By Lae' Moe, Shweproperty.com
Updated at 19 August 2015
မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ အကျိုးတူပူးပေါင်း တည်ဆောက်ထားတဲ့ ပြည်တော်သာအိမ်ရာ စီမံကိန်းရဲ့ အခန်းဈေးနှုန်းတွေ ထွက်ရှိနေပြီလို့ သိရပါတယ်။
"မူလနေထိုင်သူ ပြည်သူတွေရဲ့ အခန်းတွေကို အောက်တိုဘာလမှာ ပြန်အပ်မှာပါ၊ ကုမ္ပဏီက ရောင်းချမယ့် အခန်းတွေကိုတော့ ရောင်းချဖို့ အချိန်မသတ်မှတ်ရသေးပါဘူး"လို့ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။
ရောင်းချမယ့် အခန်းတွေရဲ့ ဈေးနှုန်းကတော့ တစ်ပေပတ်လည်ကို ကျပ် (၁၈၀,၀၀၀) ဝန်းကျင်ကနေ ကျပ် (၂၀၀,၀၀၀) ဝန်းကျင်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အခန်းအမျိုးအစားအစုံ ဝယ်ယူနိုင်ပြီး အကျယ်တွေက (ပေ ၃၀ × ပေ ၆၀) ၊ (ပေ ၃၀ × ပေ ၈၀) စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ထားတယ်လို့ သိရပါတယ်။
၎င်းအိမ်ရာစီမံကိန်းမှာ အားကစားခန်းမ၊ ကလေးကစားကွင်း၊ အင်တာနက်ဆိုင် စတာတွေ ပါဝင်မှာဖြစ်ပြီး ကားပါကင်လည်း ထည့်သွင်းပေးထားပါတယ်။
အထပ်အမြင့်က (၁၂) ထပ်ဖြစ်ပြီး အခန်းပေါင်း (၂၀၀) ကျော်ပါဝင်တယ်လို့ သိရပါတယ်။ ၎င်းအိမ်ရာစီမံကိန်းကို မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ မဟာနဝရတ်မြေ ဆောက်လုပ်ရေး ဂရု(ပ်)ကုမ္ပဏီနဲ့ Triple Aung ဆောက်လုပ်ရေး ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း တည်ဆောက်တာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : Lae' Moe
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties