By တင်ရတနာထွန်း, Shweproperty.com
Updated at 12 May 2014
ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကြုံတွေ့ ခဲ့ရသော ရေကြီးရေလျှံမှုမှ ကင်းဝေးစေရန် ကာကွယ်ရေးလုပ်ငန်းများကို ယခုနှစ်မိုးတွင်းကာလအမီ ဆောင်ရွက်ရန် 'ရေကြီးရေလျှံမဖြစ် စေရန် ထိန်းသိမ်းရေးကော်မတီ' ကို ဖွဲ့စည်းထားပြီး ရေတို၊ ရေလတ်နှင့် ရေရှည်စီမံကိန်းများ ခွဲကာ ဆောင်ရွက်လျက်ရှိကြောင်း ကော်မတီလက်ထောက်ညွှန်ကြားရေးမှူး ဦးရဲသူဝင်းက ပြောသည်။
"ရန်ကုန်မြို့မှာ ရေကြီးရေလျှံကာကွယ်ဖို့ ဘာမှမလုပ်ခဲ့တာ နှစ် ၂၀ လောက်ရှိနေပြီ။ ရေကြီးတာက ရန်ကုန်မြို့ရဲ့ မြို့ပြအင်္ဂါရပ်ကို ထိခိုက်စေပြီး မြို့ပြနေထိုင်သူတွေရဲ့ လူမှု ဘဝကို ထိခိုက်စေ တယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတရဲ့ခွင့်ပြုချက်နဲ့ သဘာဝဘေးအန္တရာယ်အတွက် သီးခြားရန်ပုံငွေထဲက ၁၂ ဒသမ ၂၃ ဘီလျံကို ရေကြီးရေလျှံမဖြစ်စေဖို့ကာကွယ်ရေးလုပ်ငန်းတွေအတွက်ဒီနှစ်ပထမဆုံးစတင်သုံးစွဲမှာပါ"ဟု ဦးရဲသူဝင်းကပြောသည်။
ထိုသို့ ရန်ကုန်မြို့နယ်တွင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေးအတွက် သုံးစွဲမည့်အစိုးရရန်ပုံငွေ ၁၂ ဒသမ ၂၃ ဘီလျံမှ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်အတွင်း ၅ ဒသမ ၅ ဘီလျံသုံးစွဲခဲ့ပြီး ဖြစ်ကာ ယခု ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်တွင် ကျန်ငွေ ကို ဆက်လက်သုံးစွဲသွားမည် ဖြစ်သည်။
ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေး ကော်မတီကို ၂၀၁၄ ခုနှစ်၊ ဗဖဖော်ဝါရီလ ၁ ရက်နေ့ကနိုင်ငံတော်သမ္မတရုံးက သီးခြား ကော်မတီအဖြစ် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ျှည် မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နျင့် မြစ်ချောင်း များဖွံ့ညဖိုးတိုးတက်ရေးဦးစီးဌာန၊ မြို့ရွာနျင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့ ပါဝင်ဖွဲ့စည်းထား ခြင်းဖြစ်သည်။
"ဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်းငါးခုပေါင်း ပြီး ရေကြီးရေလျှံထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းတယ်။ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီတွေ၊ ဗဒသခံရပ်မိရပ်ဖတွေနဲ့ မျက်နျာချင်းဆိုင်အပြန်အလှန် ဆွေးနွေးအကြံပြုချက် တွေ ရယူပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု၎င်းကပြောသည်။
မိုးတွင်းကာလ ရေကြီးရေလျှံမဖြစ်စေရန် ရေတိုစီမံကိန်းအဖြစ် မြေအောက်မြောင်းများ တူးဖော်ခြင်းနှင့် ရေကြီးနိုင်မည့် အရင်းအမြစ်နေရာများကို ရှာဖွေပြုပြင် ပေးမည်ဖြစ်ပြီး ထို စီမံကိန်းကို မေလ၃၁ ရက်နေ့အပြီး ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သူ ဦးရဲသူဝင်းက ပြောသည်။
"ရေတိုစီမံကိန်းအဖြစ် မြေအောက်မြောင်း (box culvert) တွေလုပ်တယ်။ ရေကြီးနိုင်မယ့် အရင်းအမြစ်နေရာတွေကိုရှာပြီး ချေမှုန်းတယ်။ ရပ်ကွက်ထဲက စီးထွက်ရမယ့်ရေတွေ အလွယ် တကူစီးနိုင်အောင် လုပ်မယ်။ အမှိုက်စွန့်ပစ်တဲ့ စနစ်တွေကိုလည်း လုပ်သွားမယ်။ ရေလတ်စီမံကိန်းကတော့ လုပ်ရမယ့် အလုပ်တွေကို ပြီးစီးအောင်၊ ဒီဆောင်ရွက်မှုတွေ ယန္တရားလည်ပတ်သလိုလည်နေအောင် လုပ်မယ်။ ရေတို စီမံကိန်းက အချိန်သုံးလပဲရတော့ လုပ်ငန်းတွေအားလုံးမပြီးရင်ရေလတ် စီမံကိန်းမှာ ဆက်လုပ် မယ်။ ရေရှည်စီမံကိန်းကတော့ နောက်နှစ်တွေမှာလည်း ဒီလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ် ဆောင်ဖို့ပါ"ဟု ဦးရဲသူဝင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
ယခုနှစ် မိုးရာသီမတိုင်မီ လိုအပ်သော နေရာများတွင် မြေအောက်မြောင်းများကို ပြီးစီး အောင်ပြုလုပ်မည်ဖြစ်ကြောင်းနျင့် ယခုအချိန်တွင် တူးဖော်ရမည့် မြေအောက် မြောင်းများ၏ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနျင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးခင်ဇော်ကပြောသည်။
ရန်ကုန်မြိုကနယ်တွင် ရေကြီးရေလျှံထိန်းသိမ်း ကာကွယ်ရန် ရေတိုစီမံကိန်းအဖြစ် သုံးလသာအချိန်ရသည့်အတွက် ရေစီး ကောင်းမွန် စေရန် အရေးကြီးသော နေရာများဖြစ်သည့် မြစ်ချောင်းများနှင့် ကပ်လျက်ရှိသော ဒဂုံမြိုကသစ် လေးမြိုကနယ်ကို အဓိကထားဆောင်ရွက်သွား မည်ဖြစ်သည်။
"ရန်ကုန်မြိုကနယ်မှာ ရေမကြီးစေဖို့ မြစ်ချောင်း တွေဆီသွားတဲ့ ရေစီးတံခါးတွေ၊ မြောင်းတွေ ရှိတဲ့ရင်းမြစ်နေရာတွေဖြစ်တဲ့ ဒဂုံလေးမြိုကနယ် ကို အရင်ရှင်းလင်း တဲ့သဘောပါ။ ရေစီးရေလာမကောင်းတဲ့ မြောင်းတွေကို တိုးချဲ့ ဖောက်လုပ် တဲ့အပြင် မြစ်ချောင်းတွေမှာ သောင်တူးတာတွေလည်း လုပ်တယ်။ ရေမကြီးဖို့ လိုအပ်တာတွေ၊ တွက်ချက် တင်ပြလာတာတွေကို သေချာဆွေးနွေးအကြံပြုချက်ရယူပြီး အကောင်အထည်ဖော်တာပါ"ဟု ၎င်းကပြောသည်။
ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေး ကော်မတီသည် လက်ရှိအချိန်အထိ ဌာနဆိုင်ရာ အလိုက်လုပ်ငန်းဆောင်ရွက်မှုများ ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ် ကြောင်း ထိုကော်မတီ၏ ဥက္ကဋ္ဌ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် က ဧပြီလ ၂၇ ရက်နေ့ကကျင်းပသည့် အစည်း အဝေးတွင် ပြောသည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties