By Myanmar Builders Guide, Shweproperty.com
Updated at 7 November 2019
#Unicode
ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီမှ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ကွန်ဒိုမီနီယံ အဆောက်အအုံ အဆင့်ရှိ၊ မရှိယခုနှစ်မကုန်ခင် နိုင်ဝင်ဘာလအတွင်း စိစစ်ပြီး သတ်မှတ်ချက်မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း ၂၄ ခုရှိရာတွင် ၁၅ ခု လောက်ကစတင်နေပြီဖြစ်ကြောင်း၊အခန်းတွင်း တန်ဖိုးကိုတွက်ချက်ပြီး အကြမ်းဖျင်းတွဲတင်ရမှာဖြစ်ကြောင်း၊ ခံဝန်ထိုးပြီးလျှင်လိုအပ်သည်များကိုစိစစ်ပြီး ကွန်ဒိုမီနီယံကြီးကြပ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ရေးကော်မတီရှိရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီး ဌာနမှရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒိုမီနီယံနှင့် ပတ်သက်သော ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကွန်ဒိုများမှာ အနည်းဆုံး ခြောက်ထပ်နှင့် အထက်ရှိရမည်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၂၀ဝဝဝ စတုရန်းပေ အထက်ရှိသော မြေပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်ကြောင်း၊ကွန်ဒိုဥပဒေသစ်အရ မြေပိုင်ရှင်တစ်ဦးတည်းအမည်ပေါက် မဟုတ်တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကို အပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင်မြေ မှ အများပိုင်မြေအဖြစ်လွှဲပြောင်းရမည်ဖြစ်ကြောင်း သိရသည်။
#Zawgyi
ရန္ကုန္တိုင္းေဒသႀကီး ကြန္ဒိုမီနီယံႀကီးၾကပ္ေရးေကာ္မတီမွ ေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲ ကြန္ဒိုမီနီယံ တိုက္ခန္းမ်ားကို ကြန္ဒိုမီနီယံ အေဆာက္အအုံ အဆင့္ရွိ၊ မရွိယခုႏွစ္မကုန္ခင္ ႏိုင္ဝင္ဘာလအတြင္း စိစစ္ၿပီး သတ္မွတ္ခ်က္မျပည့္မီပါက ကြန္ဒိုအေဆာက္အအုံအျဖစ္မွပယ္ဖ်က္မည္ျဖစ္ေၾကာင္း သိရသည္။
စီမံကိန္း ၂၄ ခုရွိရာတြင္ ၁၅ ခု ေလာက္ကစတင္ေနၿပီျဖစ္ေၾကာင္း၊အခန္းတြင္း တန္ဖိုးကိုတြက္ခ်က္ၿပီး အၾကမ္းဖ်င္းတြဲတင္ရမွာျဖစ္ေၾကာင္း၊ ခံဝန္ထိုးၿပီးလွ်င္လိုအပ္သည္မ်ားကိုစိစစ္ၿပီး ကြန္ဒိုမီနီယံႀကီးၾကပ္ေရး ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ႏွင့္ စတင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ကြန္ဒိုမီနီယံဥပေဒကို အေကာင္အထည္ေဖာ္နိုင္ရန္ ႀကီးၾကပ္ေရးေကာ္မတီရွိရန္အတြက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္က ေဆာက္လုပ္ေရးဝန္ႀကီး ဌာနမွရန္ကုန္တိုင္းေဒသႀကီး၏ ကြန္ဒိုမီနီယံႏွင့္ ပတ္သက္ေသာ ႀကီးၾကပ္ေရးေကာ္မတီကို ဖြဲ႕စည္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ကြန္ဒိုမ်ားမွာ အနည္းဆုံး ေျခာက္ထပ္ႏွင့္ အထက္ရွိရမည္ျဖစ္ၿပီး အက်ယ္အဝန္းအားျဖင့္ ၂၀ဝ၀ဝ စတုရန္းေပ အထက္ရွိေသာ ေျမေပၚတြင္ တည္ေဆာက္ထားရမည္ျဖစ္ေၾကာင္း၊ကြန္ဒိုဥပေဒသစ္အရ ေျမပိုင္ရွင္တစ္ဦးတည္းအမည္ေပါက္ မဟုတ္ေတာ့ဘဲ စီမံခန္႔ခြဲေရးေကာ္မတီထံတြင္ ယင္းေျမကို အပ္ႏွံရမည္ျဖစ္ၿပီး တစ္ဦးတစ္ေယာက္ပိုင္ေၿမ မွ အမ်ားပိုင္ေျမအျဖစ္လႊဲေျပာင္းရမည္ျဖစ္ေၾကာင္း သိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties