By 7daydaily, Shweproperty.com
Updated at 3 November 2015
အများပိုင်ကုမ္ပဏီအသစ် များအနေဖြင့် ရှယ်ယာများရောင်း ချနိုင်ရန် စံနှုန်းသတ်မှတ်ချက်များ မကြာခင် သီးသန့်ထုတ်ပြန်၍ ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချရန်စံနှုန်း သတ်မှတ်ချက် ၁၇ ချက် ထုတ်ပြန် ထားရာ၌ အမြတ်ငွေ ၂ နှစ်ရှိရမည်ဟူသော အချက်ကြောင့် တည် ထောင်စ ကုမ္ပဏီနှင့် ကုမ္ပဏီအ သစ်များ ပါဝင်ခွင့်မရ၍ ယခုကဲ့ သို့ ထပ်မံထုတ်ပြန်ရခြင်း ဖြစ် ကြောင်း ချေးငွေသက်သေခံလက် မှတ်ရောင်းချရေး လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
‘‘အခုစံနှုန်းသတ်မှတ်ထား တာ ဖွဲ့ပြီးသား ကုမ္ပဏီတွေအ တွက် ထုတ်ထားတာ။ အသစ်ဖွဲ့ ထားတဲ့ကုမ္ပဏီအတွက်မဟုတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂ နှစ် အမြတ်ရှိရမယ်ဆိုတော့ အသစ်ဖွဲ့မယ့်ကုမ္ပဏီမှာ မရှိနိုင်ဘူး။ ၁၇ ချက်က ရှိပြီးသား၊ အလုပ်ဖြစ်ပြီး သားတွေအတွက် ထုတ်ထားတာ’’ ဟု၎င်းက ဆက်လက်ပြောသည်။
အထက်ပါစံနှုန်းသတ်မှတ် ချက်တွင် ယခင်စံနှုန်းသတ်မှတ် ချက် ၁၇ ချက်ထက် လျော့နည်း မည်ဖြစ်ပြီး ယင်းအချက်များကိုက် ညီမှသာ ရန်ကုန်စတော့အိတ်ချိန်း မှတစ်ဆင့် ရှယ်ယာထုတ်ရောင်းချခွင့်ရှိကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာများထုတ်ရောင်း ရန် စိတ်ဝင်စားမှုဖော်ပြလွှာတင် ပြရန် အောက်တိုဘာ၌ ကြေညာခဲ့ ရာ လက်ရှိလုပ်ငန်း လည်ပတ်နေ သည့်ကုမ္ပဏီခုနစ်ခုမှ ၁၀ ကြားက စာရင်းတင်သွင်းကြပြီး လက်ရှိ နာမည်ကြီးဘဏ်လုပ်ငန်းများလည်း လျှောက်ထားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောသည်။
‘‘ရန်ကုန်စတော့အိတ်ချိန်း မှာ စာရင်းမတင်သေးတာက စတော့အိတ်ချိန်းကို စောင့်ကြည့် ချင်သေးလို့ပါ။ နောက်ပြီး ဒီမှာက နိုင်ငံခြားသားရောင်းခွင့်မရှိတာ က သိပ်စိတ်မဝင်စားသေးတာ။ ပြည်တွင်းကုမ္ပဏီရှယ်ယာကို နိုင် ငံခြားသားရောင်းဖို့ စိတ်ဝင်စား တယ်။ ပြည်တွင်းက အစုရှယ်ယာ က ရှိပြီးသားဆိုတော့ သိပ်တော့ စိတ်မဝင်စားသေးတာပါ’’ဟု တောင်သူလယ်သမားအများပိုင် ကုမ္ပဏီဒါရိုက်တာ ဒေါက်တာစိုး ထွန်းက ပြောသည်။
ယခုကော်မရှင်က ထုတ်ပြန် ထားသည့် အချက်များအနက် လျှောက်ထားသည့် နေ့မတိုင်မီ အ နည်းဆုံး ၂ နှစ်ကာလအတွင်း လုပ်ငန်းအမြတ်ရှိရမည်ဟူသည့် အချက်သည် ကုမ္ပဏီကြီးပါဝင်ရန် အခက်အခဲဖြစ်ပြီး ပြည်တွင်းကုမ္ပ ဏီများနှင့် ဖက်စပ်ကုမ္ပဏီများ သာပါဝင်ခွင့်ရမည်ဖြစ်သော ကြောင့် စိတ်ဝင်စားမှုနည်းပါးနိုင် သည်ဟု ၎င်းက သုံးသပ်သည်။
Ref : 7daydaily
Photo Credit : Health 101
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties