By အောင်ခိုင်, Shweproperty.com
Updated at 26 September 2012
စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန်ပြင်ဆင်ဆောင်ရွက်ခြင်းကို ကန့်ကွက်၍ စီမံကိန်းပြောင်းရွှေ့ပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် ဒေသခံများထံမှ သတင်းရရှိသည်။
ဝိုင်းမော်မြို့နယ် မိုင်းလားကျေးရွာအုပ်စု ရွာပေါင်း ၁၆ ရွာရှိ လယ်မြေဧကငါးထောင်ကျော်ကို စက်မှူဇုန်၊ အိမ်တွင်းမှုလုပ်ငန်းဇုန်၊ ကုန်သွယ်ရေးဇုန်များ အဖြစ် အကောင်အထည်ဖော်ရန် ပြည် နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေခြင်းကို ကန့်ကွက် သွားမည်ဟု ဒေသခံများကပြော သည်။
''ဒေသခံလူထူကိုလည်း ဘာမှ အသိမပေးဘူး ၊ မြေလာတိုင်းတဲ့ အဖွဲ့ကို မေးတော့လည်း အထက် က ခိုင်းလို့လုပ်တာလို့ပြောတယ်။ ဒီလယ်ယာတွေမှာမှီခိုနေတဲ့ လူဦး ရေသောင်း ဂဏန်း ဘယ်လို လုပ် ရမှာလဲ''ဟု လဝမ်ကထောင်(၂) ရပ်ကွက်မှ လယ်သမားတစ်ဦးက ပြောသည်။ စီမံကိန်းကို ရွှေ့ပြောင်းပေး ရန် ဒေသခံများ၏ လက်မှတ်ရေး ထိုး ဆန္ဒခံယူမှုကို တစ်တင်ဘာ ၁၈ ရက်က မိုင်းလားလဝမ်ရှိ ကချင်နှစ်ခြင်းဘုရားကျောင်းဝင်း ဒူးဝါးလဝမ်လီအောက်မေ့ဖွယ် ခန်းမတွင် ပြုလုပ်ခဲ့ပြီး ကော်မတီ တစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။
''အားလုံးက သဘောတူတယ်။ မြေကိုတော့ မပေးနိုင်ဘူး။ နေရာရွှေ့ပြောင်းပေးပါ။ ပြည် နယ်အဆင့် ညှိနှိုင်းလို့မရရင် သမ္မတဆီ စာတင်ဆောင်ရွက်ဖို့ ကော်မတီ ဖွဲ့ပြီးပြီ " ဟု ဝိုင်းမော်မြို့ခံ ဦးကပြောသည်။
အဆိုပါစီမံကိန်းနဲ့ စပ်လျင်း ၍ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ''စီမံကိန်း လုပ်မယ်ဆိုတာဟုတ်ပါတယ်။ လျော်ကြေးကအစ အားလုံးကို စနစ်တကျ ညှိနှိုင်းဆောင်ရွက် သွားမှာပါ''ဟု အဆင့်မြင့်အရာရှိ တစ်ဦးက သြဂုတ်လ ၂ဝ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။ စီမံကိန်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲတစ်ခုကို စက် တင်ဘာလ ၁၁ ရက်က မြစ်ကြီး နားမြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ ပြီး ပြည်နယ်ဝန်ကြီးချုပ်အပါအ ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဘာ သာရေး လူမှုရေးအသင်းများနှင့် ပြည်သူများ ပါဝင်ခဲ့ကြောင်း၊ စီမံ ကိန်းမှာ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ များ အလုပ်အကိုင်နှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့အတွက် ဆောင်ရွက် ခြင်းဖြစ်သည်ကို အသိပေးပြော ကြားခဲ့ကြောင်း ကချင်ပြည်နယ် ဝြန်ကီး ချုပ်၏် ကိုယ်ရေးအရာရှိက 7 Days သို့ပြောသည်။
စီမံကိန်းအကောင်အထည်ဖော်မည့် ဝိုင်းမော်မြို့နယ် မိုင်း လားကျေးရွာအုပ်စုတွင် စပါး၊ ဆီ ထွက်သီးနှံ၊ သစ်မွှေးတို့ကို အဓိက စိုက်ပျိုးကြပြီး အခြားဒေသမှ စိုက် ပျိုးရေးလာရောက်လုပ်ကိုင်သူ များပါဆိုလျှင် လူဦးရေသောင်း ဂဏန်းရှိကြောင်းသိရသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties