By 7daydaily, Shweproperty.com
Updated at 31 May 2016
အများပြည်သူပိုင် မြေနေ ရာများအား ဌာနဆိုင်ရာများက ၎င်းတို့ပိုင်ဆိုင်သည့် မြေနေရာအ ဖြစ် သတ်မှတ်၍ ရောင်းချ၊ ငှား ရမ်းထားခြင်းများ ကို အများပြည် သူနှင့် သက်ဆိုင်သောနေရာ ပြန် လည်ဖြစ်ပေါ်လာရန် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် ဆွေး နွေးမည်ဖြစ် သည်။
မေလ ၃၀ ရက်က ကျင်းပ သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ သင်္ဃန်း ကျွန်းမြို့နယ် မဲဆန္ဒနယ် (၁) လွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်က အများပြည်သူပိုင်နေရာ များကို အများပြည်သူများ ပြန် လည်ပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်း ခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး က ယင်းအဆိုမှာ အရေးကြီး၍ ဆွေးနွေးသင့်ကြောင်း သဘော ထားမှတ်ချက်ပြုခဲ့၍ ဇွန်လ ၁၆ ရက်တွင် လွှတ်တော်၌ ဆွေးနွေးမည်ဟု ဆုံးဖြတ်ခဲ့သည်။
‘‘ရန်ကုန်တိုင်းအတွင်းမှာ ပြည်သူလူထုအတွက် ထားရှိခဲ့တဲ့ မြေနေရာတွေ ရှိခဲ့ပေမယ့် အဲဒီမြေ နေရာတွေဟာ ဌာနဆိုင်ရာတွေအ နေနဲ့ မိမိတို့ပိုင်ကဲ့သို့ သဘောထား ပြီး အကွက်ချ၊ ဂရန်ထုတ်ရောင်းချ တာတွေ၊ ငှားရမ်းတာတွေ၊ ကိုယ် တိုင်ကျူးကျော်တာတွေ ပြုလုပ်ခဲ့ တာကြောင့် တဖြည်းဖြည်းနဲ့ လျော့ပါးပျောက်ဆုံးလာတာကို ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်’’ ဟု ဦးနေဘုန်းလတ်က အထက်ပါ အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အဆိုတင်သွင်း ရာတွင် သင်္ဃန်းကျွန်းဈေးမီး လောင်ပြီးနောက်ပိုင်း စည်ပင်သာ ယာဈေးများဌာနနှင့် အောင် ကောင်းကျော် ကုမ္ပဏီတို့က အ ဆင့်မြင့်ဈေးအဖြစ် ပြောင်းလဲအ ကောင်အထည်ဖော်ရာ၌ အများပြည်သူပိုင်လမ်းကို ဥပဒေချိုး ဖောက်၍ နှစ်ထပ် အဆောက်အ အုံဆောက်လုပ်ထားကြောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ပြည်သူပိုင်နေ ရာ၊ ဘောလုံးကစား ကွင်းများကိုဌာနဆိုင်ရာများက အဆောက်အ အုံများ ဆောက်လုပ်၍ငှားရမ်း၊ ရောင်းချထားကြောင်း ဦးနေဘုန်း လတ်က ဥပမာပေး တင်ပြခဲ့သည်။
‘‘ဒီအဆိုဟာ အရေးကြီးတဲ့ အဆိုဖြစ်ပါတယ်။ အများပြည်သူ ပိုင်နေရာများကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်ဖို့ စီစဉ်ဆောင် ရွက်ဖို့ဆိုတာက ပြန်စဉ်းစားဖို့လို ပါတယ်။ ဒါဟာ ယေဘုယျကျပြီး တိကျတဲ့အဖြေထုတ်ဖို့ လိုပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက သဘောထားမှတ်ချက်ပြုခဲ့သည်။
အထက်ပါအဆိုကို ထောက် ခံသည့် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ် စားလှယ်ဒေါ်ကြည်ပြာက အများ ပြည်သူနေရာများသည် အများ ပြည်သူပိုင်ဖြစ်သင့်ပြီး ပြည်သူလူ ထု၏ ဖွံ့ဖြိုးရေးကဏ္ဍအတွက် အသုံးပြုခြင်းသာဖြစ်သင့်ကြောင်း နှင့် ရန်ကုန်မြို့ရှိ အများပြည်သူ ပိုင်နေရာများ တဖြည်းဖြည်း လျော့နည်းလာကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
Ref : 7daydaily
Photo Crtedit : heybirn
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties