By Myanmar Times, Shweproperty.com
Updated at 4 March 2016
၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်မှာ စတင်အသက်ဝင်မယ့် ပြည်ထောင်စု အခွန်အကောက် ဥပဒေသစ်အရ ပြောင်းလဲ တိုးမြှင့်ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေကြောင့် မန္တလေးမြို့ရဲ့ အိမ်မြေဈေးနှုန်းတွေဟာ လက်ရှိနှုန်းထားတွေကနေ ဆက်မြင့်တက်နိုင်ခြေ နည်းပါးကြောင်း အိမ်မြေဈေးကွက် ကျွမ်းကျင်သူအများစုက သုံးသပ်ကြပါတယ်။
အခွန်နှုန်းထားသစ်ဟာ လက်ရှိ နှုန်းထားတွေကနေ သိသာစွာ ကွာဟသွားနိုင် တာကြောင့် ဝယ်ယူမယ့်သူတွေအနေနဲ့ အလုပ်လုပ်ဖို့ ပိုမို လက်တွန့်သွားကြဖွယ်ရှိကြောင်း အကျိုးဆောင် အများစုက ခန့်မှန်း ကြပါတယ်။ ဒါဟာ အထူးသဖြင့် အိမ်ခြံမြေ ဈေးနှုန်း မြင့်မားတဲ့ မြို့တွင်းဈေး ကွက်ကို ပိုမို အကျိုးသက်ရောက်နိုင်ပြီး၊ နောက်ဆက် တွဲ အကျိုးဆက်အဖြစ် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ လက်ရှိ ဈေးနှုန်း တွေကနေ ဈေးမြှင့်ဆို ခေါ်နိုင်ဖို့ အခွင့်အလမ်း နည်းပါးနေဦးမှာ ဖြစ်ကြောင်းလည်း ဆိုကြပါတယ်။
လက်ရှိမှာ အိမ်မြေဝယ်ယူသူတွေ ပေး ဆောင်ဖို့ သတ်မှတ်ထားတဲ့ အခွန်နှုန်းထား တွေက အိမ်ခြံမြေတန်ဖိုး ကျပ်သိန်း ၁,၀၀၀ အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ ကနေ သိန်း ၅,၀၀၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,၀၀၀ ကနေ သိန်း ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။ အခု ပြန်သတ်မှတ်တဲ့ အခွန်နှုန်းထား သစ်အရ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိ ရင် ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ သိန်း ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ဖို့ သတ်မှတ် လိုက်တာကြောင့် ကိုယ်တတ်နိုင်တဲ့ ငွေကြေး ပမာဏနဲ့ နေထိုင်စရာအတွက် ဦးစားပေး စဉ်းစားလိုတဲ့ လူလတ်တန်းစားတွေအတွက်လည်း အခွန်နှုန်းဟာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် လှုပ်လှုပ်ခတ်ခတ်မဖြစ်တာ နှစ်ကာလ အတန်ကြာခဲ့ပြီ ဖြစ်သလို လက်ရှိအထိလည်း ဈေးနှုန်း အလတ်တန်းစားတွေသာ ဈေးကွက်လိုအပ်ချက်အရ အလုပ်ဖြစ် နေရပြီး ဈေးနှုန်း အမြင့်တန်းတွေကတော့ အေးပါတယ်။ ဒီအနေအထားမှာ အခွန်နှုန်း အသစ်ကြောင့် ဈေးကွက်အရောင်းအဝယ် လည်ပတ်မှုက ပိုနှေးကွေးနိုင်ဖွယ်ရှိကြောင်း အကျိုးဆောင်အများစုက သုံးသပ်ပါတယ်။
မြို့သစ် အိမ်မြေဈေးကွက်မှာတော့ အဓိက မိန်းလမ်းမကြီးတချို့ပေါ်က အိမ်မြေ ဈေးနှုန်းတွေက ရာပြတ်တန်ဖိုးသတ်မှတ် ချက်အရ မြို့တွင်းထက် များနေတယ် ဆိုပေ မဲ့ အတွင်းပိုင်းကျသော် လည်း အလား အလာကောင်းတဲ့ နေရာတွေရဲ့ ဈေးနှုန်းတွေ က ရှေ့အလားအလာနဲ့ ချိန်ဆကြည့်ရင် ဝယ်လက်တွေ လက်ခံစဉ်းစားကြည့်ဖို့ သင့်တော်တဲ့ အတိုင်းအတာမှာ ရှိနေတာကြောင့် အခွန်နှုန်းထားသစ် ရိုက်ခတ်မှုဟာ မြို့သစ်မှာတော့ မြို့တွင်းထက် နည်းပါးနိုင် ကြောင်းလည်း မြို့သစ်က အကျိုးဆောင်တချို့က ခန့်မှန်းကြပါတယ်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties