By 7daydaily, Shweproperty.com
Updated at 23 May 2017
လက်ရှိတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်းသိရသည်။
အိမ်ခြံမြေအရောင်းအ ဝယ်နှေးကွေးနေခြင်းကြောင့် ဝင် ငွေခွန်အပေါ် စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို ပြန်လည်ပြင်ဆင်ရန် စဉ်းစားနေ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
‘‘ပြင်ဆင်ဖို့ သင့်၊မသင့်ကို အစိုးရက စဉ်းစားနေတယ်’’ ဟု မေလ ၂၀ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုအသင်းချုပ်ရုံး၌ ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အိမ်ခြံမြေ ရောင်းဝယ်ရာ တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါ က (ဝင်ငွေခွန်ဆောင်ထားခြင်းမရှိ သည့်ငွေကြေး) ဝင်ငွေခွန်အပေါ် စည်းကြပ်သည့်အခွန်နှုန်းထားကို တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ကို အခွန် ၁၅ ရာခိုင်နှုူန်း၊ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၁,၀၀၀ ကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းအခွန်ကောက်သည်။
လက်ရှိအခွန်နှုန်းထားသည် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းအရ အ ခွန်ဆောင်ရသည့် ပမာဏများ ခြင်းကြောင့် တရားဝင်ရောင်းဝယ် မှု လျော့နည်းသွားကြောင်း အိမ်ခြံ မြေအကျိုးဆောင်များက ပြော ကြားသည်။
‘‘ပြင်ဆင်ပေးမယ်၊ လျှော့ ပေးမယ်ဆိုရင် ဈေးကွက်အတွက် ဝမ်းသာစရာပဲ။ အရောင်းအဝယ် ပြန်လှုပ်လာနိုင်တယ်’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးသန်းဦး က ပြောသည်။
အိမ်ခြံမြေ အခွန်စနစ် ပြင် ဆင်မည်ဆိုပါက ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့ဖူးသည့် တစ်ကျပ်မှ ကျပ်သိန်း ၁,၀၀၀ အ ထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ ၅,၀၀၀ အကြား ၅ ရာ ခိုင်နှုန်း၊ ကျပ်သိန်း ၅,၀၀၀ မှ ၁၀,၀၀၀ အကြား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ၁၅,၀၀၀ အကြား ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,၀၀၀ အထက်ကို ၃၀ ရာခိုင် နှုန်းဖြစ်သင့်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြော ကြားသည်။
လက်ရှိအစိုးရသည် အများ ပြည်သူထံမှ အခွန်ကောက်ခံရာ တွင် အခွန်နှုန်းထားတိုးမြှင့်ရမည် ဆိုသည့် သီအိုရီကို မကျင့်သုံးဘဲ အခွန်ထမ်းဆောင်သူများစွာ ပါ ဝင်လာနိုင်မည့် အခွန်စနစ်ကိုသာ ကျင့်သုံးခြင်းဖြစ်သည်ဟု ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။
မေလ ၂၀ ရက် တွေ့ဆုံပွဲ တွင် အခွန်နှုန်းထားနှင့် ပတ်သက် ၍ လက်ရှိကောက်ခံနေသည့် တံ ဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်းကို လည်း ထပ်မံလျှော့ချရန် စီ စဉ်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။
အစိုးရ၏ ဘဏ္ဍာငွေအ တွက် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံသားများက အခွန်ပေး ဆောင်နေရခြင်းဖြစ်သောကြောင့် မျှတသော အခွန်စနစ်ဖြစ်စေရ မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
Ref : 7daydaily
Photo Credit : MBG
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties