု ပြည်ထောင်စု နေ့စဉ်သို့ပြောသည်။
ကွန်ဒိုခန်းများကို မြန်မာနိုင်ငံသားများလည်း နှစ်သက်ကြ၍ ကွန်ဒိုများတွင် အရောင်းအဝယ်ကောင်းနေကာ ကွန်းဒိုခန်းတစ်ခန်းလျှင် ကျပ်သိန်း ၂၀၀၀ မှ ကျပ်သိန်း ၃၀၀၀၊ ၄၀၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။
ဗဟန်းမြို့နယ် မင်္ဂလာသဒ္ဓိလမ်းနေ အိမ်ခြံမြေအကျိုးဆောင် ဒေါ်စန်းစန်းယုက “သင်္ကြန်ပြီးနောက်ပိုင်းတော့ အရောင်းအဝယ် ပိုအဆင်ပြေလာနိုင်တယ်။ လူတွေက အခွန်ဆောင်ရတာများတဲ့အတွက် ကြောက်နေကြတာ။ သင်္ကြန်ပြီးရင် အခွန်ဆောင်ရတဲ့ ရာခိုင်နှုန်းကျမယ်ဆိုလို့ စောင့်နေသူတွေရှိတယ်။ သင်္ကြန်လွန်ရင် အရောင်းအဝယ် သွက်လာနိုင်တယ်။ အိမ်ခြံမြေအရောင်းအဝယ်က ၂၀၁၃ နှစ်ဆန်းပိုင်း နှစ်လအတွင်း သွက်ခဲ့ပေမယ့် အခုပြန်ငြိမ်သွားတာ အခွန်ကိစ္စတွေကြောင့်ပါ။ တိုက်ခန်းလေးတွေလောက်ပဲ အရောင်းအဝယ်ရှိတယ်။ တန်ဖိုးကြီးကြီးမားမားတွေ အရောင်းအဝယ် အေးနေတယ်” ဟု ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်သူများအား နိုင်ငံတော်သို့ အခွန်ငွေကျပ် ၁၀၀ လျှင် ၃၇ ရာခိုင်နှုန်းပေးဆောင်စေရန် သတ်မှတ်ထားခြင်းကြောင့် အခွန်နှုန်းထားလျှော့ချပေးသင့်ကြောင်း၎င်းက သုံးသပ်ပြောကြားသည်။
ဒေါ်စန်းစန်းယုက “သင်္ကြန်လွန်ရင်တော့ အခွန်ရာခိုင်နှုန်း ၂၀ ဝန်းကျင်ပဲ သတ်မှတ်မယ်လို့ အရောင်းအဝယ်လုပ်သူတွေက ထင်ကြတယ်။ အခွန်ရာခိုင်နှုန်း ၂၀ ဝန်းကျင်ဆိုရင်တော့ လူတွေ အရောင်းအဝယ် ပြန်လုပ်လာကြလိမ့်မယ်” ဟု ဆက်လက်ပြောကြားသည်။
တိုက်ခန်းအရောင်းအဝယ်ဈေးနှုန်းများမှာ အခန်းပြင်ဆင်ဖွဲ့စည်းမှု၊ အကျယ်အဝန်း၊ နေရာနှင့် ပတ်ဝန်းကျင်ပေါ်မူတည်ကာ ဈေးနှုန်းကွာခြားကြောင်း သိရသည်။ (ပေ ၂၀ X ပေ ၄၀) အခန်းများတွင် အထပ်မြင့်ဈေးနှုန်းမှာ ကျပ်သိန်း ၃၀၀၊ ကျပ် သိန်း ၄၀၀ ဝန်းကျင်ရှိ၍ လမ်းမကြီးများဧ။် မြေညီထပ်(ဆိုင်ခန်းဖွင့်ရန် ကျယ်ဝန်းသည့်အနေအထားတွင်) ကျပ်သိန်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ ဝန်းကျင်အထိ ရှိနေသည်။
Ref : ပြည်ထောင်စုနေ့စဉ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties