By 7 Day Daily, Shweproperty.com
Updated at 21 March 2018
အစိုးရသက်တမ်း ၂ နှစ်အ တွင်း အိမ်ခြံမြေကို ထိန်းသိမ်းခဲ့သဖြင့် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုစနစ်တကျရှိလာကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင်ကျင်းပ သည့် (၄) ကြိမ်မြောက် Myanmar Infrastructure Summit ၌ ပြော ကြားသည်။
‘‘အိမ်ခြံမြေကြောင့် စီးပွားရေး နှောင့်နှေးသွားတာဆိုတာထက် အိမ်ခြံ မြေကြောင့် မြန်မာ့စီးပွားရေးမိုးပျံပူ ဖောင်းပေါက်သလိုမဖြစ်ဖို့ ထိန်းညှိ ခဲ့တာဖြစ်ပါတယ်။
ထိန်းညှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စနစ်တကျဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်နေရတာ ဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ဆောက်လုပ်ရေး ကဏ္ဍနယ်ပယ်နှင့် အိမ်ရာစီမံကိန်းများ စနစ်တက ျဖွံ့ဖြိုးအောင်ဆောင်ရွက် ခြင်းသည် မြန်မာ့စီးပွားရေတည် ငြိမ်မှု ရှိလာစေရန်ဖြစ်ပြီး အိမ်ခြံမြေကဏ္ဍ လှုပ်ခတ်မှုက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ်ဖွံ့ဖြိုးတိုးတက်မှုများကို သက်ရောက်မှုရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။ ထို့ကြောင့် အစိုးရကဘဏ်များ တောင့်တင်းခိုင်မာရန် အိမ်ခြံမြေကို ထိန်းသိမ်းခဲ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် အဆင့်မြင့် အိမ်ရာစီမံကိန်းများအတွက် အိမ်ခန်းလိုအပ်ချက် ရာဂဏန်းရှိပြီး အလယ် အလတ်တန်းစား အိမ်ရာ လိုအပ်မှု ထောင်ဂဏန်းရှိနေ သည်။ အခြေခံလူတန်းစားများ အတွက် အိမ်ရာလိုအပ်ချက် သိန်းချီရှိနေပြီး ရန်ကုန်တိုင်း တစ်ခု တည်းအတွက် အခြေခံအိမ်ရာ လိုအပ်ချက် တစ်သိန်းခွဲရှိကြောင်း ၎င်းကပြောသည်။
၂၀၁၆ မေလက ရန်ကုန်မြို့ မှ ဆောက်လုပ်ရန် ပြင်ဆင်နေ ဆဲ၊ ဆောက်လုပ်ဆဲ အဆောက် အအုံ ၁၈၅ လုံးကို တိုင်းအစိုးရက ပြန်လည်စစ်ဆေးရန် ရန်ကုန်မြို့ တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ် ရေးကော်မတီက ဆောက်လုပ်မှု ရပ်ဆိုင်းစေခဲ့သည်။ အဆိုပါ ကော်မတီတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦး ဆောင်ခဲ့သည်။
ထိုညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေး လောက၌ ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့၌ အထပ်မြင့်အ ဆောက်အအုံရာနှင့်ချီ ရပ်ဆိုင်းခဲ့ သည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties