By Eleven Media Group, Shweproperty.com
Updated at 14 May 2019
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အိမ်ရာ စီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ပြည်သူ့အရောင်း အိမ်ရာများကို ဒုတိယအသုတ်အဖြစ် တိုက်ခန်းပေါင်း ၃၀၀ ကျော် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်း ၈၆၀ ကျော်ကို ရောင်းချပေးခဲ့ရာ ရန်ကုန်မြို့ရှိ ပြည်သူများအတွက် ၃၅ ရာခိုင်နှုန်း၊ နိုင်ငံဝန်ထမ်းနှင့် ကုမ္ပဏီ ဝန်ထမ်းများအတွက် ၂၅ ရာခိုင်နှုန်းစီနှင့် အငြိမ်းစား ဝန်ထမ်းများအတွက် ၁၅ ရာခိုင်နှုန်းဖြင့် မဲနှိုက် ရောင်းချပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
ပြည်သူ့အရောင်းအိမ်ရာ ဝယ်ယူခွင့် တန်းစီဇယားသည် လူမှုရေးအုပ်စု (ပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ အငြိမ်းစား)၊ ဝင်ငွေအုပ်စု (ပထမအုပ်စု ငါးသိန်းနှင့်အောက်၊ ဒုတိယအုပ်စု ငါးသိန်းအထက်) ဖြင့် ခွဲခြား ဖော်ပြထားကြောင်း သိရသည်။
ထုတ်ပြန်ထားသည့် ဇယားများတွင် အရောင်ဖြင့် ဖော်ပြထားသော လျှောက်ထားသူများသည် အသုတ်လိုက် ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း၊ ကျန်ရှိသော တန်းစီဇယားပါ လျှောက်ထားသူများကို နောင်တွင် ထပ်မံ ထုတ်လုပ်မည့် တိုက်ခန်းများအား တန်းစီဇယားအတိုင်း ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်အထိ လက်ရှိ သက်တမ်းအတွင်း အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာ သုံးခု ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“တိုင်းဒေသကြီး အစိုးရအနေနဲ့ လက်ရှိ သက်တမ်း ၂၀၂၁ အထိ Strategy သုံးခုနဲ့ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်နေပါ တယ်။ ပထမ တစ်ခုက တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေ ပိုမို ထုတ်လုပ်ဖို့၊ ဒီလို ထုတ်လုပ်တဲ့ အချိန်မှာလည်း သင့်တော်တဲ့ Instrument တွေ ကျွန်တော်တို့ မြေကို အခမဲ့ ထည့်တာတို့ တန်ဖိုးရှိတဲ့ မြေနေရာ အကျိုးအမြတ်တွေကို တန်ဖိုးသင့် တန်ဖိုးနည်း အိမ်ရာတွေ မှာ ထည့်သွင်းပေးဖို့ Recommendation – 2 ဖြစ်တဲ့ အိမ်ရာ ထုတ်လုပ်ရေးကို Public Production မြှင့်တင်နိုင်ဖို့အတွက် လက်ရှိ ဆောင်ရွက်ဖို့ ဒါကို မဟာဗျူဟာအနေနဲ့ ဆောင်ရွက်နေပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Ref : Eleven Media Gruop
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties