By Sint Sint, Shweproperty.com
Updated at 23 September 2020
Quarantine ကာလ (၁၄)ရက်ပြည့်မြောက်ပြီး နောက်ထပ် (၇)ရက်အတွင်း သင့်အတွက် ပိုမို စိတ်ချရစေရန်နှင့် အခြားသူများထံမှ သင့်ထံသို့ (သို့) သင်မှတစ်ဆင့် မိသားစုဝင်များ / အခြားသူများထံသို့ (COVID-19)ရောဂါ ကူးစက်ခြင်း မရှိစေရန် အောက်ပါ အချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ပါ။
- Quarantine Centre မှ ပြန်မည့်သူများကို လာရောက်ခေါ်ဆောင်ရာတွင် လူအများအပြားဖြင့် လာရောက်ခေါ်ဆောင်ခြင်း ၊ပွေ့ဖက် နှုတ်ဆက်ခြင်းတို့ကို လုံးဝ မပြုလုပ်ရပါ။
- မိမိနေအိမ်သို့ ပြန်သည့် လမ်းတစ်လျှောက်တွင် ခွဲစိတ်ခန်းသုံးပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) ဖြင့် ပါးစပ်နှင့် နှာခေါင်းကို မဖြစ်မနေ လုံခြုံအောင် ဖုံးအုပ်ပါ။နှာချေ ၊ချောင်းဆိုးရာတွင် တစ်ရှူး အသုံးပြုပါ။ အသုံးပြုပြီး တစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။
- မိမိနေအိမ်သို့ ပြန်ရာတွင် ဖြစ်နိုင်ပါက မှန်အလုံပိတ်ထားသော ယာဉ်များနှင့် အများသုံးယာဉ်များကို လုံးဝ အသုံးမပြုပါနှင့်။Air Con အသုံးပြုသော ယာဉ်ဖြစ်ပါက တံခါးများကို ဖွင့်ထားပါ။ လမ်းခရီးတွင် အများသုံး ယာဉ်ရပ်နားစခန်းများနှင့် စားသောက်ဆိုင်များ ၊စသည့် လူအများ စုဝေးရာနေရာတို့တွင် ရပ်နားခြင်းမှ ရှောင်ကြဉ်ပါ။
- မိမိနေအိမ်သို့ ပြန်ရောက်ပြီး (၇)ရက်အတွင်း မိမိနေအိမ်တွင်သာ နေပါ။
- အိမ်တွင် လေဝင် လေထွက် ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။
- တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများ ( ပန်းကန်ခွက်ယောက် ၊မျက်နှာသုတ်ပဝါ ၊အိပ်ယာခင်း ၊ခေါင်းအုံးစွပ် စသည်)များကို သီးသန့်ထားရှိပါ။
- အိမ်သားများနှင့်အတူ ရောနှောနေထိုင်ခြင်းမပြုပဲ တစ်ဦးနှင့်တစ်ဦး ၂ မီတာ (၆) ပေခန့် အကွာတွင် နေထိုင်ပါ။ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်။ မိတ်ဆွေများနှင့် မိုဘိုင်းဖုန်း (သို့) Online မှသာ ဆက်သွယ်ပြောဆိုပါ။
- မိမိ၏ မိသားစု (သို့) အခြားသူများနှင့် အနီးကပ် နေထိုင်ပြောဆိုခြင်း လုံးဝ ရှောင်ကြဉ်ပါ။မဖြစ်မနေ ပြောဆိုရပါက ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) ဖြင့် ပါးစပ်နှင့်နှာခေါင်းကို လုံခြုံအောင် ဖုံးအုပ်ပြီး (၆) ပေခန့် အကွာမှ ပြောဆိုပါ။
- အိမ်ရှိ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် လက်ကို စနစ်တကျ ဆေးကြောပါ။အကယ်၍ ဆပ်ပြာနှင့် ရေ မရနိုင်ပါက အနည်းဆုံး အယ်လ်ကိုဟော ၆၀% ပါ ရေမလို လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။
- နှာချေ ၊ချောင်းဆိုးသည့်အခါတိုင်း တစ်ခါသုံးတစ်ရှူးကို အသုံးပြုပါ။ အသုံးပြုပြီးသော တစ်ရှူး ၊Surgical Mask တို့ကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးပါ။
- ဖျားခြင်း ၊ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း ၊ချောင်းဆိုးခြင်း ၊အသက်ရှုရ ခက်ခဲခြင်း စတဲ့ လက္ခဏာများ ပေါ်ပေါက်လာပါက ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်းတပ်ပါ။ထို့နောက် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပါ။
- လူစုလူဝေး ရှိသော နေရာများသို့ လုံးဝ (လုံးဝ) သွားရောက်ခြင်း မပြုရပါ။ဤအချက်သည် အလွန်အရေးကြီးပါ၍ လုံးဝသတိပြု ရှောင်ကြဉ်ပါ။
Credit : Ministry Of Health and Sports
Photo Credit : Frontiermyanmar
Posted By : Sint Sint (ShweProperty.com)
Zawgyi Version
Quarantine ကာလ (၁၄)ရက္ျပည့္ေျမာက္ၿပီး ေနာက္ထပ္ (၇)ရက္အတြင္း သင့္အတြက္ ပိုမို စိတ္ခ်ရေစရန္ႏွင့္ အျခားသူမ်ားထံမွ သင့္ထံသို႔ (သို႔) သင္မွတစ္ဆင့္ မိသားစုဝင္မ်ား / အျခားသူမ်ားထံသို႔ (COVID-19)ေရာဂါ ကူးစက္ျခင္း မရွိေစရန္ ေအာက္ပါ အခ်က္မ်ားကို တိက်စြာ လိုက္နာ ေဆာင္႐ြက္ပါ။
- Quarantine Centre မွ ျပန္မည့္သူမ်ားကို လာေရာက္ေခၚေဆာင္ရာတြင္ လူအမ်ားအျပားျဖင့္ လာေရာက္ေခၚေဆာင္ျခင္း ၊ေပြ႕ဖက္ ႏႈတ္ဆက္ျခင္းတို႔ကို လုံးဝ မျပဳလုပ္ရပါ။
- မိမိေနအိမ္သို႔ ျပန္သည့္ လမ္းတစ္ေလွ်ာက္တြင္ ခြဲစိတ္ခန္းသုံးပါးစပ္ႏွင့္ႏွာေခါင္းစည္း (Surgical Mask) ျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းကို မျဖစ္မေန လုံၿခဳံေအာင္ ဖုံးအုပ္ပါ။ႏွာေခ် ၊ေခ်ာင္းဆိုးရာတြင္ တစ္ရႉး အသုံးျပဳပါ။ အသုံးျပဳၿပီး တစ္ရႉးကို အမႈိက္ပုံးထဲသို႔ စနစ္တက် စြန႔္ပစ္ပါ။
- မိမိေနအိမ္သို႔ ျပန္ရာတြင္ ျဖစ္ႏိုင္ပါက မွန္အလုံပိတ္ထားေသာ ယာဥ္မ်ားႏွင့္ အမ်ားသုံးယာဥ္မ်ားကို လုံးဝ အသုံးမျပဳပါႏွင့္။Air Con အသုံးျပဳေသာ ယာဥ္ျဖစ္ပါက တံခါးမ်ားကို ဖြင့္ထားပါ။ လမ္းခရီးတြင္ အမ်ားသုံး ယာဥ္ရပ္နားစခန္းမ်ားႏွင့္ စားေသာက္ဆိုင္မ်ား ၊စသည့္ လူအမ်ား စုေဝးရာေနရာတို႔တြင္ ရပ္နားျခင္းမွ ေရွာင္ၾကဥ္ပါ။
- မိမိေနအိမ္သို႔ ျပန္ေရာက္ၿပီး (၇)ရက္အတြင္း မိမိေနအိမ္တြင္သာ ေနပါ။
- အိမ္တြင္ ေလဝင္ ေလထြက္ ေကာင္းေစရန္ ျပတင္းေပါက္မ်ားကို ဖြင့္ထားပါ။
- တစ္ကိုယ္ေရ အသုံးအေဆာင္ပစၥည္းမ်ား ( ပန္းကန္ခြက္ေယာက္ ၊မ်က္ႏွာသုတ္ပဝါ ၊အိပ္ယာခင္း ၊ေခါင္းအုံးစြပ္ စသည္)မ်ားကို သီးသန႔္ထားရွိပါ။
- အိမ္သားမ်ားႏွင့္အတူ ေရာေႏွာေနထိုင္ျခင္းမျပဳပဲ တစ္ဦးႏွင့္တစ္ဦး ၂ မီတာ (၆) ေပခန႔္ အကြာတြင္ ေနထိုင္ပါ။ အိမ္တြင္ ဧည့္သည္လက္ခံျခင္း လုံးဝမျပဳပါႏွင့္။ မိတ္ေဆြမ်ားႏွင့္ မိုဘိုင္းဖုန္း (သို႔) Online မွသာ ဆက္သြယ္ေျပာဆိုပါ။
- မိမိ၏ မိသားစု (သို႔) အျခားသူမ်ားႏွင့္ အနီးကပ္ ေနထိုင္ေျပာဆိုျခင္း လုံးဝ ေရွာင္ၾကဥ္ပါ။မျဖစ္မေန ေျပာဆိုရပါက ခြဲစိတ္ခန္းသုံး ပါးစပ္ႏွင့္ႏွာေခါင္းစည္း (Surgical Mask) ျဖင့္ ပါးစပ္ႏွင့္ႏွာေခါင္းကို လုံၿခဳံေအာင္ ဖုံးအုပ္ၿပီး (၆) ေပခန႔္ အကြာမွ ေျပာဆိုပါ။
- အိမ္ရွိ အမ်ားသုံးပစၥည္းတစ္ခုကို မကိုင္တြယ္မီႏွင့္ ကိုင္တြယ္ၿပီးတိုင္း ဆပ္ျပာႏွင့္ေရကို အသုံးျပဳ၍ အနည္းဆုံး စကၠန႔္ (၂၀)ၾကာေအာင္ လက္ကို စနစ္တက် ေဆးေၾကာပါ။အကယ္၍ ဆပ္ျပာႏွင့္ ေရ မရႏိုင္ပါက အနည္းဆုံး အယ္လ္ကိုေဟာ ၆၀% ပါ ေရမလို လက္သန႔္စင္ေဆးရည္ကို အသုံးျပဳပါ။
- ႏွာေခ် ၊ေခ်ာင္းဆိုးသည့္အခါတိုင္း တစ္ခါသုံးတစ္ရႉးကို အသုံးျပဳပါ။ အသုံးျပဳၿပီးေသာ တစ္ရႉး ၊Surgical Mask တို႔ကို အဖုံးပါေသာ အမႈိက္ပုံးထဲသို႔ စနစ္တက် စြန႔္ပစ္ပါ။ၿပီးလွ်င္ စနစ္တက် လက္ျပန္ေဆးပါ။
- ဖ်ားျခင္း ၊႐ုတ္တရက္ အနံ႔အရသာ ေပ်ာက္ဆုံးျခင္း ၊ေခ်ာင္းဆိုးျခင္း ၊အသက္ရႈရ ခက္ခဲျခင္း စတဲ့ လကၡဏာမ်ား ေပၚေပါက္လာပါက ခြဲစိတ္ခန္းသုံး ပါးစပ္ႏွင့္ႏွာေခါင္းစည္းတပ္ပါ။ထို႔ေနာက္ နီးစပ္ရာ က်န္းမာေရးဌာနသို႔ ခ်က္ခ်င္း ဆက္သြယ္အေၾကာင္းၾကားပါ။
- လူစုလူေဝး ရွိေသာ ေနရာမ်ားသို႔ လုံးဝ (လုံးဝ) သြားေရာက္ျခင္း မျပဳရပါ။ဤအခ်က္သည္ အလြန္အေရးႀကီးပါ၍ လုံးဝသတိျပဳ ေရွာင္ၾကဥ္ပါ။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties