By Kumudra, Shweproperty.com
Updated at 7 January 2019
အိမ်ရာစီမံကိန်းဟာ မြစ်သုံးမြစ်ရဲ့ ထိပ်မှာရှိပါတယ်၊ ဒါ ကြောင့် အဆောက်အအုံပေါ်ကနေ ရန်ကုန်မြစ်ကို ကြည့်နိုင်မယ်။
ကျပ်ဘီလျံ ၁ဝဝဝ ရင်းနှီးမြှုပ်နှံမယ့် ပြည်တော်သစ် အိမ်ရာစီမံကိန်းကို ၂၀၂၂ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထား တယ်လို့ Yangon Metropolitan Development က သိရပါတယ်။
စီမံကိန်းဟာ ပုဇွန်တောင်မြို့ နယ် အောက်ပုဇွန်တောင်လမ်းမ ကြီးမှာ တည်ရှိပြီး မြေ ၄့ ၃၄၈ ဧက အကျယ်အဝန်းမှာ ကနဦးအ နေနဲ့ ၁၂ ထပ်ခွဲ တိုက်အဆောက်အအုံ တစ်လုံးကို စတင်ဆောက် လုပ်မှာ ဖြစ်ပါတယ်။ လူနေအိမ်အ ဆောက် အအုံတွေအပြင် နောက်ထပ်ရုံးခန်းတွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ကား ပါကင်အဆောက်အအုံတွေကို ဆက်ပြီး တည်ဆောက်သွားမှာဖြစ်ကြောင်း မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
အဆောက်အအုံတည်ဆောက် ရေးတင်ဒါကို ၂၀၁၈ ခုနှစ် အောက် တိုဘာ ၁၈ ရက်မှာ တင်ဒါခေါ်ယူခဲ့ ပြီး MKT Constr uction က တင် ဒါ အောင်မြင်ခဲ့ကြောင်း သိရပါ တယ်။ ရှစ်ခန်းတွဲ ၁၂ ထပ် အ ဆောက်အအုံကို ကနဦးတည် ဆောက်မှာဖြစ်ပြီး အခန်းပေါင်း ၁၇၈ ခန်းအတွက် အသုံးပြုနိုင်ဖို့ ကားစီးရေ ၃၇၈ စီး ရပ်နားနိုင်မယ့် ခြောက်ထပ်အဆောက်အအုံတစ်လုံး၊ ဓာတ်လှေကားလေးစင်း ပါဝင် မှာ ဖြစ်ပါတယ်။ နေထိုင်သူတွေကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းမှာ အပြီးသတ်နေရာချထားပေးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
စီမံကိန်းကို မြေလေးဧက ကျော်မှာ တစ်နှစ်ငါးလနဲ့ အပြီးသတ်တည်ဆောက်သွား မှာပါ။ ဗိသုကာကလည်း ပြင်သစ်ပညာ ရှင်ဖြစ်ပြီး နည်းပညာ မြင့်ပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိက ကားပါကင် ပြဿနာကို ဖြေရှင်း နိုင်ဖို့ ကားပါ ကင်တွေပါ ပါဝင်မှာပါ လို့ တင်ဒါ အောင်မြင်တဲ့ MKT ဆောက်လုပ်ရေးကုမ္ဗဏီလီမိတက်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါ တယ်။
'အစိုးရသက်တမ်းမှာ ကျွန် တော်တို့ စီမံကိန်းတစ်ခုကို အ ကောင်အထည်ဖော်မယ်ဆိုရင် နှစ်နှစ်ခွဲသက်တမ်းရောက်မှ လက်တွေ့ မြေပြင်ကို စတင်နိုင်တဲ့အခြေ အနေဖြစ်ပါတယ်၊ ဒီနေရာဟာဆို ရင် မြစ်ထိပ်လို့ နေရာတစ်ခုလဲ ဖြစ် ပါတယ်၊ အိမ်ရာစီမံကိန်းဟာ မြစ်သုံးမြစ်ရဲ့ထိပ်မှာ ရှိပါတယ်၊ ဒါကြောင့် အဆောက်အအုံပေါ်ကနေ ရန်ကုန်မြစ်ကို ကြည့်နိုင်မယ်၊ အ ဆောက်အအုံ ပေါ်ထွက်လာခဲ့ရင် ပြည်သူတွေကို စိတ်ချမ်းသာမှုပေး ချင်တယ်၊ သူတို့ရဲ့ လူမှုဘဝကို မြှင့် တင်ပေးခြင်းဟာ နိုင်ငံတိုးတက်မှုကို ပြောင်းလဲပေးခြင်းဖြစ်တယ်' လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောပါတယ်။
Yangon Metropolitan Development Public ကုမ္ဗဏီအနေနဲ့ ရန်ကုန်မြို့ရဲ့ အိမ်ရာစီမံကိန်းတွေ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် အားစိုက်ခဲ့ပြီး အဲသည်အပေါ်မှာ အဲသည်အပေါ်မှာ အမြင် အမျိုးမျိုးရှိခဲ့တယ်။ YMDP ကုမ္ဗဏီဟာ အစိုးရရဲ့ စီမံကိန်းအကုန်လုံးကို ကိုင်တွယ်တော့မှာလားဆိုတဲ့ အမြင်တွေ့လည်းရှိခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်ပြီးပြောကြားခဲ့ပါတယ်။
စီမံကိန်းအတွက် Master Plan & Concept Desing ရေးဆွဲရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် က ဗိသုကာယှဉ်ပြိုင်မှုတင်ဒါခေါ် ယူခဲ့ပါတယ်။ တိုက်အမှတ် (၁) ကို ၂၀၁၈ ခုနှစ်ဇွန်လမှာ စတင်ဖျက်သိမ်းခဲ့ပြီး မူလနေထိုင်သူတွေ ပြန် လည်နေရာချထားပေးမှာ ဖြစ်ပါတယ်။အဆောက်အအုံတည်ဆောက် ရေးတင်ဒါကို ၂၀၁၈ ခုနှစ် အောက် တိုဘာ ၁၈ ရက်မှာ တင်ဒါခေါ်ယူခဲ့ ပြီး MKT Constr uction က တင် ဒါ အောင်မြင်ခဲ့ကြောင်း သိရပါ တယ်။ ရှစ်ခန်းတွဲ ၁၂ ထပ် အ ဆောက်အအုံကို ကနဦးတည် ဆောက်မှာဖြစ်ပြီး အခန်းပေါင်း ၁၇၈ ခန်းအတွက် အသုံးပြုနိုင်ဖို့ ကားစီးရေ ၃၇၈ စီး ရပ်နားနိုင်မယ့် ခြောက်ထပ်အဆောက်အအုံတစ်လုံး၊ ဓာတ်လှေကားလေးစင်း ပါဝင် မှာ ဖြစ်ပါတယ်။ နေထိုင်သူတွေကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းမှာ အပြီးသတ်နေရာချထားပေးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
စီမံကိန်းအတွက် Master Plan & Concept Desing ရေးဆွဲရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် က ဗိသုကာယှဉ်ပြိုင်မှုတင်ဒါခေါ် ယူခဲ့ပါတယ်။ တိုက်အမှတ် (၁) ကို ၂၀၁၈ ခုနှစ်ဇွန်လမှာ စတင်ဖျက်သိမ်းခဲ့ပြီး မူလနေထိုင်သူတွေ ပြန် လည်နေရာချထားပေးမှာ ဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties