By အကျိုးဆောင်ဂျာနယ်, Shweproperty.com
Updated at 2 May 2013
မြန်မာနိုင်ငံရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းများစွာကြီးမြင့်နေခြင်းကြောင့် အစိုးရ တာဝန်ရှိသူများက အခွန်စနစ်ကို အပြောင်းအလဲလုပ်ကာ ထိန်းချုပ်ခဲ့ရာ အိမ်၊ ခြံ၊ မြေအကျိုးဆောင်အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။
ဝါရင့်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက အိမ်၊ ခြံ၊ မြေဈေးကြီးမြင့်မှုကို အခွန်စနစ်နဲ့ ထိန်းချုပ်လိုက်တော့ ဈေးနှုန်းတွေကတော့ ထပ်မတက်တော့ဘူး။ ဒါပေမဲ့ ဈေးကတော့ မကျဘူး။ ဈေးကြီးတာကို အခွန်စနစ်နဲ့ ဆက်မတက်ဖို့ ထိန်းထားနိုင်ပေမဲ့ ရေရှည်မှာတော့ အခွန်တစ်ခုထဲနဲ့ ထိန်းဖို့မဖြစ်နိုင်ဘူး။ အခွန်စနစ်နဲ့ တစ်ဖက်က ထိန်းသလို တစ်ဖက်ကလည်း စီးပွားရေးကျွမ်းကျင်သူတွေကိုလည်း အသုံးပြုရမယ်။ ဒါမှသာ ရေရှည်ဈေးနှုန်းထိန်းညှိသွားနိုင်မှာပါ ဟု ပြောကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကြည့်လျှင် အိမ်၊ ခြံ၊ မြေဈေးငြိမ်သက်နေကြောင်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊ မြေဈေးများလည်း ထပ်မံတက်ခြင်းမျိုးမရှိသော်လည်း စိတ်ကြိုက်ရွေးချယ်ဝယ်ယူသည့်နေရာများတွင်တော့ ဈေးအနည်းငယ်တက်ခြင်းမျိုးရှိကြောင်း သိရသည်။ လတ်တလော ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက် ငြိမ်သက်နေပြီး ကျပ်သိန်းသောင်းဂဏန်းတန်မြေကွက်တစ်ခုအရောင်းအဝယ်ဖြစ်သွားသည်ကို ကြားသိရသည်။
Ref :အကျိုးဆောင်ဂျာနယ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties