By Shwe Kyaw, Shweproperty.com
Updated at 8 June 2021
မိုးသည်းတဲ့အခါ မိုးရေကြောင့် အိမ်ထိခိုက်ပျက်စီးမှုတွေရှိလာနိုင်ပါတယ်။ပျက်စီးမှုတွေကြောင့် အိမ်ပိုင်ရှင်တွေ စိတ်ညစ်ရပါတယ်။ ပျက်စီးမှုသေးသေးလေးကနေ ငွေကုန်ကြေးကျများတဲ့အထိ စိတ်ပျက်ရအောင် ပြုပြင်ရလောက်တဲ့အထိ ပျက်စီးမှုအကြီးစားတွေ ဖြစ်လာတတ်ပါတယ်။ မိုးရေကြောင့် အိမ်ပျက်စီးခြင်းမှ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေရှိပါတယ်။ (၁) ခေါင်မိုးတွေကို သေချာဂရုစိုက်ပါ။ အိမ်ခေါင်မိုးတွေဆောက်လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က နေအပူဒဏ်နဲ့ မိုးရေဒဏ်မှ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ဒီ ကိစ္စကို မေ့မထားဖို့တော့ လိုပါမယ်။ခေါင်မိုး အများစုရဲ့ သက်တမ်းက ပုံမှန်အားဖြင့် နှစ်(၂၀)မှ နှစ်(၃၀)အထိ ဖြစ်ပြီး ဒီသက်တမ်းအတွင်းမှာ ခေါင်မိုးက အကောင်းတိုင်းရှိနေနိုင်ပြီး ဆက်အသုံးပြုနိုင်ပါတယ်။ တကယ်တော့ ဒီလိုတွေးတာက မမှန်ပါ။ရာသီဥတုအခြေအနေတွေနဲ့ အိမ်ဘေးနားမှာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေကြောင့်လည်း ခေါင်မိုးရဲ့ အုတ်ကြွပ်ပြားတွေက ပျက်စီးနိုင်ပြီး ဖော်ပြထားတဲ့ သက်တမ်းလောက် ကြာရှည်မခံဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် အိမ်ခေါင်မိုးရဲ့ ပျက်စီးနေတဲ့ ဒါမှမဟုတ် ယိုယွင်းနေတဲ့ အုတ်ကြွပ်ပြားတွေကို အသစ်နဲ့ လဲလှယ်ခြင်းက အိမ်ခေါင်မိုးရဲ့လက်ရှိ သက်တမ်းထက် ပိုပြီး ကြာရှည်ခံစေမယ့် ဈေးမကြီးပဲ မြန်ဆန်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ပြတင်းပေါက်ကျည်းဘောင်နဲ့ တံခါးရွက်ကြားကို လုံအောင်သေချာပြုလုပ်ပါ။ ပြတင်းပေါက်တွေနဲ့ တံခါးမတွေက အများအားဖြင့် ရေယိုစိမ့်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ပြတင်းပေါက်နဲ့ တံခါးမတွေရဲ့ ဘောင်တွေက အများအားဖြင့် နေရာလွတ်တွေရှိတတ်တာကြောင့် အဲဒီနေရာလွတ်တွေကနေ တစ်ဆင့် ရေယိုစိမ့်နိုင်ပါတယ်။ရေယိုစိမ့်တဲ့ အချိန်ကို စောင့်မနေပါနဲ့။ အခုပဲ ကိုယ့်အိမ်က ပြတင်းပေါက်တွေနဲ့ တံခါးမတွေရဲ့ ဘောင်တွေကြားမှာ နေရာလွတ်တွေရှိ၊မရှိကို အတည်ပြုပြီး ရှိပါက အဲ့ဒီနေရာလွတ်တွေကို အမြန်ဆုံးပိတ်ပစ်ပါ။ ရေကောင်းမွန်စွာ စီးဆင်းနိုင်မယ့် ရေမြောင်းတူးပါ။ ရေယိုစိမ့်မှုကိုပဲ ကာကွယ်နေခြင်းက သင့်အိမ်ကိုပျက်စီးခြင်းမှ မကာကွယ်နိုင်ပါဘူး။သင့်အိမ်ကနေ ဝေးတဲ့နေရာကို ရေတွေ ကောင်းမွန်စွာ စီးဆင်းနိုင်မှုရှိ၊မရှိကလည်း အရေးပါ,ပါတယ်။အိမ်ရဲ့အောက်ခြေက ရေတွေ အဝေးကို ကောင်းမွန်စွာ စီးဆင်းနိုင်မှုမရှိရင် တစ်ချိန်ချိန်မှာ အိမ်ရဲ့အောက်ခြေကို ပျက်စီးစေနို်င်ပါတယ်။ဒါ့ကြောင့် အိမ်ရဲ့ အောက်ခြေတွေ အဝေးကို ကောင်းမွန်စွာ စီးဆင်းနိုင်မယ့် ရေမြောင်းကို ဖောက်လုပ်ပြီး သင့်ရဲ့အိမ်ကို ပျက်စီးခြင်းမှ ကာကွယ်နိုင်ပါတယ်။ အိမ်မှာ တပ်ဆင်ထားတဲ့ ရေတလျောက်တွေကို သန့်ရှင်းပေးပါ။ ရေတလျောက်တွေကနေ တစ်ဆင့် အိမ်ခေါင်မိုးပေါ်က မိုးရေတွေ ကောင်းမွန်စွာ စီးဆင်းနိုင်ဖို့ အိမ်ပတ်ဝန်းကျင်မှာ စိုက်ပျိုးထားတဲ့ သစ်ပင်အရေအတွက်ပေါ် မူတည်ပြီး ရေတံလျောက်တွေကို တစ်နှစ်ကို နှစ်ကြိမ်ကနေ လေးကြိမ်အထိ သန့်ရှင်းပေးသင့်ပါတယ်။ အကယ်၍ ရေတလျောက်တွေမှာ သစ်ရွက်တွေနဲ့ ပြည့်နှက်နေခဲ့မယ်ဆိုရင် ရေစီးဆင်းမှုကို နှေးစေပြီး ခေါင်မိုးပေါ်ကရေတွေက အောက်ကို ကောင်းစွာ ဆက်မစီးဆင်းနိုင်တာကြောင့် အနည်းနဲ့ အများတော့ အိမ်ခေါင်မိုးကို ထိခိုက်လာနိုင်ပါတယ်။ ခေါင်မိုးပေါ်က ရေတလျောက်ကို သန့်ရှင်းပေးဖို့ လိုအပ်သလို မြေကြီးပေါ်က ရေတလျောက်အောက်ခြေကိုလဲ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ကဲ မိုးရာသီရောက်ရှိလာပြီဆိုတော့ သင့်ရဲ့ အိမ်ကို မိုးရေကြောင့် ပျက်စီးခြင်းမှ ကာကွယ်နိုင်အောင် အထက်ဖော်ပြပါ အချက်လေးတွေအတိုင်း ပြုလုပ်ပေးခြင်းဖြင့် ကြာရှည်ခံတဲ့ အိမ်လေးတစ်လုံး ဖြစ်အောင် ထိန်းသိမ်းကြပါစို့။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ နေအိမ်ထဲမှာ သဘာဝကျကျလတ်ဆတ်တဲ့အေးချမ်းမှုကို ခံစားနိုင်ဖို့ သင့်မိသားစု ကျန်းမာရေးအတွက် အိမ်တွင်း သတိမူရမည့်အရာများ မိုးရာသီ အိမ်တွင်း ထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ (၁၁) ချက် Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties