By 7 Day Daily, Shweproperty.com
Updated at 2 August 2017
အရောင်းအဝယ် ရပ်တန့်လုနီးပါးဖြစ်ခဲ့သော ရန်ကုန် အိမ်ခြံမြေ ဈေးကွက်သည် အရောင်းအဝယ်အနည်းငယ်ပြန်ဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ အရောင်းအဝယ် ကောင်းလာခြင်းသည် ဇူလိုင်လလယ်ကစ ပြီး နေရာဒေသအလိုက် မူလခေါ် ဈေးထက် ထက်ဝက်ခန့်လျော့ နည်းသည့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အကျိုး ဆောင်များက ဆိုသည်။
ရွှေဈေးမြင့်တက်ခြင်း၊ အစိုးရက ဘတ်ဂျက်ငွေကြေးအချို့ကို စီမံကိန်းများအတွက် ချထားပေးခြင်းစသည်တို့ကြောင့် ဈေးကွက်အတွင်း ငွေကြေးဝင်ရောက်လာသဖြင့် အရောင်းအဝယ်အနည်း ငယ်ဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်ဦးဝင်းစိုးက ရှင်းပြသည်။‘‘အရောင်းအဝယ် ပြန်ဖြစ် လာပေမယ့် ဈေးကတော့ အရင် ခေါ်ဈေး မရဘူး။ တစ်ဝက် လောက်ကို လျှော့ရောင်းနေရ တယ်’’ ဟု ၎င်းကဆိုသည်။
အများစုက ကြိုပွိုင့်စနစ်ဖြင့် ကန်ထရိုက်တိုက်များ ဝယ်ယူထားပြီး ပြန်လည်ရောင်းချလိုသူများက ဈေးလျှော့ရောင်းချနေသဖြင့် အရောင်းအဝယ်ဖြစ်နေသည်။အရင်းပြန်လည်ရရုံဟူသော ရည်ရွယ်ချက်ဖြင့် ဈေးလျှော့ ရောင်းနေသောကြောင့် ကန်ထရိုက်တိုက်ခန်းအချို့သည် ဈေး သက်သာလာပြီး အမှန်တကယ် နေထိုင်မည့်သူများက ဝယ်ယူနေ ကြောင်း ဓနမြေအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင် ဒေါ်ဝင်းဝင်း နွယ်က ရှင်းပြသည်။
ဘဏ်များနှင့်ချိတ်ဆက်ပြီး အရစ်ကျဖြင့် ရောင်းချသော ကန် ထရိုက်တာများ ဈေးကွက်အ မြောက်အမြားပေါ်ထွက်လာပြီး ကြိုပွိုင့်စနစ်ဖြင့်ရောင်းချမှုလျော့ကျလာကြောင်း မြန်မာနိုင်ငံကန်ထရိုက်တာများအသင်းမှ ကိုလားဆယ်က ပြောသည်။ ကျပ်သိန်း ၂၅၀ မှ ၃၀၀ အ ကြားရှိ ကန်ထရိုက်တိုက်ခန်းများ သည် မူလပေါက်ဈေးထက်လျှော့ ချရောင်းချနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က ဆိုသည်။
အထူးသဖြင့် ဆောက်လုပ်ဆဲ ကွန်ဒိုများအရောင်းအဝယ် ကျဆင်းနေရာမှ လျှော့ဈေးအချို့ဖြင့် ရောင်းချခြင်း၊ အရစ်ကျဖြင့် ရောင်းချခြင်းတို့ကြောင့် အရောင်း အဝယ်ပြန်ဖြစ်နေကြောင်းဆို သည်။ ယခုရက်ပိုင်းအတွင်း ထူးခြားမှုအဖြစ် နေပြည်တော်အိမ်ခြံ မြေဈေးကွက်သည် ပိုမိုလှုပ်ရှား နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။ တန်ဖိုးကြီး လုံးချင်းအိမ်ခြံ မြေဈေးကွက်သည် မျှော်မှန်းသကဲ့သို့ အရောင်းအဝယ်ဖြစ်ပေါ် ခြင်းမရှိသေးပေ။
Ref & Photo Credit : 7 Day Daily
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties