By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 20 June 2018
၂၀၁၂ ခုနှစ်တွင် အိမ်ခြံမြေဈေးများ အဆမတန်မြင့်တက်လာပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမရှိခဲ့ပေ။ ထိုအချိန်က အိမ်ခြံမြေကဏ္ဍသည် ဈေးကွက်အတွင်း ကြီးမားသော လှိုင်းဂယက်ထန်ခဲ့သည်။
ဈေးကွက်အတွင်း အရောင်းအဝယ် သွက်လက်ခဲ့ပြီး အိမ်ခြံမြေဈေးများလည်း အဆမတန်မြင့်တက်ခဲ့သည်။
၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် အိမ်ခြံမြေကဏ္ဍသည် တဖြေးဖြေးအေးခဲလာသည်။ ၂၀၁၆ ခုနှစ်တွင် စုပေါင်းပိုင် အဆောက်အအုံဥပဒေ ခေါ် ကွန်ဒိုမီနီယံဥပဒေ ထွက်ပေါ်လာပါက အိမ်ခြံမြေကဏ္ဍ ပြန်လည် အသက်ဝင် ကောင်းမွန်လာနိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်းနှင့် ပတ်သက်သော အသိုင်းအဝိုင်းတစ်ခုလုံးက ယူဆခဲ့သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စုပေါင်းပိုင်အဆောက်အအုံ ခေါ် ကွန်ဒိုမီနီယံဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဌာန်းခဲ့သည်။ ယင်းဥပဒေတွင် အဆောက်အအုံ၌ နေထိုင်သူများသည် မြေအချိုးကျ ပိုင်ဆိုင်ခွင့်ရမည့် အပြင် နိုင်ငံခြားသား ဝယ်ယူသူများသည်လည်း အိမ်းခန်းများကို ပိုင်ဆိုင်ခွင့်ရခြင်းပင်ဖြစ်သည်။
နိုင်ငံခြားသားများ အိမ်ရာ ပိုင်ဆိုင်ခွင့်ရရှိလာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်ကောင်းမွန်လာပြီး အိမ်ခြံမြေလုပ်ငန်းများ ပြန်လည်းအသက်ဝင်လာမည်ဟု အိမ်ခြံမြေအသိုက်အဝန်းတစ်ခုလုံးက ယူဆထားကြသည်။ သို့သော် ထိုအယူအဆများမှ သွေဖယ်ခဲ့ပြီး ဥပဒေသည် အိမ်ခြံမြေအသိုက်အဝန်းက ယူဆထားသလို ဖြစ်မလာခဲ့ပါ။
၁၉၈၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အကုန်အထိ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၀၅၆ ဒသမ ၄၅၃ မီလီယံရှိခဲ့ပြီး ၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အကုန် အထိ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းမရှိခဲ့။
ထို့နောက် ၂၀၁၃ ခုနှစ်မှ စတင်ပြီး အိမ်ခြံမြေကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၂၆၁ ဒသမ ၉၇၇ မီလီယံ ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းတွင်ဖော်ပြထားသည်။
၂၀၁၈ ခုနှစ် အိမ်ခြံမြေကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်မှုများ ဝင်ရောက်လာကာ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုကောင်းမွန်လာပြီး အများပြည်သူတို့အတွက် ဝန်ဆောင်မှုကောင်းများ ရရှိလာနိုင်သည်ဟု အိမ်ခြံမြေ အသိုက်အဝန်း တစ်ခုလုံးက ပညာရှင်များက ယူဆထားသော်လည်း လက်ရှိတွင် အိမ်ခြံမြေကဏ္ဍသည် ဈေးကွက်အတွင်း အေးခဲနေမြဲဖြစ်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties