By Kumudra, Shweproperty.com
Updated at 26 July 2017
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အတွက် အခွန်ဖြေလျှော့ပေးမှုတွေကြောင့် အိမ်ခြံမြေဈေးကွက် ပွင့်လင်းရာသီမှာ ကောင်းမွန်လာနိုင်မယ်လို့ အကျိုးဆောင်တွေက မျှော်လင့်နေကြပါတယ်။အစိုးရရဲ့ အိမ်ခြံမြေတံဆိပ်ခေါင်းခွန် ဖြေလျှော့ပေးတာတွေ၊ ရာဖြတ်နှုန်းထားတွေ ဖြေလျှော့ပေးတာတွေ၊ ပြည်တွင်းအခွန်ဦးစီးဌာန (ကာလတန်ဖိုး စိစစ်သတ် မှတ်ရေးအဖွဲ့)က တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်တွေကြောင့် အိမ်ခြံမြေဈေးကွက် ကောင်မွန်လာနိုင်ပါတယ်။ ဒါ့အပြင် အိမ်ခြံမြေဝယ်ယူတဲ့အခါ ပေး ဆောင် ရမယ့် ဝင်ငွေခွန်နှုန်းထားတွေ ဖြေလျှော့ပေးဖို့ စီစဉ်ဆောင်ရွက်နေတာတွေကြောင့်လည်း ဈေးကွက်က အကောင်းဘက်ကို ဦးတည်လာပါတယ်။“အစိုးရက ဒီလို အခွန်တွေကို ဖြေလျှော့ပေးတာကြောင့် အိမ်ခြံမြေဈေးကွက်ဟာ ပွင့်လင်းရာသီမှာ ကောင်းမွန်လာနိုင်ပါတယ်၊ အိမ်ခြံမြေဝယ်ယူတဲ့အခါ ပေး ဆောင်ရမယ့် ဝင်ငွေခွန်နှုန်းတွေကို ပြန်ပြီး တော့ အမြန်ဆုံး ဖြေလျှော့ ပေးမယ်ဆိုရင် ဈေးကွက်က ပိုပြီး ကောင်းမွန်လာနိုင်ပါတယ်၊ ဝင်ငွေခွန်နှုန်းထားတွေ အရမ်းမြင့်နေတဲ့အတွက် အခွန်မဆောင်နိုင်လို့ မဝယ် ဖြစ်တဲ့သူတွေ၊ ရင်းနှီးမြှုပ်နှံဖို့ စောင့်ဆိုင်း တေဲ့သူတွေ များပါတယ်၊ လက်ရှိ အခွန် နှုန်းတွေကို ဒီထက်ပိုပြီး လျှော့ချပေးမယ်ဆိုရင် လာမယ့် ပွင့်လင်းရာသီမှာ ဈေးကွက်က ဦးမော့လာမှာ သေချာပါတယ်˘ လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
အခွန်လျှော့ပေး
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်တွင်းအခွန်ဦးစီးဌာန ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မရွှေ့မပြောင်းနိုင်တဲ့ အိမ်ခြံမြေတွေကို ရောင်းဝယ်တဲ့အခါ အခွန်စည်းကြပ်နိုင်ဖို့ အခွန်စည်းကြပ် နှုန်းတွေအတွက် မြေကွက်စံနှုန်းတွေကို ထုတ်ပြန်ကြေညာခဲ့တဲ့အခါ အရင်နှစ်ကထက် လျှော့ချသတ်မှတ်ခဲ့ပါတယ်။
“လက်ရှိ အိမ်ခြံမြေစံနှုန်း ကို လျှော့ချသတ်မှတ်ထားပေမဲ့ မဖြစ်မနေ ဝယ်ယူကြတဲ့ သူတွေပဲ ဝယ်ယူကြပါတယ်၊ ကာလပေါက်ဈေးထက် လျှော့ပြီး ရောင်းတာထက် အရောင်းအဝယ် မဖြစ်တာတွေ ရှိပါတယ်၊ အထူးသဖြင့် ဝင်ငွေနှုန်းထားတွေကို ဖြေလျှော့ပေးစေချင်ပါတယ်၊ ဒါမှလဲ ဝယ်ယူတဲ့သူတွေ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှာပါ” လို့ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကကစပြီး တရုတ် စတော့ဈေးကွက် ကျဆင်းတာတွေ၊ တရုတ်လုပ်ငန်းရှင်တွေ မြန်မာ့စီးပွားရေးကဏ္ဍကို ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း နည်းပါးတာတွေ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှုတွေ စောင့်ကြည့်လာတာတွေကြောင့် မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်ဟာ တဖြည်းဖြည်း အေးစက်လာခဲ့ပါတယ်။ လက်ရှိမှာ အစိုးရအနေနဲ့ အခွန်ဖြေ လျှော့ ပေးတာတွေ ရှိလာတာကြောင့် စောင့်ကြည့်ရမယ့် ဈေးကွက် ဖြစ်လာတယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုမြင့်တက်
မြန်မာ့အိမ်ခြံမြေဈေးကွက်ဟာ ကျဆင်းနေပေမဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ နိုင်ငံတကာက မြန်မာ့အိမ်ခြံမြေဈေးကွက်အတွင်းကို ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုမှု မြင့်တက်နေပြီး စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၃့ ၎ ဘီလျံလောက် ရင်းနှီးမြှုပ်နှံထားပါတယ်။
“အခုဘဏ္ဍာနှစ်မှာဆိုရင် စင်ကာပူနိုင်ငံနဲ့အပြိုင် ဥရောပနိုင်ငံတွေက ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ တာစူနေတယ်၊ ဒီနှစ်မှာ အိမ်ခြံမြေဈေးကွက် ကျဆင်းနေပေမဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက မြင့်တက်ပါတယ်၊ အဆောက်အအုံစီမံကိန်းတွေ ဝင်ရောက်ငှားရမ်း၊ ဝယ်ယူတာတွေ လုပ်လာတယ်၊ အဆင့်မြင့်အိမ်ရာဈေးကွက် ၊ ရုံးခန်းအရောင်းအဝယ်မြင့်တက်လာနိုင်ပါ တယ်၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မယ့် အိမ်ခြံမြေရောင်းဝယ်ငှားတိုးလာနိုင်ပါ တယ်”လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။
မြန်မာ့အိမ်ခြံမြေစီးပွားရေး အားကောင်းလာတာနဲ့ အိမ်ခြံမြေကဏ္ဍတစ်ရပ်ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အခြား စီးပွားရေးလုပ်ငန်း ဦးမော့လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့ နှေးကွေးတဲ့ အိမ်ခြံမြေစီးပွားရေးဈေးကွက် မြင့်မားလာစေဖို့အတွက် ဖြေလျှော့ပေးမှုတွေကို လုပ်ဆောင်နေတာကြောင့် ပွင့်လင်းရာသီအတွက် အိမ်ခြံမြေဈေးကွက်ဟာ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties