By The Kumudra, Shweproperty.com
Updated at 9 September 2015
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဈေးကွက်ပြန်တက်လာတဲ့အချိန်ကို စောင့်ဝယ်ဖို့ စောင့်ကြည့်နေ ကြတယ်လို့ သိရပါတယ်။
"ဒီမှာဖြစ်နေတဲ့ ပြသနာက တကယ်ဈေးကျချိန်မှာ ပုံမှန်ထက် ထက်ဝက်လျှော့ရောင်းရင်တောင် ဝယ်မယ့်သူမရှိတဲ့ အခြေအနေ ဖြစ်နေတယ်၊ ဈေးကွက်ကလည်း လူအများစုက ဈေးနှုန်းသက်သာတာထက် ဝယ်ရောင်းပြန်ဖြစ်တာကို ပိုစိတ်ဝင်စားကြတယ်"လို့ အိမ်ခြံမြေအကျိုးဆောင် ကိုဝင်းနိုင်က သူ့အမြင်ကို ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ရဲ့ အရောင်းအဝယ် အခြေအနေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တကယ်နေထိုင်သူတွေထက် ဝယ်ရောင်းနဲ့ အငှားဈေးကွက်ကိုသာ အဓိကထား ရပ်တည်နေတာကြောင့် အခုလိုဈေးနှုန်းကျဆင်းနေချိန်မှာ အဝယ်မလိုက်တဲ့ အခြေအေနေတွေ ပိုဖြစ်နေတာပါ။ အရင်က ဈေးကွက်အတွင်း သိန်းထောင်ချီ ပေါက်ဈေးရှိတဲ့ အတွင်းမြေကွက်အများစုဟာ အခုနှစ်အတွင်းမှာတော့ သိန်းရာဂဏန်း လောက်အထိ ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ တချို့မြေကွက်တွေမှာတော့ လမ်းမတန်းမြေတွေလောက်သာ အကျအဆင်းနည်းပြီး ရပ်ကွကအတွင်းအကွက်တွေရဲ့ တိုက်ခန်းတွေမှာတော့ ဈေးနှုန်းကကျဆင်းတာ ပိုသိသာတယ်လို့ သိရပါတယ်။
တောင်ဝင်ဆောက်လုပ်ရေးက ဦးကိုကိုထွေးက "အခုဖြစ်နေတာက တစ်စတုရန်းပေကို ငါးသိန်းလောက်ကနေ နှစ်သိန်းလောက်ရောင်းရင်တောင် ထပ်ကျမယ် ထင်လို့မဝယ်ကြဘူး၊ တကယ်ဈေးတွေ တက်လာပြီး သုံးသိန်းလောက်ဖြစ်မှ ဝယ်ကြတာက မြန်မာပြည်စီးပွားရေးလောကရဲ့ အစဉ်အလာလို ဖြစ်နေတယ်"လို့ ပြောပါတယ်။
စီးပွားရေးအရ ဈေးကွက်ကစားသူတွေက ပိုမိုများပြားနေတာကြောင့် အခုလိုအရှုံးများတဲ့ အိမ်ခြံမြေကို ဝယ်ရောင်းမလုပ်ဘဲ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အိမ်ခြံမြေ ဈေးကွက်ကတော့ အမှန်တကယ် လိုအပ်တဲ့ တိုက်ခန်းနဲ့ လုံးချင်းအိမ်တွေလောက်သာ ပုံမှန်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ပေါ်နေပြီး ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာတော့ မရှိသလောက်နည်းနေသေးတယ်လို့ သိရပါတယ်။
ဈေးကွက်ထဲမှာ ရောင်းလိုအားများနေတဲ့ အိမ်ခြံမြေအမျိုးအစားတွေကတော့ အဆင့်မြင့်အိမ်ရာ၊ ကွန်ဒို၊ မြေကွက်စတဲ့ မြေတွေကို အဓိကရောင်းချင်နေကြတာ ဖြစ်ပါတယ်။ အဆင့်မြင့်အိမ်ရာနဲ့ ကွန်ဒိုတိုက်ခန်းဈေးကွက်တွေကတော့ အခုနောက်ပိုင်း တစ်စတုရန်းပေကို ကျပ်တစ်သိန်းလောက်အထိ လျှော့ဈေးနြ့ ရောင်းချလာကြတယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties