By Myanmar Builders Guide, Shweproperty.com
Updated at 21 March 2019
ပုဇွန်တောင်မြို့နယ်ရှိ ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Invitation for Expression of Interest- EOI) ဖိတ်ခေါ်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲပြီး ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက် ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံဖြိုးရေး (Redevelopment) စီမံကိန်းအား Yangon Metropolitan Development Public Co.,Ltd မှ Developer အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ် သည်။
ပြည်တော်သစ်ပြန်လည်ဖွံဖြိုးရေးစီမံကိန်း ဒုတိယအဆင့် (Phase-2) တွင် Master Plan အရ ပါဝင်သော Shopping Mall, Condominium and Office Tower များအား Sub-Developer အဖြစ် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသော ပြည်တွင်း ပြည်ပကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ (Invitation for Expression of Interest- EOI) ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
အဆိုပါ EOI အတွက် ပုံစံဈေးနှုန်းကို ကျပ် ၁၀,၀၀၀ သတ်မှတ်ထားပြီး စီမံကိန်း၏ Master Plan, Boundary Map, EOI Form & Regulation များ ပေးအပ်မည်ဖြစ်ကြောင်း Yangon Metropolitan Development Public Co.,Ltd မှ သိရသည်။
အိတ်ပိတ်တင်ဒါသွင်းရန် စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် Conceptual Master Plan များနှင့် လျှောက်လွှာပုံစံများအား ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်မှ စ၍ Yangon Metropolitan Development Public Co.,Ltd အမှတ် (၅၅)၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြျု့နယ်တွင် ရုံးချိန်တွင်း လာရောက်ဝယ်ယူနိုင်ပါသည်။
တင်ဒါလှောက်လွှာများကို သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး လျှောက်လွှာတန်ဖိုးအား ပြန်လည်ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။ အိတ်ပိတ်ထားသည့် စိတ်ဝင်စားမှုအဆိုပြုလွှာများအား အထက်ဖော်ပြပါလိပ်စာသို့ ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက် ညနေ ၃ နာရီမတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties