By Kumudra, Shweproperty.com
Updated at 31 July 2018
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက ရောင်းမှား ဝယ်မှား ပြဿနာတွေ အများကြီး လျော့နည်းသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းက သိရပါတယ်။
အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာတွေမှာ ဇွန်လ၁၅ ရက်က ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ အဆိုပါဥပဒေအရ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန် ယာယီလိုင်စင် (သို့ မဟုတ်) လိုင်စင် ရရှိထားသူဖြစ်ရမယ်။ ယာယီလိုင်စင် သို့မဟုတ် လိုင်စင်မရှိဘဲ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပါက ထောင်ဒဏ်ခြောက်လ၊ ဒဏ်ငွေ ကျပ်သိန်း ၃၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က “ဘာမှမသိဘဲ လုပ်တာထက်စာရင် သိပြီးလုပ်ကိုင်ဆောင်ရွက်ရင် အမှားအယွင်းကင်းတာပေါ့၊ အခုအချိန်မှာ လိုင်စင်ယူစရာမလိုလို့ အကျိုးဆောင်တွေက ထင်သလို ပေါက်ဖွားနေတယ်၊ အဲဒီလူတွေက ဘာမှမသိဘဲ လက်ညှိုးထိုးပြပြီး အကျိုးဆောင်လုပ်တယ်၊ အမှားအယွင်းတွေ့တဲ့အခါ ဝယ်တဲ့ပြည်သူက တရားရုံးရောက်၊ ဌာနဆိုင်ရာရောက် ဖြစ်ရတယ်၊ ဒီလိုမြေယာ ပြဿနာတွေ အများကြီးဖြစ်နေတာရှိတယ်၊ အခုဒီဥပဒေပေါ်လာရင်တော့ ဒီပြဿနာတွေ အများကြီးနည်းသွားမယ်”လို့ ဆိုပါတယ်။
ယာယီလိုင်စင်ရဲ့ သက်တမ်းမှာ သုံးနှစ်ဖြစ်ပါတယ်။ယာယီလိုင်စင်ရှိသူဟာ သုံးနှစ်အတွင်း သတ်မှတ်ထားသော သင်တန်းတက်ပြီးတော့ လိုင်စင်လျှောက်ထားနိုင်သလို ယာယီလိုင်စင်လျှောက်ထားရန် သတ်မှတ်ထားသော တစ်နှစ်သက်တမ်း ကာလကို ကျော်လွန်ပါကလည်း သတ်မှတ်ထားတဲ့ သင်တန်းတွေတက်ကာ လိုင်စင်လျှောက်ထားရယူနိုင်ပါတယ်။
အကျိုးဆောင်တွေအတွက် လက်ရှိအနေအထားကနေ သင်တန်းတွေတက်ပြီး အသိပညာ ဆည်းပူးရတော့မယ်။လိုင်စင်ရယူဖို့ လုပ်ဆောင်လိုက်တဲ့ အချိန်မှာ အဲဒါတွေကနေ အကျိုးဆောင်တွေရဲ့ သဘော၊ ဌာနဆိုင်ရာသဘော၊ လယ်ယာမြေစည်း မျဉ်းစည်းကမ်းတွေ၊ ဥပဒေလုပ်ထုံးလုပ် နည်းတွေ သိလာရင် အကျိုးဆောင်တစ် ယောက်အတွက် အင်မတန်ကောင်းမွန်တဲ့ အနေအထားတစ်ခုဖြစ်လာမယ်။ ဘာမှ မသိဘဲ လုပ်တာထက်စာရင် သိပြီးလုပ်တာက အမှားအယွင်းကင်းတဲ့ အနေအထားတစ်ခုဖြစ်လာမယ်လို့ မြန်မာနိုင်ငံအိမ် ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်က ပြောပါတယ်။
အကျိုးဆောင် လိုင်စင်ရှိသူနဲ့ အရောင်းအဝယ် လုပ်တဲ့အခါ စိတ်ချလက်ချဖြစ်လာမယ်။အရောင်းအဝယ်မှားရင် အကျိုးဆောင်မှာတာဝန်ရှိတာဖြစ်လို့ အကျိုးဆောင်တွေအနေနဲ့ မမှားယွင်းအောင်၊အသိပညာရှိအောင် ကြိုးစားရမယ့် တာဝန်တွေ ရှိလာတယ်လို့ သိရပါတယ်။
Ref : Kumudra
Photo Credit : Thenational
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties