By Myanmar Times, Shweproperty.com
Updated at 25 November 2015
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ လူမဆန် တဲ့ အထပ်မြင့်တိုက်တွေ အများအပြားပဲ ပေါ်ထွက် လာခဲ့တယ်" လို့ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်။ လူမဆန်ဘူးလို့ သုံးနှုန်းလိုက်တာကတော့ လက်ညှိုးထိုးမလွဲမြင်တွေ့ရမယ့် ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ရန်ကုန်မြို့ ပေါ်က အထပ်မြင့် အဆောက်အအုံတွေကိုဖြစ်ပါတယ်။
"တွေ့တဲ့အတိုင်း ဒီတိုက်တွေဟာ တစ်ခုနဲ့ တစ်တိုက် ကပ်လွန်းအားကြီးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဒီလိုတိုက်တွေ အများ ကြီးပဲပေါ်ထွက်လာခဲ့တယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းလုပ် ဆောင်တဲ့ Private Public Partnership (PPP) လို့ခေါ်တဲ့ စနစ်အရ ပုဂ္ဂလိကကုမ္ပဏီတွေက များများမြတ်တဲ့ ဒီလို တိုက်မျိုးတွေ အများကြီးပဲ ဆောက်ခဲ့ကြ တယ်" လို့ ဒေါက်တာကျော်လတ် က ပြောတယ်။ လူနေထိုင်တဲ့ အထပ်မြင့်တိုက်တွေမှာ ကားရပ်စရာနေရာတွေ ထည့်သွင်းပေး မထား ခြင်း၊ ကလေးငယ်တွေအတွက် ဆော့ကစားစရာ နေရာမရှိခြင်း၊ နေထိုင်သူတွေအတွက် စနစ် ကျတဲ့ အမှိုက်စွန့်ပစ်ပုံစံမရှိ ခြင်း၊ အဆောက်အအုံတစ်ခုနဲ့ တစ်ခုကြား ရှိသင့်တဲ့ အကွာ အဝေးမရှိခြင်း စတာတွေဟာ လူသားမဆန်ဘူးလို့ ပြော စရာဖြစ် လာတယ်လို့ သူက ပြောပါ တယ်။
"လူလတ်တန်းစားအများစုဟာ ဒီစနစ်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေကြ တယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဆောက်ထားတဲ့ အဆောက်အအုံတွေဟာ ပြတင်းပေါက် အလုံအလောက်မရှိ တော့ သဘာဝအလင်းရောင် အပြည့်အ၀ မရနိုင်ဘူး။ ပြီးတော့ လေဝင်လေ ထွက်လည်း မကောင်းပါဘူး။ လူနေထိုင်တဲ့ နေရာတစ်ခု ဆိုတာ သင့်လျော်တဲ့ လေဝင်လေထွက် စနစ် ရှိကိုရှိရပါမယ်။ ဥပမာပြောရရင် အိမ်သာ မှာ လေဝင်လေထွက်ပေါက် တစ်ပေါက် ရှိသင့်တာ မျိုးပေါ့" လို့ ဒေါက်တာကျော်လတ် က ပြောတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာ နည်းဥပဒေများအရ အဆောက်အအုံ ဆောက် လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ကန်ထရိုက် တာတွေဟာ လျှပ်စစ် မီတာ တပ်ဆင်ခြင်း၊ ထရန်စီဖော်မာတပ်ဆင်ခြင်း၊ အရေးပေါ် ထွက်ပေါက်တပ်ဆင်ခြင်း၊ ရေဆိုး စွန့်ပစ်ခြင်း နဲ့ အမှိုက်စွန့်ပစ်စနစ်၊ မီးဘေးလုံခြုံရေးစနစ်၊ လမ်းတံတားဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်း ၍ သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပေမယ့် လက်ရှိ လူလတ်တန်းစားတွေနေထိုင်နေကြရတဲ့ အထပ်မြင့်အဆောက်အအုံတွေဟာ အဓိကကျ တဲ့အခြေခံစနစ်တွေ ရှိမနေတာကို တွေ့ရမှာပါ။ "လက်ရှိ ကျွန်မနေတဲ့ တိုက်ကခုနစ်ထပ် ရှိတယ်။
ဒါပေမဲ့ အရေးပေါ်ထွက်ပေါက်တို့၊ မီးသတ်လှေကားတို့ မပါပါဘူး။ အရင်ငှားနေခဲ့တဲ့ တိုက်မှာတော့ နောက်ဖေးမှာ အရေးပေါ် လှေကားပါတယ်။ ဒါပေမဲ့ သံချောင်းသေး သေးလေးတွေနဲ့ အဖြစ်လုပ် ထားတာ" လု့ိ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်သီရိက ပြောတယ်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties