By 7daydaily, Shweproperty.com
Updated at 16 September 2016
ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ အရောင်းအဝယ် ပြု လုပ်သည့်အခါ အခွန်ကောက်ခံ သည့် တစ်ပေပတ်လည် အိမ်ခြံ မြေစံနှုန်းများကို ယခင်နှုန်းထားအတိုင်းသာ ကောက်ခံမည်ဟုပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။
‘‘အိမ်ခြံမြေ အခွန်နှုန်းထား က အရင်နှုန်းထား အတိုင်းပဲ ကောက်ပါမယ်။ ဒီနှစ်မှာ ပြောင်း လဲဖို့မရှိပါဘူး’’ဟု ပြည်တွင်းအ ခွန်များဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။အိမ်ခြံမြေ အခွန်နှုန်းထား သတ်မှတ်ချက်များကို တစ်နှစ် တစ်ကြိမ် ပြင်ဆင်ပြောင်း လဲရေး ဆွဲလေ့ရှိပြီး ၂၀၁၆ တွင် ကောက် ခံမည့် အခွန်နှုန်းထားများကို မြေ ပြင်တွင် အမှန်တကယ် အရောင်း အဝယ်ဖြစ်နေသည့် နှုန်းထားများ အတိုင်း ရေးဆွဲသတ်မှတ်ထား ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။
ထိုသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ရေးဆွဲထားသည့် အ ခွန်နှုန်းထားများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အိမ်ခြံမြေဝန် ဆောင်မှု အဖွဲ့နှင့် ပြန်လည်ညှိနှိုင်း ပြီးမှ ပြီးခဲ့သည့်သုံးလက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားခဲ့သည်။
လက်ရှိတွင် ယခင်နှုန်းထား အတိုင်းသာ ကောက်ခံမည်ဖြစ်ပြီး ထိုသို့ အခွန်နှုန်းထားများ သတ် မှတ်ထားသော်လည်း အခွန်ရှောင် တိမ်းလို သူများသည် သက်ဆိုင်ရာ အခွန်ဌာနတွင် တန်ဖိုးဖြတ်ခြင်း မရှိဘဲ အရပ်စာချုပ်များဖြင့် အ ရောင်းအဝယ်ပြု လုပ်ခြင်းများရှိ နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် မြန်မာတစ်နိုင်ငံလုံးရှိ လုပ် ငန်းအားလုံးမှအခွန် ကျပ်ဘီလီယံ ၆,၀၀၀ ကျော် ကောက်ခံရန် လျာထားပြီး ရန်ကုန်တိုင်းရှိ လုပ်ငန်းအားလုံးမှ အခွန် ကျပ်ဘီလီယံ ၅၅၀ ကောက်ခံရန် လျာထားသည်။
Ref : 7daydaily
Photo Credit : mmbiztoday
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties