By The Kumudra, Shweproperty.com
Updated at 5 October 2015
Photo Credit : Internet
ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေးကွက် ဝယ်လက်ပျောက်လာတာကြောင့် အခုနောက်ပိုင်း ဈေးကွက်ထဲမှာရှိတဲ့ ကျပ်သိန်း (၅၀၀) အထက်တွေ အားလုံးအဝယ်မရှိသလောက် ဈေးကွက်ပျောက်နေတယ်လို့ သိရပါတယ်။
"နောက်ပိုင်းဈေးကွက်ထဲမှာ ဈေးဘယ်လောက်လျှော့လျှော့ သိန်းရာဂဏန်း ကျော်သွားရင် စိတ်ဝင်စားမှု နည်းသွားကြတယ်၊ တချို့ဆို သိန်းတစ်ထောင်လောက် ခေါ်ထားတဲ့အကွက်ကို တစ်ဝက်လောက်အထိ ဆစ်ပြီး ဈေးလှန်ပစ်တာတွေ ရှိတယ်"လို့ တောင်ဥက္ကလာပမြို့နယ်က အိမ်ခြံမြေ အကျိုးဆောင်ကိုကျော်သူက ပြောပါတယ်။
အခုနောက်ပိုင်း ဈေးကွက်ထဲမှာ အဝယ်ဆင်းတဲ့ ပုံစံအများစုက နေရာနဲ့ အခန်းအကျယ်အဝန်း အခန်းအမျိုးအစား စတာတွေထက် ဝယ်လက်ဘက်က တတ်နိုင်တဲ့ ဈေးပြောပြီး ဈေးဆစ်တာမျိုးတွေ ရှိလာပါတယ်။ ဒါ့အပြင် အချို့ဈေးကွက်တွေမှာ ဝယ်လက်ဘက်က တိုက်ရိုက်ဈေးဆစ်တာမျိုး မဟုတ်ပဲ မြေရှင်ဘက်က ဈေးဖွင့်ကတည်းက အကျိုးဆောင်က ကြိုတင်စစ်ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
တိုက်ခန်းအရောင်းအဝယ်နဲ့ ပတ်သက်ပြီး ဓာတ်လှေကားမပါ သာမာန်တိုက်ခန်းကို အရင်က နေရာအကွက်အပေါ် မူတည်ပြီး ကျပ်သိန်းထောင်ချီ ဈေးကွက်ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အတွင်းလမ်းတွေရဲ့ မြေညီထပ်တိုက်ခန်းတွေဆိုရင် ကျပ်သိန်း (၇၀၀) လောက်သာ အခေါ်ခံတော့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြိုပွိုင့်တိုက်ခန်းတွေရဲ့ တဖြည်းဖြည်း မရှိသလောက် ရှားလာတာကြောင့် ကန်ထရိုက်အများစုက အရင်းကျေဈေးနှုန်းတွေနဲ့ အရစ်ကျဆောက်လုပ်စရိတ်ရအောင် ဈေးခေါ်တာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
"ဈေးခေါ်လိုက်ရင် ကြားထဲက ပွဲစားက ပွဲမဖြစ်ခင်ကတည်းက သူတို့ ရောင်းရမယ့်ဈေးပဲ ဖွင့်ခိုင်းကြတယ်၊ အရင်က ဈေးခေါ်ရင် ဈေးနည်းမှာစိုးလို့ ဈေးကွက်စုံစမ်းရတာကနေ အခုနောက်ပိုင်းမှာတော့ ဈေးပိုများသွားလို့ ခဏခဏ ဈေးပြင်ရတာတွေ ဖြစ်နေတယ်"လို့ သာကေတမြို့နယ်က အိမ်ပိုင်ရှင် ကိုမင်းက ပြောပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties