By The Modern, Shweproperty.com
Updated at 18 March 2016
အိမ်ခြံမြေ အရောင်းအဝယ်မှာ အခွန်တရားဝင် ပေးဆောင်ဖို့ ဆိုရင် အစိုးရအနေနဲ့ လိုအပ်ချက်တွေ ရှိနေသေးတဲ့ မြို့သစ်နေရာတွေမှာ ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ အခြေခံ အပိုင်းတွေကို ပြန်လည်ဝန်တောင်မှု ပေးဖို့ မျှော်လင့်တယ်လို့ သိရတယ်။
အရောင်းအဝယ်ပြုလုပ်တဲ့ အခါမှာ အခွန်ပေးဆောင်ရတာကို လက်ခံပေမဲ့ မြို့သစ်တွေမှာ လူနေပါမစ်ကွက် ပြုလုပ်ပေးထားတာထက် အဓိက အခြေခံ လိုအပ်ချက်ဖြစ်တဲ့ မီး၊ ရေနဲ့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအောင် ဝန်ဆောင်မှု ပြန်ပေးစေချင်ကြတာလို့ ပြောပါတယ်။
ဒဂုံမြိုသစ်တို့လို ဖော်ဆောင်ထားတာ ကြာပြီဖြစ်တဲ့ မြို့သစ်တွေမှာတောင် တချို့ ရပ်ကွက်တွေမှာ ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးး မပြည့်စုံတာတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ဈေးမြင့်နေတဲ့ အချိန်မှာ နေဖို့ အိမ်ဝယ်ချင်တဲ့ လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားတချို့ အတွက်က သည်လို မြို့သစ်တွေမှာပဲ ဝယ်ဖို့ တတ်နိုင်တာပါ။
ဒဂုံအရှေ့ပိုင်းမှာ မြေကွက်ဝယ်ထားတဲ့ ဒေါ်ခင်ကြည်ဦးက "စီမံကိန်းတွေ ရှိတာ၊ မရှိတာ မသိချင်ဘူး၊ ဖြစ်စေချင်တာက မြို့သစ်မြို့စွန်ကို ရေ၊ မီး၊ သွားလာရလွယ်အောင် ဒါတွေကို လိုချင်တာ၊ အခွန်က အရောင်းအဝယ်ဖြစ်တာနဲ့ ဆောင်ခိုင်းတယ်၊ အန်တီတို့ မြေ အနီးနား မှာ လယ်ကွက်လို ကွင်းပြင်ဖြစ်နေတာ တွေ ရှိတယ်၊ လူနေပါမစ်တဲ့ ရှိတာ၊ လမ်းအဆင်မပြေ၊ မီးမရှိနဲ့ မိုးတွင်းဆို ပိုဆိုးသေးတယ်"လို့ ပြောပါတယ်။
တတ်နိုင်တဲ့ ငွေပမာဏနဲ့ မြေ အကျယ်လေး ဝယ်ပြီး အိမ်ဆောက်နေလို့ ရပေမဲ့ မီးနဲ့ လမ်း အဆင်မပြေတာတွေ ရှိတော ဖြစ်ပါတယ်။ မြို့သစ်တွေ၊ ကွက်သစ်တွေထပ်ပြီး၊ ပြုလုပ်တာမျိုး လုပ်ဆောင်သင့်ပေမဲ့ အရင် ကဖော်ဆောင်ထားတဲ့ နေရာတွေကို လည်းဖွံ့ဖြိုးအောင် ပြုလုပ်ပေးသင့်ကြောင်း သိရပါတယ်။
စီးပွားရေးကျွမ်းကျင်သူတွေနဲ့ ပညာရှင် အများစု ကလည်း မြို့ပြုစီမံကိန်းနဲ့ အညီတော့ လုပ်ဆောင် ပေးဖို့ လိုကြောင်း၊ စီမံကိန်းတွေ လုပ်တာ မှန်ပေမဲ့ ရှိပြီးသားတွေကို လည်းဖွံ့ဖြိုးတိုးတက်အောင်၊ လူနေမှု အဆင့်အတန်းမြင့်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်တယ်လို့ ဝေဖန်ထားကြ တာတွေ ရှိပါတယ်။
မြို့စွန်၊ မြို့သစ်၊ မြို့နယ်တွေမှာ လျှပ်စစ်မီးမရသေးတာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ နေတာတွေ ကို လုပ်ဆောင်ပေးစေချင်တာပါ၊ မြေအရောင်းအဝယ် လုပ်တာနဲ့ အခွန်ပေးဆောင်ရတာကို လက်ခံကြပေမဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "တကယ်နေမယ့် သူတွေ ကတော့ အခွန်ဆောင်ဆို ဆောင်ရမှာပဲ၊ အခွန်နှုန်းသာ တိုးလာတယ်။ ညီမျှတဲ့ ဝန်ဆောင်မှုတွေ ဖွံ့ဖြိုးအောင်တော့ လုပ်ပေးသင့်တယ်၊ ကိုယ်မြေကွက်မှာ ရေ၊ မီးရပြီး လမ်းပန်းဆက်သွယ်ရေးကောင်းလာရင် ကျေနပ်ကြမှာပဲ" လို့ပြောပါတယ်။
Ref : The Modern
Photo Credit : shutterstock
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties