By Myanmar Times, Shweproperty.com
Updated at 11 January 2016
မန္တလေး အိမ်ခြံမြေဈေးကွက်သည် ၂၀၁၆ ခု နှစ်ဆန်းကာလမှာလည်း ဈေးနှုန်းနဲ့ အရောင်း အဝယ်မှာ ထူးခြားစွာ ပြောင်းလဲလှုပ်ခတ်နိုင်ခြေ နည်းပါးနိုင်ကြောင်း အိမ်ခြံ မြေအကျိုးဆောင် တချို့က ပြောသည်။
အိမ်ခြံမြေဈေးကွက်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က နောက်ဆုံးအဖြစ် အရောင်းအဝယ် နဲ့ ဈေးနှုန်းပိုင်းဟာ လအနည်းငယ် ကြာမြင့် သည်အထိ ထူးခြားစွာ သွက်လက် ပြောင်းလဲခဲ့ ပြီး နောက်ပိုင်းမှာ ယခုအချိန်အထိ ငြိမ်သက်တဲ့ ဈေးကွက်အဖြစ်သာ တည်ရှိနေခဲ့ပါတယ်။ ဒီလို ငြိမ်သက်နေတဲ့ ကာလမှာ အရောင်းအဝယ်ဈေးကွက်ထက် အငှားဈေးကွက်ကို သာ အားထား အလုပ်လုပ်နေခဲ့ ရကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
လာမယ့် အစိုးရသစ်လက်ထက်မှာ အိမ်ခြံမြေဈေးကွက်ရဲ့ အလားအလာ ဘယ်လိုပြောင်းလဲလာ မယ်ဆိုတာ ပြောဖို့က လည်း အချိန်စောနေသေးပြီး မှန်းဆရ ခက်ခဲ နေပေမယ့် ဈေးနှုန်းတန်းအရ လက်ရှိ ဖြစ် ပေါ် ခေါ်ယူနေတဲ့ နှုန်းထားတွေကနေ ဆက်တက်ဖို့ဆိုတာ ကာလ အတိုင်းအတာ တစ်ခုအထိ အချိန်ယူရလိမ့်ဦးမယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ ဒီလိုအနေအထားမှာ ရှိနေပေမယ့် လူဦးရေတိုးနှုန်းနဲ့ အဆောက်အအုံနဲ့ ရေ၊ မီး၊ ကျောင်း၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေရဲ့ ဖွံ့ဖြိုးမှုတွေကတော့ အားကောင်းနေပါတယ်။ အထူးသဖြင့် မြို့ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ မြို့သစ် ဧရိယာတွေဟာ မျက်စိကျစရာ ကောင်းနေ ပြီး အခြေချနေထိုင်ဖို့ စဉ်းစားတယ်ဆိုရင် အချိန်မစောင့်ဆိုင်းဘဲ အလုပ်လုပ်သင့်တဲ့ အကွက်အကွင်းတွေ ဖြစ်ကြောင်း မြို့သစ်က အတွေ့အကြုံရင့်ကျက်တဲ့ အကျိုးဆောင် တချို့က သုံးသပ်ပါတယ်။
ဈေးနှုန်းအနေနဲ့ မြို့သစ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ အပြောင်းအလဲဖြစ်ပြီး မြင့်တက်ခဲ့တဲ့ နှုန်းထားတွေဟာ ကွာဟချက် ကြီးမားခဲ့တာကြောင့် လက်ရှိ အရောင်း အဝယ် ဈေးကွက် အနေအထားအရ ဈေးနှုန်း ဆက်လက်ပြောင်းလဲနိုင်ခြေ နည်းပါးနေဦး မှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ မြို့သစ်ဧရိယာတွေ မှာ အတွင်းပိုင်း မြေကွက်တွေဟာ ကျပ်သိန်း ရာဂဏန်းနှုန်းထားနဲ့ ရနိုင်ပေမယ့် လမ်းမတန်းတွေပေါ်တင်ရင်တော့ အောက်ထစ် ကျပ်သိန်း ၁,၅၀၀ နဲ့ အထက်မှာ ခေါ်ဈေးတွေ ရှိနေကြောင်း ဈေးကွက်သတင်းတွေ အရ သိရပါတယ်။
Ref : Myanmar Times
Photo Ctedit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties