By The Kumudra, Shweproperty.com
Updated at 23 June 2015
မြေအရောင်းအဝယ်နှင့် ပတ်သက်ပြီး ငွေကြေးအရှုပ်အရှင်း ပြသနာတွေကြောင့် အရောင်းအဝယ် ရပ်တန့်နေတယ်လို့ နယ်မြေခံ အကျိုးဆောင်တချို့က ပြောပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေတွေကို အိမ်ခြံမြေဝယ်ရောင်း ပွဲစားတစ်ဦးက အကွက်ရိုက် ရောင်းချရာမှာ မြေကွက်တစ်ခုတည်းကို ဝယ်လက် နှစ်ဦးသုံးဦးရောင်းချထားတဲ့ ပြသနာ ပေါ်ပေါက်နေပါတယ်။
"အခုပဲ အဲဒီလို ကြုံတွေ့နေရတာ အကွက်ကိုထပ်ပြီးရောင်းတာ၊ အဲဒီလိုဖြစ်နေတာတွေ အများကြီးပဲ၊ ကျွန်တော်က ကျွန်တော့်တစ်ဆင့်ပဲ ရောင်းထားတာ၊ တချို့အကွက်တွေကျတော့ နှစ်ဆင့်သုံးဆင့် ရောင်းထားကြတာ"လို့ အကွက်ထပ်မြေဝယ် မိထားသူ မုံရွာမြို့ခံတစ်ဦးက ဆိုပါတယ်။
အကွက်တစ်ခုတည်းကို လေးငါးဦးခန့် ရောင်းချထားတာကြောင့် ရောင်းသူနဲ့ ဝယ်သူအကြား မပြေလည်မှုတွေ ရှိနေပြီး အဆိုပါမြေတွေကို မုံရွာ၊ မန္တလေး နဲ့ ရန်ကုန်ဝယ်လက်တွေက ဝယ်ယူထားကြတာ ဖြစ်ပါတယ်။
အရှယ်ရှင်းပြသနာတွေကြောင့် တစ်ချိန်က အရောင်းအဝယ်သွက်ခဲ့တဲ့ ပြင်ဦးလွင်က လယ်ယာမြေ အရောင်းအဝယ် ဈေးကွက်တစ်ခုလုံးဟာ အခုုဆိုရင် ဝယ်သူမရှိပဲ ဖြစ်နေတယ်လို့ နယ်မြေခံ ပွဲစားအချို့က ပြောပါတယ်။
"ဝယ်သူက တွန့်သွားပြီ၊ ဘယ်လိုအာမခံခံ မယုံကြည်ချင်တော့ဘူး၊ နဂိုကမှ အေးနေတာ၊ အခုလို ကိစ္စတွေ ဖြစ်တော့ အရောင်းအဝယ်က လုံးဝရပ်သွားတာ၊ ဘာမြေမှ အရောင်းအဝယ်မဖြစ်ဘူး"လို့ ပြင်ဦးလွင်မြို့ အနီးစခန်း လေယာဉ်ကွင်းအနီးရှိ ဆင်ခေါင်းကြီး ကျေးရွာနေ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဝယ်လက်မရှိလို့ အရောင်းအဝယ်ကျဆင်းလာတာနဲ့ အမျှ ဈေးနှုန်းပါကျဆင်းလာခဲ့ပြီး အခု လဆန်းပိုင်းက ကျပ်သိန်း (၄၀) ခန့် ပေါက်ဈေးရှိခဲ့သော ပေ (၄၀) မြေကွက်ဟာ အခုကျပ် သိန်း (၃၀) ခန့်သာ ပေါက်ဈေး ရှိတော့တယ်လို့ သိရပါတယ်။ ပြင်ဦးလွင် မြေအရှုပ်အရှင်း ပြသနာကြောင့် မန္တလေး ပတ်ဝန်းကျင် လယ်ယာမြေ အရောင်းအဝယ်ဈေးကွက်ကိုပါ ဂယက်ရိုက်စေပါတယ်။
မန္တလေးမြို့ကနေ ပြင်ဦးလွင်သွားတဲ့ ကားလမ်းနံဘေး ပတ်ဝန်းကျင်က မြေယာတွေ၊ ပုသိမ်ကြီးမြို့နယ်သွား ကားလမ်းနံဘေးပတ်ဝန်းကျင်က မြေယာတွေ၊ အတ္တရာဘက်သွားတဲ့ ကားလမ်းနံဘေးပတ်ဝန်းကျင်က မြေယာတွေနဲ့ စစ်ကိုင်း၊ တံတားဦး၊ ပတ်ဝန်းကျင်က မြေယာတွေပါ အခုအခါ အရောင်းအဝယ်ရပ်နေတယ်လို့ နယ်ခံအကျိုးဆောင်တချို့က ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties