By Ra Wai, Shweproperty.com
Updated at 4 February 2022
အိမ်တွင်းနေကြွက်တွေဟာ မသန့်ရှင်းတာမှန်ပေမယ့် လမ်းပေါ်မှာနေပြီး တွေ့ကရာကောက်စားတတ်တဲ့ မြေကြွက်တွေလိုတော့ လူူ့ကျန်းမာရေးထိခိုက်စေလောက်တဲ့အထိ အန္တရာယ်မရှိပါဘူး။ အိမ်ကြွက်တွေဟာ အိမ်ထဲမှာရှိတဲ့ အစားအသောက်တွေကို မွှေနှောက်ရှာဖွေစားသောက်တတ်ြပ်ီး တစ်ခါတစ်လေမှာ လျှပ်စစ်ဝါယာကြိုးတွေကိုမကျန် ကိုက်ဖြတ်စားသောက်တတ်ပါသေးတယ်။ အိပ်ရာခင်းတွေ၊ အကျႌအဝတ်အထည်တွေကိုလည်း အပေါက်တွေဖြစ်အောင် ကိုက်ဖြတ်တဲ့အထိ ဆိုးဝါးလွန်းတဲ့ ကြွက်တွေပါ။ သူတို့တွေကို အစားအသောက်နဲ့မျှားလို့ လွယ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ စားကြွင်းစားကျန်လေးတွေ ချထားတာ၊ မုန့်အစအနလေးတွေ ချပေးထားရင် သူတို့က လာစားတတ်ပါတယ်။ အိမ်မှာ ကြွက်တွေလာရတဲ့အကြောင်းရင်းက များသောအားဖြင့် အိမ်ကိုသန့်ရှင်းစွာ မထားလို့ဖြစ်တတ်ပါတယ်။ အေးမြတဲ့ရာသီဥတုတွေမှာဆိုရင်လည်း ကြွက်တွေက အိမ်ထဲမှာအနွေးဓာတ်ရတာကြောင့် စားကျက်အသစ်ရှာတဲ့အနေနဲ့ လူနေအိမ်တွေ၊ တိုက်ခန်းတွေဆီ ပြောင်းလာတတ်ပြန်ပါတယ်။ ကြွက်တွေကြောင့် တချိန်လုံးစိတ်အနှောင့်အယှက်ဖြစ်ရပြီး ကြွက်မောင်းထုတ်ချင်သူတွေအတွက် အသုံးဝင်လိမ့်မယ်လို့ထင်ရတဲ့ နည်းလမ်းလေးတွေကို ဗဟုသုတအလို့ငှာ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကြွက်ထောင်ချောက် ကြွက်ထောင်ချောင်ဆင်ပြီး ကြွက်ဖမ်းတဲ့နည်းကတော့ အများသူငါနဲ့ရင်းနှီးပြီးဖြစ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ထောင်ချောက်တစ်ခုထဲ ချထားရုံနဲ့တော့အရာမထင်ပါဘူး။ ထောင်ချောက်သုံးလေးခုလောက်ကို ကြွက်လာနိုင်တဲ့နေရာတွေမှာ ထားပေးနိုင်ပါတယ်။ ထောင်ချောက်ထဲမှာ ကြွက်တွေ သွားရေယိုနိုင်လောက်တဲ့ အနံ့ရှိတဲ့အစာထည့်ပြီး မျှားပေးဖို့လိုပါတယ်။ ၂။ ကြွက်ပြေးစက် ပြီးခဲ့တဲ့နှစ်အတောအတွင်း လျှပ်စစ်လှိုင်းအသံလှိုင်းတွေလွှတ်ပြီး ကြွက်နှိမ်နင်းတဲ့စက်တွေ ခေတ်စားလာပါတယ်။ စက်ကလာတဲ့အသံလှိုင်းတွေက တစ်ခန်းလုံးကို လွှမ်းခြုံထားပြီး ယင်းအသံကို ကြွက်တွေမခံနိုင်ဘူးလို့သိရပါတယ်။ ဒါပေမယ့် လူတွေကတော့ စက်ကထွက်တဲ့အသံကို ကြားရမှာမဟုတ်ပါဘူး။ ၃။ ကြွက်ကပ်ကော် ကတ်ထူပြားပေါ်မှာ ကပ်လို့ရတဲ့ အထူးကြွက်ကပ်ကော်ကို အသုံးပြုနိုင်ပါတယ်။ ကြွက်ကပ်ကော်အများစုက အစွမ်းထက်တာကြောင့် ကော်သုတ်ထားတဲ့ ကတ်ထူဘုတ်ပြားမှာ ကြွက်ကပ်သွားတာနဲ့တစ်ပြိုင်နက် ကြွက်ကပြန်မခွာနိုင်တော့ပါဘူး။ ကြွက်ကပ်ကော်သုံးရင်တော့ တစ်ခါတည်းနဲ့ ကြွက်တွေအများကြီး ဖမ်းမိစေမှာဖြစ်ပါတယ်။ ၄။ ကြောင် အိမ်မှာကြောင်ရှိပေမယ့် ကြောင်ငပျင်းဖြစ်နေတာကြောင့် ကြွက်မဖမ်းပဲ ပျင်းရိလေးတွဲ့စွာနေလို့ စိတ်ရှုပ်ရတဲ့သူတွေရှိမှာပါ။ ဒီအခါမှာဆိုရင် အသိမိတ်ဆွေတစ်ယောက်ဆီကနေ ကြွက်ခုတ်တာတော်တဲ့ကြောင်တစ်ကောင်ကိုသာ အမြန်ဆုံးငှားပြီး ရက်အနည်းငယ်လောက် အိမ်မှာမွေးထားလိုက်ပါ။ ၅။ ပရုတ်ပါတဲ့ဆီ ပရုတ်နံ့ပါတဲ့အဆီတစ်မျိုး ဥပမာအားဖြင့် ပက်ပါမင့် (Peppermint) ဆီကို ကြွက်လာနိုင်တဲ့နေရာတွေနဲ့ အမှိုက်ပုံးနားမှာ အနည်းငယ်လောက လောင်းထားပေးနိုင်ပါတယ်။ ကြွက်တွေက ဒီအနံ့ကို လုံးဝမခံနိုင်ပါဘူး။ ၆။ ငရုတ်သီးဖတ် ငရုတ်သီးခြောက်အဖတ်လေးတွေကလည်း ကြွက်ပြေးစေတယ်လို့ သိရပါတယ်။ ကြွက်တွေစားမယ့် အစာထဲမှာငရုတ်သီးခြောက်လေးတွေရောပြီး ကြွက်တွေ နောက်ထပ်မလာနိုင်အောင် ပညာပေးနိုင်ပါတယ်။ ၇။ ငရုတ်ဆီ ကြွက်တွေဟာ အစပ်သိပ်ကြောက်ပါတယ်။ ကြွက်တွေလာနိုင်တဲ့ကြမ်းပေါ်မှာ သိပ်စပ်တဲ့ငရုတ်ဆီ အချဉ်ရည်တွေကို အစက်တွေချထားရင် ကြွက်တွေ ကြောက်ကြတယ်လို့သိရပါတယ် လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် Credit By: Shwemon Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties