By Ra Wai, Shweproperty.com
Updated at 9 February 2022
ဂရန်ထုတ်ပေးရင် နှစ်တိုလား၊ နှစ်ရှည်လား ဆိုတာကို စိတ်ဝင်စားကြပါတယ်။ မြေငှားဂရန်တွေမှာ အသုံး များတဲ့ နှစ်တို၊ နှစ်ရှည် မြေငှားဂရန်ဆိုတာက… ၁။ လိုင်စင် (၁)နှစ်မှ (၃)နှစ်အထိ ပေးတာပါ။ သက်တမ်းတိုးလို့ မရပါဘူး။ သက် တမ်းကုန်ရင် အစိုးရမြေ ပြန်ဖြစ်သွားပါတယ်။ ဖယ်မပေးရင် ကျူးကျော်ဖြစ်သွားပါတယ်။ တရားစွဲပြီး နှင်ထုတ်လို့ ရပါတယ်။ မြေကို ထပ်လိုချင်ရင် ပြန်လျောက်ယူရပါတယ်။ ၂။ နှစ်တို (၁၀)နှစ် မြေငှားဂရန် ချထားပေးတာပါ။ သက်တမ်းတိုးလို့မရပါဘူး။ သက်တမ်းကုန်ရင် အစိုးရမြေ ပြန်ဖြစ်သွားပါတယ်။ ဖယ်မပေးရင် ကျူးကျော်ဖြစ်သွားပါတယ်။ တရားစွဲပြီး နှင်ထုတ်လို့ ရပါတယ်။ မြေကို ထပ်လိုချင်ရင် ပြန်လျောက်ယူရပါတယ်။ ၃။ နှစ်ရှည် နှစ်ပေါင်း (၃၀)မြေငှားဂရန်၊ စပေးရင် နှစ်ပေါင်း သုံးဆယ်ပေးပါတယ်။ သက်တမ်းကုန်ခါနီးရင် သက်တမ်းထပ်တိုးလို့ရပါတယ်။ တစ်ကြိမ် နှစ်ပေါင်း ၃၀ နဲ့ နှစ်ပေါင်း ၉၀ အထိ သက်တမ်းတိုးနိုင်ပါတယ်။ နှစ် ၉၀ ပြည့်ရင်တော့ ပြန်လျောက်ရပါမယ်။ နှစ်ရှည်ဂရန်မှာ သာမန်အားဖြင့် နှစ်ကိုးဆယ်ဆိုပေမဲ့ အခြေ အနေအရ လိုအပ်ရင် နှစ်အကန့်အသတ်မရှိ သက်တမ်းတိုးနိုင်တဲ့ မြေငှားဂရန်ကို လျောက်ထားနိုင်ပါတယ်။ ဧက အနည်းအများမခွဲပဲ ဗဟိုအထိတင်ပြပြီးမှ ခွင့်ပြုချက်ရယူပြီး ချထားပေးနိုင်ပါတယ်။ လိုင်စင် နှစ်တို နှစ်ရှည် သက်တမ်းတိုးခွင့် ရှိ မရှိ ဆိုတာကို ဘယ်လိုသိနိုင်သလဲဆိုရင် ဂရန်စာချုပ်ရဲ့ ခေါင်းစဥ်မှာ သေချာရေးထားပါတယ်။ နှစ်တို နှစ်ရှည် လိုင်စင်လို့ ရေးသားဖော်ပြထားပြီး သက်တမ်း တိုးခွင့်မရှိလို့ပါရင် နှစ်တိုဂရန် (နှစ်ကာလကို စာချုပ်ထဲမှာ ရေးထားပါတယ်)၊ နှစ်ပေါင်း ၉၀ အထိ သက်တမ်းတိုးခွင့်ရှိသည်လို့ပါရင် နှစ်ရှည်ဂရန်ဖြစ်ပါတယ် (နှစ်ကာလအပိုင်းအခြားကို စာချုပ်ထဲမှာ ရေးထားပါတယ်)။ လူတိုင်းကတော့ နှစ်ရည် မြေငှားဂရန်ပဲ လိုချင်ကြမှာပါ။ အကန့်အသတ်မရှိရနေလေ ပိုကြိုက်လေ ဖြစ်မှာပါ။ ဒါကြောင့် မြေငှားဂရန်ချထားပေးရင် နှစ်တိုလား နှစ်ရှည်လား၊ ဘယ်အချက်တွေက အဓိကအရေးကြီးပါသလဲ ဆိုတာကို ဥပဒေအရ သိထားသင့်ပါတယ်။ ဂရန်ချထားပေးသူကလည်း နှစ်တို နှစ်ရှည် ကိုယ်သတ်မှတ်ချင် သလို သတ်မှတ်ရတာ မဟုတ်ပဲ ဥပဒေနဲ့အညီ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ မလိုအပ်ပဲ နှစ်တိုမြေငှားဂရန် တွေ ချထားပေးလို့မရပါဘူး။ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ ပုဒ်မ ၇ မှာ အငှားချထားပေးရမည့်မြေပေါ်တွင် အငှားချထားပေးရန် တောင်းခံသူက ရေရှည်နေထိုင်မည့် အဆောက်အအုံအဖြစ် ဆောက်လုပ်ရန် ရည်ရွယ်ချက်ရှိပါက ထိုအငှားချ ထားမှုကို နှစ်ပေါင်း ၃၀ အောက် လျော့နည်း၍ ချထားပေးခြင်း မဖြစ်စေရ။ အငှားချထားသည့် ကိစ္စရပ်များ တွင် မူလအငှားချထားသည့် နှစ်အပိုင်းအခြား ကုန်ဆုံးစေ့ရောက်သည့်အခါ အငှားချမှု သက်တမ်းတိုးခြင်းဖြင့် မူလအငှားချထားမှု စတင်သည့် ကာလမှစတင်၍ အများဆုံး နှစ်ပေါင်း ၉၀ အထိ အငှားချထားရန်သော် လည်းကောင်း၊ အထူးကိစ္စရပ်များတွင် ဘဏ္ဍာတော်မင်းကြီး၏ အမိန့်နှင့် အစဉ်မပြတ် အငှားချထားရန်သော် လည်းကောင်း အငှားချထားမှု စာချုပ် စာတမ်းတွင် ဖော်ပြရမည်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၈ မှာ အငှားချထားရမည့်မြေတွင် အငှားချထားပေးရန် တောင်းခံသူက သာမန် အဆင့်မျှသော အဆောက်အအုံ ဆောက်လုပ်မည် ဖြစ်ပါက ထိုအငှားချထားမှုကို ၁၀ နှစ် ကာလအတွက်သာ ချထားပေး ရမည်။ ယင်းအငှားချထားပေးမှုအတွက် သက်တမ်းတိုးခွင့် မရှိစေရလို့ ပြဌာန်းထားပါတယ်။ ဒီနည်းဥပဒေပြဌာန်းချက်များအရ မြေငှားဂရန် လျှောက်ထားသူက ရေရှည်နေထိုင်ဖို့ ရည်ရွယ်ချက်ရှိပြီး တောင့်တင်း ခိုင်မာတဲ့အဆောက်အအုံ ဆောက် လုပ်ဖို့ ရည်ရွယ်ချက် ရှိရင် နှစ်တိုမြေငှားဂရန် ထုတ်ပေးခြင်း မပြုရပါဘူး။ နှစ်ရှည်မြေငှားဂရန်ပဲ ထုတ်ပေးရမှာ ဖြစ်ပါတယ်။ နှစ် ၃၀ ထက်ပိုပြီး ကန့်သတ် ချက်မရှိ သက်တမ်းတိုးခွင့်ရှိတဲ့ မြေငှားဂရန် လိုအပ်ရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ ခွင့်ပြုမိန့်နဲ့ ထုတ်ပေးနိုင်ပါတယ်။ မြေငှားဂရန် ထုတ်ပေးရာမှာ ဥပဒေအရ "ရေရှည်နေထိုင်မည့် အဆောက်အအုံအဖြစ် ဆောက်လုပ်ရန် ရည်ရွယ်ချက်ရှိပါက ထိုအငှားချထားမှုကို နှစ်ပေါင်း ၃၀ အောက် လျော့နည်း၍ ချထားပေးခြင်း မဖြစ် စေရ"လို့ပါတဲ့အတွက် ဒါကို ဘယ် လို သတ်မှတ်မလဲဆိုတာ အမိန့်ဆင့်ဆိုချက် ၅၄ (ဇ) မှာ ရှင်းလင်းထား ပါတယ်။ လိုင်စင်နှင့် နှစ်တို မြေငှားဂရန်တို့ကို မလိုအပ်ဘဲ ထုတ်ပေးခြင်းမှ ရှောင်ကြဉ်ရန်၊ မကြာခဏ သက်တမ်းတိုး အသစ်လဲလှယ်ရခြင်းက အခွန်တော် အရာရှိများအတွက် အလုပ်ပိုစေပြီး လျှောက်ထားသူများအတွက်လည်း ကုန်ကျစရိတ်များ ပိုများစေကြောင်း၊ ရေရှည်တည်မြဲ အသုံးပြုသော အဆောက်အအုံတစ်လုံးကို ဆောက်လုပ် မည်ဖြစ်ကြောင်း အဆိုပြုတင်ပြထားသည့် အမှုများတွင် နှစ်ရှည် မြေငှားဂရန်များ ထုတ်ပေးရန်ဖြစ်ကြောင်း၊ အခြားအမှုများတွင် ၁၀ နှစ် မြေငှားဂရန်များ ထုတ်ပေးရန်ဖြစ်ကြောင်း၊ မြို့၏အခြေအနေများအပေါ် မူတည် ၍ ခိုင်မာသော အဆောက်အအုံကို မည်သည့်အရာများဖြင့် တည်ဆောက်သည်ဟူသော အချက်အပေါ်မူတည် ၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အဆောက် အအုံ၏ နံရံများ၊ တိုင်များ၊ အခင်းများသည် သစ်သားမဟုတ်သော တာရှည်ခံမှုနည်းပါးသည့် ပစ္စည်းများ ဖြစ်လိမ့်မည် မဟုတ်ကြောင်း၊ အဆောက် အအုံ၏ အမိုးသည်လည်း တာရှည်ခံခြင်းမရှိသည့် ပစ္စည်းမျိုး ဖြစ်လိမ့်မည် မဟုတ်ကြောင်း၊ အပူပိုင်းဒေသရှိ မြို့များမှ အိမ်များသည် ဝါးထရံများကို ကာရံထားကြပြီး အမိုးသည်လည်း ဝါးကပ်မိုးများသာ ဖြစ်ကြောင်း၊ ဤသို့ သဘောသဘာဝရှိ သည့် အဆောက်အအုံများသည်လည်း ထုံးတမ်းစဉ်လာအရ အမြဲတမ်း နေထိုင်သူများဖြစ်လျှင် နှစ် ၃၀ မြေငှားဂရန် ထုတ်ပေးနိုင်ကြောင်း၊ ထူးခြားသော အခြေအနေများ (ဥပမာ မည်သို့အဆောက်အဦဆောက် လုပ်ရမည်ဟု ဒေသန္တရအမိန့် ထုတ်ပြန်ထားသော ဒေသများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးက မြို့ပြအင်္ဂါရပ် တိုးတက်ကောင်းမွန်စေရန် သို့မဟုတ် မြေငှားခများကို သင့်လျော်သလို ပြန် လည်သုံးသပ်ရန် သို့မဟုတ် ခရိုင်ရုံး၌ မြေငှားဂရန်အမှုတွဲများစုပုံပြီး လက်ခံရရှိမှုကို ရှောင်ရှားရန်) အတွက် မြေငှားဂရန်များ၏ သက် တမ်းကာလကို လိုအပ်သလို သတ်မှတ်ခွင့်ပြုနိုင်ကြောင်းရှင်းလင်းထားပါတယ်။ (ဒါက အမိန့်ဆင့်ဆိုချက်ကို နားလည်လွယ်အောင် ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။) အမိန့်ဆင့်ဆိုချက်မှာ အဓိက ဆိုလိုတာက ရေရှည်တည်မြဲတဲ့ အဆောက်အအုံ ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာက ဆောက်လုပ်ရေးသုံးပစ္စည်းနဲ့ ဆုံးဖြတ်တာထက် ရေရှည်နေထိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က ပိုအရေးကြီး တယ် ဆိုတာ ပေါ်လွင်ပါတယ်။ ရေရှည် နေ မနေ ဆိုတာကိုအဓိကထား စဉ်းစားပြီး ရေရှည် နေထိုင်ဖို့ ရည်ရွယ် ချက် ရှိရင်၊ ထင်ရှားရင် နှစ်ရှည် မြေငှားဂရန် ထုတ်ပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။ အဆောက်အအုံကိုပဲ ကြည့်ပြီး လိုင်စင်/နှစ်တို ဂရန်ထုတ် ပေးခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြေငှားဂရန်များ ချထားပေးရာမှာ ရေရှည်နေထိုင်မည့်သူများအတွက် နှစ်ရှည်မြေငှားဂရန် များ ကိုသာ ခွင့်ပြုထုတ်ပေးရမည်ဖြစ်ပါကြောင်းနှင့် မလို အပ်ပဲ နှစ်တိုမြေငှားဂရန်များ ချထားပေးခြင်းကို သတိပြု ရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မြေပေးမိန့် (သို့) ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ အထူးကိုယ်စားလှယ်လွှဲစာ SP (SPECIAL POWER) လွှဲယူသည့်နည်းလမ်းနှင့်သတိပြုရမည့်အချက်များ ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား စာချုပ်ချုပ်မည်ဆိုလျှင် ရက်စွဲမပါသည့် စာချုပ်များ ကိစ္စ Credit By: Myo Min Htun (DVB Lawlab) Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties