By kumudra, Shweproperty.com
Updated at 18 September 2014
ခြောက်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်တော့မယ် မြောင်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမမှာ ဆောက်လုပ်မယ့် Union(1)(2)(3) အဆင့်မြင့် လူနေတိုက်ခန်းကျယ်တွေကို စတင်ရောင်းချပေးနေပြီလို့ သိရပါတယ်။
'အရစ်ကျစနစ်က ၂၄ လပါ၊ အခန်းအကျယ်တွေက Union (1)(၂) ဆို ကျပ်သိန်း ၁၁၀၀ ဝန်းကျင်ရှိပြီး Union(3) ကျပ်သိန်း ၁၁၈၅ ဝန်းကျင်အထိ ရှိတယ်၊ မြေကတော့ ဂရန်အမျိုးအစားပါ' လို့ သရီးဖရန့် ဆောက်လုပ်ရေးမှ တာဝန်ရှိသူက ပြောပါတယ်။
စီမံကိန်းကာလက (၂) နှစ်ဖြစ်ပြီး အထပ်အရေအတွက်က ပန့်ဟောက်စ် အပါအဝင် ရှစ်ထပ်ခွဲဖြစ်ပါတယ်။ အခန်းက ၁၆ ခန်းပါဝင်ပါတယ်။
'အရစ်ကျစနစ်နဲ့ ငွေပေးချေလို့ရပြီး အခန်းရဲ့ ကျသင့်ငွေပေါ် မူတည်ပြီး ၂၄ လနဲ့စားပြီး လစဉ်သွင်းရမှာပါ' လို့ သရီးဖရန့် ဆောက်လုပ်ရေးမှ တာဝန်ရှိသူက ပြောပါတယ်။
သည်အဆင့်မြင့် လူနေတိုက်ခန်းကျယ်မှာ ဓာတ်လှေကား၊ ထရန်စဖော်မာ၊ ဂျင်နရေတာ၊ ကိုယ်ပိုင်မီတာ၊ မော်တာ၊ လိပ်စာက ပြည်ထောင်စုလမ်း၊ (၂၈) နဲ့ (၂၉) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် ဖြစ်ပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties