By 7daydaily, Shweproperty.com
Updated at 16 February 2016
အစိုးရသစ်လက်ထက် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဝင်နည်းပါက အိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်အေးပြီး ဈေးကျဆင်းလာနိုင်သည်ဟု အိမ် ခြံမြေအကျိုးဆောင်အချို့က ဝေ ဖန်ပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် တရုတ်နိုင်ငံမှ ပြည်ပသို့ ငွေလွှဲပို့မှုများကန့်သတ်လာခြင်း၊ ပြည်တွင်း၌လည်း ငွေကြေးခဝါချမှုများ စောင့်ကြည့်စစ်ဆေးမှုများရှိလာခြင်း၊ ဝင်ငွေရလမ်း မဖော်ပြနိုင်ဘဲဝယ်ယူမှုများအပေါ် အခွန်ငါးဆတိုးမြှင့်ခြင်းတို့ ကြောင့် အရောင်းအဝယ်သည် လက်ရှိတွင် အေးနေကြောင်း အကျိုးဆောင် အချို့က ပြောကြားသည်။
‘‘အိမ်ခြံမြေ ဈေးကွက်က အစိုးရသစ်ရဲ့စီးပွားရေးမူဝါဒအ ပေါ်မှာ မူတည်နေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မျှော်လင့်ချက် သာမရှိရင် ဒီနှစ်မှာလည်း ဈေး ကွက်က အိဆင်းသွားဦးမှာပဲ’’ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး က ပြောသည်။
တရုတ်အစိုးရသည် ၂၀၁၅ အတွင်း တရုတ်နိုင်ငံမှ ပြည်ပသို့ ငွေလွှဲသည့် နိုင်ငံသားများ၏ငွေ စာရင်းများကို တင်းကျပ်စွာ ကန့် သတ်လာပြီး တရုတ်နိုင်ငံသား တစ်ဦးကို တစ်နှစ်လျှင် အမေရိ ကန်ဒေါ်လာ ၅၀,၀၀၀ အထိသာ ငွေလွှဲခွင့်ပြုထားသည်။
တရုတ်နိုင်ငံ၏ ငွေများသည် အိမ်ခြံမြေ ဈေးကွက်သို့ အဝင် နည်းလာပြီးကျောက်စိမ်းကျောက်မျက်ရတနာ ရောင်းချရမှုမှ ဝင်ငွေများကလည်း ယခုဘဏ္ဍာနှစ်ကိုးလအတွင်း သန်း ၅၀၀ ကျော်သာရရှိကာ ယခင်နှစ်ထက် လျော့ နည်းလာသည်။ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ ရောင်းချမှု မှ ဝင်ငွေလျော့နည်းခြင်းမှာလည်း အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ် လျော့ကျစေကြောင်း အကျိုးဆောင်များက ပြောကြားသည်။
ဝင်ငွေရလမ်းမဖော်ပြနိုင်ပါ က ယခုဘဏ္ဍာနှစ်အတွက် တရား ဝင်ပြဋ္ဌာန်းသော ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် တစ် ကျပ်မှ ကျပ်သိန်း ၃၀၀ အတွင်း ၁၅ ရာခိုင်နှုန်းအခွန်ဆောင်ရမည် ဖြစ်သည်။
ယခင် ဘဏ္ဍာနှစ် ပြည် ထောင်စုအခွန်အကောက်ဥပဒေ တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါ က တစ်ကျပ်မှ သိန်း ၃၀၀ အတွင်းဝင်ငွေခွန် ၃ ရာခိုင်နှုန်းသတ်မှတ် ခဲ့သည်။ ဝင်ငွေရလမ်း မဖော်ပြ နိုင်ပါက အခွန်နှုန်းထားသည် ငါး ဆမြင့်တက်လာသဖြင့် ‘‘အခွန်တိုးရင် အရောင်းအဝယ် ပိုပြီးအေး မယ်’’ဟု စိုင်းခွန်နောင်ဆောက် လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်း ပိုင်ရှင် ဦးစိုင်းခွန်နောင်က အိမ်ခြံ မြေဈေးကွက်အခြေအနေကို ပြော ပြသည်။
အိမ်ခြံမြေ ဈေးကွက်သည် အစိုးရသစ်လက်ထက်တွင် မြို့ပြ စီမံကိန်းများ ကောင်းမွန်စွာ ရေး ဆွဲပြီးပါက ဈေးနှုန်းပြန်လည်ကျ ဆင်းနိုင်ခြေရှိနေသည်ဟု စီးပွား ရေးလုပ်ငန်းရှင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောကြားသည်။
Ref : 7daydaily
Photo Credit : snap shots
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties