By Myanmar Builders Guide, Shweproperty.com
Updated at 7 December 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးရထားဘူတာရုံများအနီးတွင် တည်ရှိသည့် ပြည်သူ့အိမ်ရာများကို ပြန်လည်အဆင့်မြှင့်တင်ရာတွင် Transit Oriental Development (TOD)စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မူဝါဒနှင့်စီမံကိန်းဌာနမှ သိရသည်။
ထိုကဲ့သို့အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှ နည်းပညာအကူအညီများဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
"ရန်ကုန်မြို့မှာ တစ်ခုကောင်းတာက အိမ်ရာစီမံကိန်းအကုန်လုံးဟာ မီးရထားလမ်းနှင့် မနီးမဝေးမှာရှိတယ်။အဲဒီအခါမှာတော့ မီးရထားလမ်းအဆင့်မြှင့်တင်ရေးနှင့် မီးရထားဘူတာရုံကို Redevelopment Commercial နှင့်တွဲတဲ့စနစ်၊အိမ်ရာစခန်းနှင့် တွဲတဲ့ စနစ် တွေ TOD နဲ့လုပ်ဖို့ရှိတယ်။ကြို့ကုန်းဘူတာနားကနေစပြီး လုပ်ဖို့ရှိတယ်။"ဟုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မူဝါဒနှင့် စီမံကိန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြောကြားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လာမည့်နှစ်အတွင်းအိမ်ရာစီမံကိန်းသစ်များကို တည်ဆောက်ရန်အစီအစဉ်မရှိဘဲ လက်ရှိတည်ဆောက်နေသူများကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်းနှင့် သက်တမ်းပြည့်ပြီဖြစ်သော အိမ်ရာများကို ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ခြင်းတို့ကိုသာပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဦးဝိစာရအိမ်ရာကိုလည်း ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ရန် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties