By Kumudra, Shweproperty.com
Updated at 16 August 2017
ရန်ကုန်တိုင်းဒေသကြီးအတွက် အခွန်နှုန်းထားတွေကို အရင်နှစ်တွေကထက် လျှော့ချထားတာကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ဦးမော့လာတာကို တွေ့ရတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။
“အိမ်ခြံမြေဈေးနှုန်းမြင့်တာကို အခွန်ကောက်ခံခြင်းနဲ့ အပြည့်အဝထိန်းချုပ်နိုင်မယ်လို့ မထင်ဘူး၊ အခုကတော့ အိမ်ခြံမြေ တွေရဲ့ ပြောင်းလဲလာတဲ့ဈေးနှုန်းနဲ့ ကိုက် ညီမှုရှိပြီး ထိန်းချုပ်မှုရအောင်၊ နောက်ပြီး အခွန်ရဖို့အတွက် သတ်မှတ်တာဖြစ်တယ်၊ ဈေးကွက်မှာ စံနှုန်းကို စောင့်ကြည့်နေတဲ့သူတွေ၊ အမှန်တကယ်နေဖို့ ဝယ်ယူလာသူတွေကို တွေ့ရတယ်၊ ချက်ချင်းကြီး ဈေးကွက်ကတော့ ပြန်ကောင်းမလာသေးဘူး” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအ သင်း (ဗဟို) ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်အတွက် တစ်ပေပတ်လည်စံနှုန်းထားတွေကို သတ်မှတ်ထားပြီး အရောင်းအဝယ်ပြုလုပ်တဲ့အ ခါ အဲသည် စံနှုန်းအတိုင်း ဝင်ငွေခွန်ကို ပေးဆောင်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စံနှုန်းသတ်မှတ်ချက်တွေက ဈေးကွက် ထိခိုက်မှု မရှိပေမဲ့နေဖို့အတွက် ဝယ်သူတွေ၊ ဝင်ငွေခွန် အမှန်ဆောင်သူတွေအတွက် လိုအပ်တယ်လို့ သိရပါတယ်။
ဈေးကွက်အတွင်း အသုံးပြုနေတဲ့ အိမ်ခြံမြေတစ်ပေပတ်လည်စံနှုန်းတွေက ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေဖြစ်ပြီး ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် မြင့်တက်နေပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ နှုန်းထားတွေကတော့ နှုန်းထား လျှော့ချပေးခဲ့တာကြောင့် အမည်ပေါက် ပြောင်းလိုသူတွေအတွက် အဆင်ပြေစေပါတယ်။
ရန်ကုန်၊ မန ္တလေး၊ နေပြည်တော်မှာ ကျပ်သိန်းထောင်ကျော် တန်ဖိုးရှိအိမ်ခြံမြေ အများစု ပြန်ပြီးအရောင်းအဝယ်ဖြစ်ပေါ် နေကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ရုံးခန်းဖွင့်လှစ်ဖို့ အဓိက အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရ ပါတယ်။
ရွှေဈေး၊ ဒေါ်လာဈေး၊ ကားဈေးတွေတက်တဲ့အတွက် အိမ်ခြံမြေဘက်ကို ပိုစိတ် ဝင်စားလာကြတယ်။ အရောင်းအဝယ်အဖြစ်များတာက ကျပ်သိန်း ၁၀,ဝဝဝ အောက်တွေ ဖြစ်တယ်။ ကျပ်သိန်း ၃၀ဝ၀ ကနေ သိန်း ၆၀ဝဝ၊ ၈၀ဝ၀ တန်ဖိုးရှိတဲ့ အိမ် ခြံမြေတွေ အရောင်းအဝယ် ဖြစ်ပါတယ်။
“မန္တလေးမှာဆိုရင် အရောင်းအဝယ် အဖြစ်များတဲ့နေရာတွေကတော့ ၇၈ လမ်း နဲ့ ၆၂ လမ်းကြား၊ ၁၉ လမ်းနဲ့ မနော်ဟရီ လမ်းဘက်တွေမှာ အရောင်းအဝယ်ဖြစ်ပါ တယ်”လို့ မန္တလေးအိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက ကာလရှည် အရောင်းအဝယ်အေးနေတဲ့ အိမ်ခြံမြေဈေးကွက်မှာ နှစ်သစ်မှာ စီးပွားရေးလုပ် ငန်းတွေလုပ်ဖို့ ကုမဏီတွေဖွင့်လှစ်ဖို့ လိုက်လံငှားရမ်း ဝယ်ယူမှုတွေ ပြုလုပ်နေကြောင်း အိမ်ခြံ မြေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အရောင်းအဝယ်ကျဆင်း နေတဲ့ ဆောက်လုပ်ဆဲ အဆင့်မြင့် အိမ်ရာတွေလည်း ဈေးလျှော့ရောင်းချတာတွေ၊ အရစ်ကျနဲ့ ရောင်းချတာကြောင့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းမှာ ထူးခြားမှုအဖြစ် နေပြည်တော် အိမ်ခြံမြေ ဈေးကွက်မှာ ပိုလှုပ်ရှားလာကြောင်း သိရပါတယ်။
အခုတလောမှာ မန ္တလေးမှာ အချက်အချာကျတဲ့ မြေကွက်တွေထက် ကျပ်သိန်း ၁၀ဝ၀ အောက် တန်ဖိုးရှိမြေကွက်တွေ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ မြေဈေးနှုန်းတွေကတော့ ၁၀ ရာ ခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းနေတယ်လို့ သိရပါတယ်။ ယခင်က သိန်း ၉၀ဝ ရှိတဲ့မြေတွေ သိန်း ၆၀ဝ အထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
လတ်တလော အိမ်ခြံမြေအရောင်းအဝယ်အခြေအနေမှာ ဈေးကစားဖို့ ဝယ်ယူသူတွေထက် နေထိုင်မယ့်သူတွေ ဝယ်ယူမှုတွေရှိနေတယ်လို့ သိရပါတယ်။
အိမ်ခြံမြေမြေ ဈေးကွက်ဟာ မကြာခင်အချိန် မှာ ပုံမှန်အနေအထားနဲ့ အရောင်းအဝယ် ဖြစ်ဖို့ မျှော်လင့်နေကြပြီး ဈေးကွက်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ အရောင်းအဝယ် မဖြစ်ပေမဲ့ တည်တည် ငြိမ်ငြိမ်လေးနဲ့ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရ ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties