By The Kumudra, Shweproperty.com
Updated at 6 January 2016
အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်ထဲမှာ ဝယ်သူစိတ်ဝင်စားအောင် ရောင်းဈေးကို မကြာခဏပြင်ပြီး လျှော့ဈေးနဲ့ ရောင်းသလိုပုံစံမျိုးနဲ့ သိန်းထောင်ဂဏန်း သောင်းဂဏန်း တန်ဖိုးရှိတဲ့ လုံးချင်းအိမ်ကြီးတွေကို အရောင်းဈေးကွက်ထဲ တင်ကြတာတွေ ရှိလာတယ်လို့ သိရပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "သူတို့က အရှုံးခံရောင်းကြတာတော့မဟုတ်ဘူး၊ အရောင်းထွက်ချင်လို့ အရင်က မတန်တဆ အမြတ်တင်ထားတဲ့ ဈေးတွေမပြောတော့ဘဲ ပုံမှတ်ဈေးတန်းကို ခေါ်ကြတာ၊ သူတို့က တစ်ထစ်ချင်းဈေးချပြီး အရှုံးခံရောင်းသလို ဆွဲဆောင်တာပါ၊ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်းအိမ်တွေများတယ်"လို့ ပြောပါတယ်။
ဈေးကွက်ထဲတင်ကြတဲ့ တချို့လုံးချင်းအိမ်ကြီးတွေက ခမ်းနားထည်ဝါအောင် တည်ဆောက်ထားပြီး မြက်ခင်းစိမ်း၊ ရေကူးကန်၊ အပန်းဖြေဆောင်လိုအရာတွေကိုပါ ထည့်သွင်းတည်ဆောက်ထားတာပါ။ တချို့အိမ်ကြီးတွေမှာ သုံးထပ်အမြင့်ကို တကယ့်အိမ်တွင်းအလှဆင်တွေနဲ့ ပြင်ဆင်ထားပြီး ရောင်းတန်းတင်တာတွေ ရှိပေမဲ့ အဝယ်ကတော့ မရှိသလောက် အေးတယ်လို့ ပြောပါတယ်။
တချို့ပိုင်ရှင်တွေက တကယ်ရောင်းတာမျိုးမဟုတ်ဘဲ ဝယ်သူစိတ်ဝင်စားမှုအပေါ် မူတည်ပြီး ဈေးကွက်တင်တာမျိုး တွေလည်းရှိတယ်လို့ သိရပါတယ်။ ဈေးလျှော့တယ်ဆိုပေမယ့် တချို့တွေက နှစ်အတော်ကြာဝယ်ထားပြီးတော့မှ ရောင်းတာရှိတယ်။ အရင်ကဈေးနဲ့ ယှဉ်ရင် လျှော့ဈေးနဲ့တောင် မြတ်နေတာတွေရှိတယ်လို့ သိရပါတယ်။
သည်လိုဈေးလျှော့ရောင်းကြတဲံ အနေအထားမှာ ဝယ်ရောင်းသမားတွေထက် စီးပွားရေးအရ အငှားထားချင်တဲ့သူတွေနဲ့ ငွေမြှုပ်ထားချင်တဲ့ သူတွေက ဝယ်ကြတယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်စွာက "၂၀၁၅ ခုနှစ်လယ်ပိုင်းလောက်ကစပြီး တန်ဖိုးမြင့်အကွက်တွေပါ ဈေးကွက်ထဲဝင်လာတာ၊ အွန်လိုင်းတွေ အကျိုးဆောင်ဆိုက်တွေမှာလည်း တင်ကြတယ်၊ ပိုင်ရှင်တွေက ဈေးပြင်ပြီး ပထမခေါ်ထားတဲ့ဈေးကို ပြန်ပြင်၊ သိန်း (၁၀၀) နဲ့ (၅၀၀) ကြားဈေးခွါပြီး၊ အပြောင်းအလဲလုပ် ဈေးကွက်ရှာကြတယ်"လို့ ပြောပါတယ်။
လက်ရှိဈေးကွက်ကတော့ ပုံမှန်ဈေးတန်းခေါ်နေကြတာတွေ ရှိသလို လျှော့ဈေးနဲ့ရောင်း ကြတာတွေရှိတာကြောင့် တကယ်နေဖို့ ဝယ်သူတွေအတွက်တော့ ဈေးနှုန်းအမှန်နဲ့ ဝယ်ယူနိုင်တဲ့ အချိန်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties