By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 7 June 2018
လက်ရှိအချိန်တွင် အိမ်ခြံမြေကဏ္ဍသည် အေးခဲလျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် အိမ်ခြံမြေကဏ္ဍမြိုင်မြိုင် အသက်ဝင်လာနိုင်သည်ဟု အိမ်ခြံမြေ ကျွမ်းကျင်သူများက မျှော်လင့်ခဲ့သော်လည်း ယခုအချိန်ထိအသက်ဝင် မြိုင်ဆိုင်လာခြင်းမရှိသေးပေ။
၂၀၁၅ ခုနှစ်မှ စတင်ပြီး အိမ်ခြံမြေကဏ္ဍသည် သိသာစွာ အေးစက်ခဲ့သည်။ အိမ်ခြံမြေကဏ္ဍအေးစက်နေသော်လည်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများက ရပ်တန့်မသွားဘဲ တိုးတက်ကောင်းမွန်လျက်ရှိသည်ကိုလည်း တွေ့ရသည်။
အနာဂါတ်တွင် အိမ်ခြံမြေကဏ္ဍတိုးတက်ကောင်းမွန်လာမည်လားဟူသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံသားအိမ်ခြံမြေရင်းနှီးမြှပ်နှံသူများ နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများကလည်း မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်ခြံမြေများ ၊ အဆောက်အအုံများ ထုတ်လုပ်ရန် စိုင်းပြင်လျက်ရှိသည်။
မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွင် အိမ်ခြံမြေကဏ္ဍသည် အဓိက အခန်းကဏ္ဍတစ်ခုဖြစ်သကဲ့သို့ အနာဂါတ်မှာ တိုးပွားလာမည့် မြန်မာနိုင်ငံ၏ လူဦးရေအတွက်လည်း အိမ်ရာ လိုအပ်ချက်များဖြစ်ပေါ်လာမည်ဖြစ်သည်။
ထိုအချက်များကို အခြေခံကာ အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှပ်နှံသူများနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများဈေးကွက်အတွင်း ပြိုင်ဆိုင်မှုအားကောင်းလာပါက အများပြည်များအနေဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိလာပြီး အိမ်ရာပိုင်ဆိုင်မည့် အခွင့်အလမ်းများနှင့်ပိုမိုနီးစပ်လာမည်ဖြစ်သည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃၈၁၀ ဒသမ ၉၂၄ မီလီယံရှိပြီး မတ်လတွင် ၄၉၇၅ ဒသမ ၉၆၇ မီလီယံ နှင့် ဧပြီလတွင် ၄၉၇၈ ဒသမ ၈၄၇ မီလီယံ ရှိကြောင်း ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ၏ စာရင်းတွင်ဖော်ပြထားသည်။
နိုင်ငံသားရင်းနှီးမြှပ်နှံမှုအနေဖြင့် ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၁၆၀ ဒသမ ၈၅၃ မီလီယံ ရှိပြီး ၊ မတ်လတွင် ၁၂၁၆ ဒသမ ၆၄၃ မီလီယံ နှင့် ဧပြီလတွင် ၁၂၄၄ ဒသမ ၈၁၉ မီလီယံရှိသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties