By Eleven Media Group, Shweproperty.com
Updated at 21 May 2015
သီလဝါဆိပ်ကမ်းနယ်မြေရှိ မြေ ၆၁ ဧကကျော်ပေါ်တွင် BOT စနစ်ဖြင့် ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် Diamond Star ကုမ္ပဏီအား ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။ အဆိုပါ လုပ်ငန်းကို လုပ်ကိုင်ရန် မေ ၁၈ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၉/၂၀၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် မြေဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းဆောင်တာများဖြစ်သည့် ဓာတ်မြေသြဇာစက်ရုံ၊ ဂျုံစက်၊ ဆီကြိတ်ခွဲခြင်း၊ ဆန်အပါအဝင် ကောက်ပဲသီးနှံများ ကြိတ်ခွဲခြင်း၊ စားသုံးဆီအမျိုးမျိုး ဆီအမျိုးမျိုး၊ သကြားစသည့် ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီး သန်လျင်ကျောက်တန်းနယ်မြေရှိ မြေကွက် အမှတ် ၃၀ ရှိ မြေ ၃၇ ဒသမ ၀၆ ဧကနှင့် ၎င်းမြေကွက်နှင့် ကပ်လျက်ရှိသော မြစ်ကြောဘက်မြေကွက်ရှိ မြေ ၂၄ ဒသမ ၇၁ ဧက စုစု ပေါင်းမြေ ၆၁ ဒသမ ၇၇ ဧက သီလဝါဆိပ်ကမ်းတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်၊ ထိုင်း၊ စင်ကာပူနှင့် ထိုင်ဝမ် စသည့်နိုင်ငံများမှ ကုမ္ပဏီများက ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန် အပိုင်း ၁ ရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု စက်ရုံရှစ်ရုံကို မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ပြည်ပအခြေစိုက် စီးပွားရေးလုပ်ငန်းများနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း သီလဝါအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်မြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ကြောင်း သိရသည်။ Ref : eleven media group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties